32. တွဲလက်မဖြုတ်တမ်း

678 40 15
                                        

(Unicode)

အချိန်တွေဟာ တစ်နေ့ပြီးတစ်နေ့ တရွေ့ရွေ့ကုန်ဆုံးလာရသလို ရာသီတွေလည်း အလီလီပြောင်းလဲလာခဲ့ရလေတယ်.... ။ အချိန်တွေဘယ်လိုပဲပြောင်းလဲပါစေ ချစ်ခြင်းမေတ္တာတွေကတော့ မပြောင်းလဲပဲ ခိုင်မြဲစွာရှိနေတုန်းပင်ဖြစ်လေတယ်....။

"Appa... မီးမီးကို ကလစ်လေးပန်ပေးနော်"

"စိတ်ချပါ သမီးလေးရဲ့... Appa က သမီးလေးကို အလှဆုံးဖြစ်အောင်လုပ်ပေးမှာ"

ဂျီမင်းရဲ့ စကားကြားတော့ သမီးက ကျေနပ်စွာပြုံးသွားခဲ့တယ်လေ...။ အသက်လေး ၃နှစ်သာရှိသေးပေမယ့် သမီးက အလှကြိုက်တတ်နေပြီဖြစ်တယ်...။ ပြီးတော့ သူလိုချင်တာကို ဘယ်လိုလေးပြင်ပေးဆိုပြီးလည်း တောင်းဆိုတတ်သေးတယ်လေ...။ ဂျီမင်းက သမီးရဲ့ဆံပင်ကို ကြက်တောင်စည်းနှစ်ဖက်ခွဲစည်းပေးပြီးနောက် ကြယ်ပုံကလစ်လေးကိုပါ သမီးစိတ်တိုင်းကျ တပ်ပေးလိုက်လေတယ် ။

"ကဲ... မှန်ကြည့်လိုက်ပါဦး... စိတ်တိုင်းကျရဲ့လား မင်းသမီးလေး....??"

"ဟုတ်ကဲ့ Appa... အရမ်းသဘောကျပါတယ်ရှင့်"

သမီးက မှန်ထဲက သူ့ပုံကို ကျေနပ်စွာကြည့်ပြီး ဝတ်ထားတဲ့ ဂါဝန်လေးကို လက်နဲ့ဆွဲကားလိုက်ကာ မှန်ကြည့်ရင်း ပို့စ်ပေးနေတယ်လေ...။

"ကိုကိုရေ... သား အအေးမိဦးမယ်နော်... ထွက်လာတော့"

သမီးကိုပြင်ပေးပြီးတော့ အခုအချိန်အထိ ရေချိုးနေတုန်းဖြစ်တဲ့ ယွန်းဂီတို့သားအဖကို လှမ်း‌အော်ကာ သတိပေးရလေတယ်....။

"ပြီးပါပြီ ငယ်လေးရဲ့"

ဂျီမင်းရဲ့ စကားဆုံးတဲ့အချိန်မှာပဲ ကိုကိုနဲ့သားက ရေချိုးခန်းထဲကနေ အတူထွက်လာကြတယ်လေ...။ ဂျီမင်းက သားအဖနှစ်ယောက်ဝတ်ရမယ့် ဝတ်စုံကို ကြိုထုတ်ပြီး ကုတင်ပေါ်မှာ တင်ထားပေး‌လိုက်လေတယ်....။

"ဒါဆို သားကို ကိုကိုပဲ ပြင်ပေးလိုက်တော့နော်... ငယ်လေး ရေချိုးလိုက်ဦးမယ်"

"အင်း... ကိုကို ပြင်ပေးလိုက်မယ်"

"Daddy.... မီးမီးလှလားဟင်....??"

"လှတာပေါ့ Daddy ရဲ့မင်းသမီးလေးက"

"သားလည်း ချောတယ်နော် Daddy"

Rewrite The Past (Completed)Место, где живут истории. Откройте их для себя