26. အချစ်ဦးနဲ့ မထင်မှတ်ဘဲပြန်တွေ့ခြင်း

545 46 9
                                        

(Unicode)

ယူအာတစ်ယောက် ဒီရက်ပိုင်းတော်တော်လေး စိတ်ရှုပ်နေရတယ်...။ အကြောင်းကတော့‌ ဒေါက်တာလီဂျင်ဆိုးရဲ့ ချိန်းခြောက်စကားတွေကြောင့်ပေါ့...။

အစကတော့ သူ့ကိုအပြောသက်သက်လို့ထင်ခဲ့မိပေမယ့် သူ့ဆီမှာယူအာရဲ့ အဝတ်မပါဘဲအိပ်ပျော်နေတဲ့ပုံတွေ ရှိနေတာကိုသိလိုက်ရတော့ လန့်သွားရတယ်...။ သူက ယူအာ့ကိုအဲ့ဒီပုံတွေပြပြီး ဒါတွေကို ဂန်ထယ်ဝူးဆီပို့လိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲဆိုပြီး ချိန်းခြောက်လာတယ်လေ...။

တကယ်ဆို ယူအာ့လိုဆယ်ကျော်သက်ကောင်လေးက ဉာဏ်ကောင်းလွန်းတဲ့ဆရာဝန်တစ်ယောက်ကို ရင်ဆိုင်ဖို့က ခက်ခဲလွန်းတယ်...။ သူက ယူအာနဲ့သိလာတာကြာပြီမို့ ယူအာရဲ့အားနည်းချက်တွေကိုသိနေခဲ့တယ်...။

မနေ့ကလည်း အိမ်ထိလိုက်လာပြီး အမေနဲ့စကားစမြည်ပြောနေကြသေးတယ်...။ အဲ့တုန်းကလည်း အမေရှေ့မှာစကားအရိပ်အမြွက်တွေ ထုတ်ပြောနေတာကြောင့် ယူအာလည်း ကပျာကယာစကားလမ်းကြောင်းလွှဲခဲ့ရတယ်...။ တော်သေးတာက အမေက အရမ်းရိုးတာကြောင့် မရိပ်မိလိုက်ဘူးလေ...။

နေ့နေ့ညညဒုက္ခပေးလွန်းတဲ့သူ့ကို ယူအာဘယ်လိုလုပ်ပြီး ရှင်းထုတ်ပစ်ရမလဲဆိုတာ မတွေးတတ်တော့ပေ...။ ထယ်ဝူးကိုပဲ ပွင့်ပွင့်လင်းလင်းပြောပြီး ဖြေရှင်းကြည့်ရမလားလို့ တွေးကြည့်မိသေးတယ်...။ ဒါပေမယ့် ထယ်ဝူးသူ့ကိုစိတ်ပျက်သွားမှာစိုးတာကြောင့် မပြောရဲခဲ့ပါ...။

"တီ... တီ...!!!"

ခြံရှေ့က ကားဟွန်းတီးသံကြောင့် အိပ်ယာပေါ်မှာဝမ်းလျားမှောက်ရင်း စဉ်းစားခန်းဝင်နေတဲ့ယူအာတစ်ယောက် လန့်ဖြန့်လို့သွားရတယ်...။ ဘာလဲ... ဒေါက်တာလီဂျင်ဆိုး ထပ်ရောက်လာပြန်ပြီလား...??

ရှောင်နေဖို့စဉ်းစားလိုက်ပေမယ့် သူသာထွက်မတွေ့ရင် အမေ့ကိုပေါက်တတ်ကရတွေ ပြောလိုက်မှာစိုးတာကြောင့် ယူအာလည်း ကပျာကယာပင် အခန်းထဲကနေထွက်လာလိုက်ရတယ်...။ လှေကားကိုပြေးဆင်းလာပြီးမှ အောက်ထပ်မှာအမေနဲ့ပွေ့ဖက်ကာ စကားပြောနေတဲ့သူက ဂျီမင်းဖြစ်နေတာကြောင့် အံ့ဩသွားရတယ်...။

Rewrite The Past (Completed)Место, где живут истории. Откройте их для себя