(Unicode)
စီစဉ်ထားတဲ့နှစ်ဖက်မိဘတွေ့ဆုံပွဲမှာ ယွန်းဂီဘက်က အမေရောအမေရော ပါလာခဲ့ပေမယ့် မိဘမရှိတော့တဲ့ဂျီမင်းကတော့ ဒေါ်လေးကိုသာ အမေနေရာမှာထားပြီး ခေါ်လာခဲ့ရတယ်...။
ဂျီမင်းတစ်ခါမှမတွေ့ဖူးခဲ့တဲ့ ယွန်းဂီရဲ့မိဘတွေဟာ လူ့ချမ်းသာအသိုင်းအဝိုင်းကဖြစ်တာကြောင့် မျက်နှာထားတင်းတင်းနဲ့မို့ ဂျီမင်းမှာ ရင်ထဲစိုးထိတ်နေမိတယ်...။ ကိုယ့်ဘက်က အမှားမရှိသည့်တိုင် ကိုယ့်ကိုကြည်ဖြူကြပါ့မလားဆိုပြီး တွေးပူနေရတယ်...။
"နာမည်က ပက်ခ်ဂျီမင်းနော်"
"ဟုတ်ပါတယ်အန်တီ"
"မိဘတွေမရှိကြတော့ဘူးဟုတ်လား...?? ဘယ်တုန်းကတည်းကလဲ...??"
"ကျွန်တော်အလယ်တန်းကျောင်းသားအရွယ်တည်းကပါ... အဲ့ဒါကြောင့် ဒေါ်လေးကိုပဲအမေနေရာမှာထားပြီး တစ်အိမ်တည်းအတူနေခဲ့ကြတာပါ"
ဂျီမင်းက လေသံအေးအေးလေးနဲ့ပြန်ဖြေရင်း သူ့ဒေါ်လေးကိုလည်း လှမ်းကြည့်လာတယ်...။ ဒေါ်လေးကလည်း ခုံအောက်ကနေ ဂျီမင်းရဲ့လက်လေးတစ်ဖက်ကို ဆုပ်ကိုင်ပေးထားရင်း အားပေးလေတယ်...။
"မင်းတို့မိသားစုအကြောင်းကို ယူအာ့ဆီကတော့ အနည်းအကျဉ်းသိထားပြီးသားပါ... ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဆုံးပါးသွားခဲ့တော့ တော်တော်ခက်ခဲခဲ့မှာပဲနော်"
"ဒါကလည်း ကျွန်တော့်ကံတရားပါပဲ"
ဂျီမင်းဟာ တစ်ဖက်မိသားစုဆီကနေ စိမ်းသက်တဲ့အငွေ့အသက်တွေ ရနေတာကြောင့်မို့ စိတ်ထဲတမျိုးဖြစ်မိတယ်...။ အခုခံစားချက်က အလုပ်အတွက်အင်တာဗျူးလာဖြေရတာထက်ပင် ရင်တုန်စရာကောင်းနေတယ်လေ...။
"အရင်က ရည်းစားရှိခဲ့တယ်မလား...?? အချိန်အကြာကြီးတွဲပြီး လက်ထပ်ဖို့အထိစဉ်းစားခဲ့တာဆို"
"ဟုတ်ပါတယ်... ဒါပေမယ့်လည်း ပြီးသွားပါပြီ... ကျွန်တော်တို့နှစ်ယောက်က ကံမဆုံလို့ကွဲကြတာပဲလေ"
"ဝမ်းနည်းတဲ့ပုံမပေါက်ဘူးပဲ... သံယောဇဉ်မရှိလို့များလား...??"
"မေမေ တော်တော့လေ... အဲ့လောက်ထိမေးဖို့မှမလိုတာပဲ"
ယွန်းဂီက သူ့အမေကိုလှမ်းတားလေတယ်...။ အဖေကတော့ စထိုင်ကတည်းက ဘာတစ်ခုမှဝင်မပြောပေမယ့် အေးစက်စက်အကြည့်တွေနဲ့ ဂျီမင်းကိုစိုက်ကြည့်နေတာကြောင့် ကျောချမ်းစရာကောင်းလှတယ်...။
ВЫ ЧИТАЕТЕ
Rewrite The Past (Completed)
ФанфикшнQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။
