(Unicode)
နေ့စဉ်ထုတ်သတင်းစာတွေရဲ့ ထိပ်ဆုံးမှာပါလာတဲ့ ဒေါက်တာလီဂျင်ဆိုး အသတ်ခံရတဲ့အမှုဟာ လူတော်တော်များများရဲ့ စိတ်ဝင်စားမှုကိုရရှိနေတယ်...။ ဒေါက်တာလီဂျင်ဆိုးက ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ခဲ့တဲ့သူမို့ လူသိများလှတယ်...။
ခုလိုမျိုး ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခံရတဲ့အမှုက ဘယ်လိုအငြိုးအတေးကြောင့်လဲဆိုပြီး စဉ်းစားစရာတွေဖြစ်လို့နေတာပေါ့...။ ထိုသို့လူစိတ်ဝင်စားခံရတာနဲ့အမျှ ရဲတွေကလည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် အမြန်ဆုံးကြိုးစားနေကြတယ်...။
အသံလုံမှန်ခန်းထဲမှာ ဒေါက်တာလီဂျင်ဆိုးအသတ်ခံရတဲ့အမှုရဲ့ တရားခံဖြစ်သူကို လက်ထိပ်ခတ်ကာဖမ်းထားပြီး ဒုရဲအုပ်တစ်ယောက်က စုံစမ်းစစ်ဆေးနေလေတယ်...။
"နာမည်...??"
"ဂန်ထယ်ဝူးပါ"
"အသက်...??"
"၂၈နှစ်"
"ဒေါက်တာလီဂျင်ဆိုးကို မင်းသတ်ခဲ့တယ်ဆိုတာ ဝန်ခံလား...??"
"ဟုတ်ကဲ့... ကျွန်တော်သတ်ခဲ့တာပါ"
ဒုရဲအုပ်က ထွက်ဆိုချက်တွေကိုလိုက်မှတ်နေရင်း သူ့ရှေ့မှာထိုင်နေတဲ့တရားခံကို မပြတ်တမ်းအကဲခတ်နေလိုက်တယ်...။ တည်ကြည်တဲ့မျက်နှာထားနဲ့ ဂန်ထယ်ဝူးဟာ သူလုပ်ခဲ့တဲ့လုပ်ရက်အတွက် နောင်တရတဲ့ပုံစံလည်းမရှိပေ...။
"ဘာဖြစ်လို့သတ်ခဲ့တာလဲ...??"
"ကျွန်တော့်ချစ်သူကို မတော်မတရားကြံလို့ပါ... အဲ့ဒါကြောင့် စိတ်မထိန်းနိုင်ဘဲ သတ်လိုက်မိတာပါ"
"မင်းရဲ့ချစ်သူက ရှင်းယူအာနော်"
"ဟုတ်ပါတယ်"
ဒုရဲအုပ်က မေးခွန်းတချို့ကို ထပ်မံမေးမြန်းပြီးတဲ့နောက်မှာ ထယ်ဝူးကိုပြန်ခေါ်သွားစေပြီး မျက်မြင်သက်သေဖြစ်တဲ့ယူအာ့ကို ထပ်မံစစ်ဆေးမေးမြန်းလေတော့တယ်...။
"ရှင်းယူအာက ဒေါက်တာလီဂျင်ဆိုးဆီမှာ ဆေးကုသမှုခံယူနေခဲ့တာမဟုတ်လား...??"
"ဟုတ်ပါတယ်... ကျွန်တော်က ငယ်ငယ်ကတည်းက ကျန်းမာရေးမကောင်းတဲ့သူမို့ ဒေါက်တာ့ဆီမှာ ဆေးကုနေခဲ့ရတာပါ"
VOCÊ ESTÁ LENDO
Rewrite The Past (Completed)
FanficQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။
