4. ဒုတိယနည်းလမ်းစဉ်းစားမယ်

421 52 25
                                        

(Unicode)

ယူရာတက်နေတဲ့တက္ကသိုလ်ရှေ့အထိ ဂျီမင်းလိုက်ပို့ပေးလိုက်တော့ ယူအာက အပြုံးလေးတွေနဲ့နှုတ်ဆက်လာတယ်...။ သူ့ကိုနိုင်ငံခြားပို့မယ်ဆိုလို့ ငိုယိုသွားပြီးနောက်ပိုင်း ဂျီမင်းကိုရှောင်နေပေမယ့် ဒီနေ့ကျတော့ သူ့ကိုကျောင်းလိုက်ပို့ပေးဖို့ ပုံမှန်အတိုင်းတောင်းဆိုလာတယ်လေ...။

"ယူအာဝင်တော့မယ်နော်... ကိုကြီးလည်းဂရုစိုက်သွားပါ"

"အင်း... တာ့တာ"

ဂျီမင်းကိုနှုတ်ဆက်ပြီးတော့ ကျောပိုးအိတ်လေးကိုလွယ်ကာ ကျောင်းထဲဝင်သွားတဲ့ ယူအာရဲ့ပုံစံလေးက ဖြူ‌ဖျော့ဖျော့လေးနဲ့မို့ သိပ်တော့အားရစရာမကောင်းပါ...။ ဆယ်ကျော်သက်လေးဖြစ်ပေမယ့် ယူအာက တက်ကြွမှုသိပ်မရှိပေ...။

ဂျီမင်းလည်းသက်ပြင်းကိုသာချရင်း ကားလေးကိုမောင်းထွက်လာခဲ့လိုက်တယ်...။ သူ့ဦးတည်ရာ‌ကတော့ ယူအာပြနေကျဆရာဝန်ရှိတဲ့ ဆေးခန်းဆီသို့...။ ကုမ္မဏီကိုက နည်းနည်းနောက်ကျမယ်လို့ ခွင့်တိုင်ထားပြီးသားမို့ ကိစ္စမရှိပါ...။

ယူအာသောက်နေကျဆေးတွေ ကုန်တော့မယ်လို့ ဒေါ်လေးပြောထားတာကြောင့် ဆေးခန်းကိုသွားယူရင်း ယူအာရဲ့အခြေအနေကိုလည်း စစ်ဆေးရမယ်လေ...။ ဆရာဝန်က တစ်လတစ်ကြိမ်ပုံမှန်ပဲ ယူအာရဲ့ကျန်းမာရေးကို စစ်ဆေးပေးတတ်တဲ့သူပေါ့...။

သိပ်မစောင့်လိုက်ရဘဲ ဒေါက်တာနဲ့တွေ့ခွင့်ရတာကြောင့် ဂျီမင်းလည်း အထဲဝင်သွားလိုက်တယ်...။ ဂျီမင်းကိုမြင်တော့ ဒေါက်တာက ပြုံးပြရင်းနှုတ်ဆက်လာတယ်...။

"မတွေ့တာကြာပြီနော်ဂျီမင်း... အရင်လတွေတုန်းက အဒေါ်ဆီမှာပဲ ဆေးတွေထားခဲ့နေကျကို ဂျီမင်းလာယူမယ်ဆိုလို့ မထားခဲ့တာ"

"ဟုတ်တယ်ဒေါက်တာ... ယူအာရဲ့အခြေအနေကိုသိချင်လို့ပါ... အိမ်မှာကျတော့ ဒေါ်လေးလည်းရှိနေလို့လေ"

နှစ်ပေါင်းများစွာခင်လာတဲ့ ဒေါက်တာလီဂျင်ဆိုးက ဂျီမင်းတို့နဲ့ဆို ဆွေမျိုးတွေလိုတောင်ဖြစ်‌နေလေပြီ...။ ဒါကြောင့် ယူအာကိုလည်း သူနဲ့ပဲစိတ်ချလက်ချကုသတာပင်...။

Rewrite The Past (Completed)Where stories live. Discover now