8. ပိုင်ရှင်ရှိတဲ့သူကို စိတ်ဝင်စားလို့ရလား

448 45 29
                                        

(Unicode)

ဒီတစ်ပတ်အလုပ်ပိတ်ရက်မှာ ဂန်ထယ်ဝူးက အိမ်ကိုလာလည်မှာမို့ ဂျီမင်းအထူးတလည်ပြင်ဆင်နေမိတယ်...။ ကိုယ့်အတွက်တော့မဟုတ်ပါ...။ ယူအာနဲ့အောင်သွယ်ပေးဖို့ပင်...။

ယူအာက ပိတ်ရက်ဆိုရင် သင်တန်းတက်စရာရှိပေမယ့်လည်း ဒီနေ့ကျတော့မှ ဆရာက ခွင့်ယူထားတာကြောင့် သွားစရာမလိုဘူးလေ...။ ဒါက ကံကြမ္မာက ဖန်တီးပေးလိုက်တာပဲ...။ သူတို့နှစ်ယောက်ကို ကိုယ်တိုင်အရောက်ပို့ပေးဖို့ ဂျီမင်းတွေးထားလိုက်တယ်...။

"သားရေ... ထယ်ဝူးရောက်လာပြီ"

"ဟုတ်ကဲ့ဒေါ်လေး... ခုပဲ ဆင်းလာခဲ့မယ်နော်"

ဝီရိယကောင်းတဲ့ဂန်ထယ်ဝူးက အစောကြီးကတည်းက ရောက်နေလေပြီ...။ ဂျီမင်းလည်း မပြင်မဆင်နဲ့ပင် အိမ်နေရင်းအဝတ်အစားအတိုင်း ဆင်းလာခဲ့လိုက်တယ်...။ တွဲလာတာကြာပြီမို့ ဂျီမင်းရဲ့ခုလိုပုံစံက ထယ်ဝူးအတွက် မထူးဆန်းတော့ပေမယ့် ယူအာနဲ့ယှဉ်ရင်တော့ ကိုယ်က ကြည့်မကောင်းနေရင် ပိုအဆင်ပြေတယ်...။

"အစောကြီးပါလား ထယ်ဝူးရဲ့"

"ဟုတ်တယ်... အချစ်နဲ့အတူတူ မနက်စာစားချင်လို့လေ... အချစ်ကြိုက်တတ်တဲ့မုန့်တွေ ဝယ်လာခဲ့တယ်"

အထုတ်အပိုးများစွာနဲ့ ရောက်ချလာတဲ့ထယ်ဝူးက ဂျီမင်းကို မျက်နှာလုပ်နေပြန်တယ်...။ အရင်ကဆိုရင်တော့ ဂျီမင်းပျော်နေမှာဖြစ်ပေမယ့် အခုတော့ဒါတွေကို အတုအယောင်တွေလို့သာ မြင်မိတော့တယ်...။ သူ့ကိုမျက်စိမှိတ်ပြီးချစ်မိရင် အဆုံးသတ်မှာ ကိုယ်ပဲခံစားရမှာမဟုတ်လား...။

"အင်း ကောင်းသားပဲ... ယူအာလည်းမနိုးသေးဘူးထင်တယ်... သူ့ကိုနှိုးပြီးရင် အတူတူစားကြမယ်လေ"

"အဲ့ဒါဆို ကိုယ်ပြင်လိုက်တော့မယ်နော်"

ထယ်ဝူးက ဒီအိမ်မှာဝင်ထွက်နေကျမို့ ကိုယ့်အိမ်ကိုယ်ယာလိုပဲ ဖြစ်နေလေတယ်...။ ဂျီမင်းလည်း ယူအာရဲ့အခန်းဆီကို ထွက်လာခဲ့လိုက်တော့တယ်...။ ပိတ်ရက်ဆို ယူအာကလည်း အိပ်ယာထနောက်ကျတတ်တယ်လေ...။

အခန်းထဲဝင်သွားလိုက်တော့ ထင်တဲ့အတိုင်းပင် ယူအာက အိပ်ပျော်နေဆဲပင်...။ တစ်ယောက်အိပ်မွေ့ယာထက်မှာ အပူအပင်ကင်းကင်းနဲ့ အိပ်ပျော်နေတဲ့ပုံစံလေးက တကယ်ချစ်စရာအတိပင်...။

Rewrite The Past (Completed)Where stories live. Discover now