21. အလိမ်ပေါ်ခြင်း

537 51 58
                                        

(Unicode)

ဒီတစ်ပတ်ပိတ်ရက်မှာ အိမ်ကိုယောက္ခမဖြစ်သူ အလည်လာမယ်ဆိုတာကြောင့် ဂျီမင်းအထူးတလည်ပြင်ဆင်နေမိတယ်...။ ယောင်္ကျားလေး၃ယောက်နေတဲ့အိမ်ဆိုပေမယ့် သပ်ရပ်သန့်ရှင်းပြီးသားဖြစ်သည့်တိုင် မိန်းမတွေအမြင်မှာတော့ ရှုပ်ပွနေမှာစိုးရိမ်မိတယ်...။

‌ပြီးတော့ ဂျီမင်းတို့လက်ထပ်ပြီးတဲ့ ၆လကျော်အတွင်းမှာ ပထမဆုံးအကြိမ် ယောက္ခမဖြစ်သူနဲ့ ထိပ်တိုက်တွေ့ရမှာဆိုလည်း မမှားပေ...။ လက်ထပ်ပြီးကတည်းက အိမ်ခွဲနေခဲ့ကြသလို နှစ်ယောက်လုံးက အလုပ်တွေလည်းမအားကြတာကြောင့် မိဘအိမ်ကိုမပြန်ဖြစ်ကြပါ...။ ဂျီမင်းဆိုရင် ဒေါ်လေးနဲ့ယူအာကိုတောင် ပုံမှန်ငွေလွှဲပေးတာကလွဲပြီး တစ်ခါတလေမှသာ ဖုန်းဆက်ဖြစ်တော့တယ်...။

အိမ်သန့်ရှင်းရေးအနည်းငယ်လုပ်ပြီးတဲ့နောက်မှာ မနက်က ကမန်းကတမ်းဈေးဝယ်လာရတာတွေကို ရေခဲသေတ္တာထဲမှာ‌ နေရာချလိုက်တယ်...။ ယောင်္ကျားလေးတွေပဲနေတဲ့အိမ်ရဲ့ ရေခဲသေတ္တာက အသင့်စားအစား‌အသောက်တွေနဲ့ ရေဘူးတွေသာ ပြည့်နေလေတယ်...။ ဒီနေ့မှသာ ယောက္ခမလာမှာမို့ ဈေးပြေးဝယ်ရခြင်းပင်...။

အသီးအရွက်နဲ့အသားငါးက ယွန်းဂျယ်အတွက် မနက်စာပြင်ပေးတုန်းကသာ ဝယ်ထားခဲ့ရပြီး ခုတလောယွန်းဂျယ်က ထမင်းမစားချင်တော့ဘူးပြောတာကြောင့် sandwich တွေပဲလုပ်ပေးနေရတယ်...။ ဒါက ဂျီမင်းအတွက် တော်တော်လေးကိုသက်သာစေတာပင်...။ ယွန်းဂျယ်က ဂျီမင်းမနက်အစောကြီးထရတာကို အားနာနေတာကြောင့်ပင်...။

ဒါက ယွန်းဂျယ်နဲ့ဂျီမင်းကြားက တိုးတက်လာတဲ့ဆက်ဆံရေးပါပဲ...။ ဂျီမင်းကတော့ ခုလိုအခြေအနေလေးကို တော်‌တော်လေးသဘောကျတယ်...။ ဒါကြောင့် ယောက္ခမဖြစ်သူနဲ့လည်း အဆင်ပြေပြေနေနိုင်ဖို့ ကြိုးစားရဦးမှာပင်...။

"အစ်ကိုဂျီမင်း... ‌ မေမေက အိမ်ကထွက်လာပြီတဲ့... ကားလမ်းပိတ်တာဘာညာနဲ့ဆို နောက်နာရီဝက်လောက်နေရင် ရောက်လာလိမ့်မယ်ထင်တယ်"

ကျောပိုးအိတ်လေးလွယ်ကာ အောက်ထပ်ကိုဆင်းလာတဲ့ယွန်းဂျယ်က ဂျီမင်းကိုလှမ်းအသိပေးတယ်...။ ယွန်းဂီကတော့ မနက်စောစောကတည်းက အစည်းအဝေးရှိလို့အလုပ်သွားတယ်လေ...။ သူ့အ‌မေလာလည်မှာဆိုတော့ နေ့လည်တော့ ရောက်အောင်ပြန်လာမယ်တဲ့လေ...။

Rewrite The Past (Completed)Où les histoires vivent. Découvrez maintenant