Uni
"လွန်း...ကိုယ့်တစ်ယောက်တည်း မအိပ်ရဲလို့ပါကွာ..."
လွန်းတို့အိမ်မှာ အခန်း နှစ်ခန်းရှိတာကြောင့် မှိုင်းညို့ကို တစ်ခန်းပေးလိုက်တာဖြစ်သည်။ ဒါပေမဲ့ မှိုင်းညို့ကတစ်ယောက်တည်းအိပ်မရဲဘူးလို့ဆိုကာ လွန်းအခန်းရှေ့တွင် လာအော်နေပြန်သည်။
ချလပ်!
"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ..."
လွန်းတံခါးဖွင့်လိုက်ကာ ပြောလိုက်သည်။
"ကိုယ် မင်းနဲ့ အိပ်ချင်တယ်..."
လွန်း ထိုသူနဲ့ ဖက်ပြိုင်မပြောချင်တော့တာကြောင့်
"ခင်ဗျား လွန်းကို မထိဘူး ဆိုမှ ဝင်ခဲ့."
"မထိပါဘူး ဖက်ရုံဖက်မှာပါ..."
လွန်းမျက်လုံးလှိမ့်လိုက်ကာ
"အဲတာက မထိလို့လား.."
ပြောလို့လဲ နိုင်မည် မဟုတ်တာကြောင့် အတူတူ အိပ်ဖို့ ဖြစ်လာတော့သည်။
.........
"လွန်း~~~"
"ခင်ဗျား မအိပ်နိုင်သေးဘူးလား.."
ကုတင်ပေါ်တွင် လွန်းက မှိုင်းညို့ကို ကျောပေး အိပ်နေကာ မှိုင်းညို့ကတော့လွန်းကျောပြင်ကိုကြည့်နေသည်။
"ကိုယ်အိပ်မပျော်ဘူး.."
"အိပ်မပျော်ရင် ပါးစပ်ပိတ်ထား..."
"လွန်းကလည်းကွာ..ရှုး"
မှိုင်းညို့က လွန်း ကို သိုင်းဖက်ကာ လည်တိုင်လေးကို နမ်းလိုက်သည်။
"ခင်ဗျား..!"
"မင်းကိုယ့်ကိုနည်းနည်း လေးမှစိတ်မဝင်စားဘူးလား"
လွန်း ထိုမေးခွန်းကို မဖြေနိုင်ပါ။ ထိုသူရဲ့ အထိတွေ့တွေကို သူကြိုက်တယ်။ ထိုသူပြောတဲ့စကားတွေက သူ့ရင်ကို ခုန်စေခဲ့ဖူးတယ်။ အရင်က တစ်ခါမှ အဲလို မဖြစ်ခဲ့ဖူးဘူး...ဒါဆိုရင် သူထိုလူကြီးကို စိတ်ဝင်စားနေတယ်လို့ပြောလို့ရလား.....
"လွန်းး..."
"လွန်း မသိဘူး အိပ်ချင်တယ်..."
"မအိပ်နဲ့ အုံးကွာ လွန်း..."