20. ရည်းစားဟောင်းကနေ ‌ယောက်ဖအဖြစ်သို့

494 48 58
                                        

(Unicode)

ခုရက်ပိုင်း ထယ်ဝူးကိုကြည့်ရတာ အရင်လိုမဟုတ်တော့ဘဲ ပျော်နေတဲ့ပုံမို့ လူတိုင်းကသတိထားမိလာလေတယ်...။ ဂျီမင်းနဲ့ကတော့ စကားမပြောဖြစ်ကြပေမယ့် တခြားသောလုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ရဲ့ထူးခြားတဲ့ပုံစံကြောင့် စပ်စုကြတော့တယ်...။

"ထယ်ဝူးတစ်ယောက် ခုတလောပျော်စရာတွေရှိနေပုံပဲ"

"အင်း...ဒီလိုပါပဲ"

"နည်းနည်းပါးပါးပြောပြဦးလေ... ငါတို့လည်းသိချင်တာပေါ့"

လုပ်ဖော်ကိုင်ဖက်‌တွေ ဝိုင်းမေးနေကြတာကို ဂျီမင်းလည်း ကြားနေရပါတယ်...။ တကယ်တော့ဂျီမင်းစိတ်ထဲမှာ သူ့ကိုယ်သူအပြစ်ရှိသလိုတော့ ခံစားမိပါတယ်...။ အရင်ဘဝမှာတုန်းက ထယ်ဝူးက ဖောက်ပြန်ခဲ့တာမှန်ပေမယ့် အခုကျတော့ ဂျီမင်းဘက်ကစပြီး ဖောက်ပြန်ခဲ့သလိုဖြစ်နေတာကိုး...။

"အဟင်း...တကယ်တော့ ကျွန်တော့်ဆီမှာ ချစ်သူရှိနေပြီ"

"ဝိုး တကယ်လား... မိုက်တာပေါ့... ငါတို့ကိုမိတ်ဆက်ပေးပါဦး"

"ဟုတ်ပါပြီ... နောက်ကြုံရင် မိတ်ဆက်ပေးပါ့မယ်ဗျာ"

"ထယ်ဝူးတို့ကတော့ အချစ်လေးနဲ့ပျော်နေပုံပဲ... အခုတလော အရမ်းတွေကြည်နူးနေတယ်‌ဆိုတော့လေ"

ကြားနေရတဲ့စကားတွေကြောင့် ဂျီမင်းလည်း အသာပြုံးလိုက်မိတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ထယ်ဝူးခုလို move on လုပ်သွားနိုင်တာကို သူသဘောကျတယ်...။ မဟုတ်ရင် ဂျီမင်းလည်း ကိုယ့်ကိုကိုယ်အပြစ်တင်နေမိမှာ...။

စာချုပ်သက်တမ်းပြည့်ဖို့ကလည်း လအနည်းငယ်လောက်သာ လိုတော့တာကြောင့် ဒီအတောအတွင်းမှာ ဒီကလုပ်ဖော်ကိုင်ဖက်အားလုံးနဲ့ အဆင်ပြေပြေရှိချင်ပါတယ်...။ ဂန်ထယ်ဝူးတစ်ယောက်လည်း အပါအဝင်ပေါ့...။

ဂျီမင်းလည်း ဟိုဒီတွေးကာအလုပ်လုပ်နေရင်း ရုတ်တရတ် သူ့ဆီကိုဝင်လာတဲ့စာတစ်စောင်ကြောင့် လှမ်းကြည့်လိုက်တယ်...။ စာက ဌာနထဲကလူအချင်းချင်း ပို့နေကျဖြစ်တဲ့ PC chatbox ထဲကိုဝင်လာတာကြောင့် ပို့လာတဲ့သူက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုတာ သိသာပါတယ်...။

Rewrite The Past (Completed)Место, где живут истории. Откройте их для себя