(Unicode)
စီးပွားရေးလောကမှာ D-Fire ကို မသိတဲ့သူမရှိပါ...။ ဟိုတယ်တွေ၊ ကွန်ဒိုတိုက်ခန်းတွေ၊ အပန်းဖြေစခန်းတွေကို အများအပြားပိုင်ဆိုင်ထားတာကြောင့် D-Fire ရဲ့တည်ထောင်သူတွေဖြစ်တဲ့ မင်မိသားစုကို လေးစားအားကျရတဲ့သူတွေ အများအပြားပါပဲ...။
D-Fire ရဲ့ကနဦးတည်ထောင်သူ မင်ဂျီဟွမ်းဆီမှာ သားတစ်ယောက်တည်းရှိခဲ့တယ်...။ သားဖြစ်သူ မင်ဂျယ်ဟော့ရဲ့လက်ထက်မှာတော့ D-Fire က ပိုမိုအောင်မြင်လာတယ်...။ များပြားလှတဲ့ဟိုတယ်လုပ်ငန်းတွေက ဆိုးလ်မှာတင် လက်ချိုးရေလို့မရတော့တဲ့ အနေအထားဖြစ်လာတယ်...။
မင်ဂျယ်ဟော့ဆီမှာတော့ သားနှစ်ယောက်ရှိပြီး သားအကြီးက မင်ယွန်းဂီဖြစ်ပြီး သားအငယ်ကတော့ မင်ယွန်းဂျယ်ဖြစ်တယ်...။ လွန်ခဲ့တဲ့တစ်နှစ်ခန့်က မင်ဂျယ်ဟော့ဟာ သူ့ရဲ့သားအကြီးဖြစ်သူ မင်ယွန်းဂီကို သူနဲ့လုပ်ငန်းတူပါတနာတစ်ယောက်ရဲ့ သမီးဖြစ်သူနဲ့ စေ့စပ်ပေးခဲ့ပြီးနောက် ကုမ္မဏီမှာ ဒုဥက္ကဌရာထူးပေးထားလေတယ်...။
ဒီနှစ်မကုန်ခင်မှာပင် မင်ယွန်းဂီကိုလက်ထပ်ပေးပြီးတော့ ကုမ္မဏီလုပ်ငန်းတွေကိုပါ လွှဲပေးလိုက်တော့ဖို့လည်း အသိပေးထားပြီးသားပင်...။ အဲ့ဒီတုန်းက စီးပွားရေးလောကမှာ ဂယက်ထသွားခဲ့သေးတာ...။ မင်ယွန်းဂီရဲ့အသက်က ကုမ္မဏီတစ်ခုလုံးရဲ့ CEO ဖြစ်ဖို့ကတော့ ငယ်သေးတာကြောင့် ရှယ်ယာရှင်တွေက စိုးရိမ်နေကြခြင်းပင်...။
ဒါပေမယ့်လည်း ဒုဥက္ကဌအနေနဲ့ အလုပ်လုပ်လာခဲ့တဲ့ တစ်နှစ်အတွင်းမှာပင် သူ့ရဲ့စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်တာကြောင့် ရှယ်ယာရှင်တွေဆီက ထောက်ခံမှုတွေရလာခဲ့တယ်...။ ဒါကြောင့် မင်ယွန်းဂီကို CEO ရာထူးပေးလိုက်လည်း ကန့်ကွက်မယ့်သူမရှိတော့ပါ...။
တစ်ခုရှိတာက လူတွေကလည်း တစ်ခုအဆင်ပြေတော့ နောက်တစ်ခုကိုအပြစ်မြင်လာတယ်လေ...။ မင်ယွန်းဂီကို ကုမ္မဏီတစ်ခုလုံးထိုးအပ်ပေးလိုက်တော့ သားအငယ်ဖြစ်တဲ့ မင်ယွန်းဂျယ်အတွက်ရောဆိုတဲ့ မေးခွန်းတွေက တက်လာတော့တယ်...။ သားချင်းအတူတူ ခွဲခြားထားတယ်ဆိုတဲ့ အမြင်နဲ့ပေါ့...။
YOU ARE READING
Rewrite The Past (Completed)
FanfictionQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။
