31. မုန်တိုင်းနောက်က လေပြည်ညှင်း

463 39 7
                                        

(Unicode)

လူ့ဘဝဆိုတာ ရှင်သန်ချိန်ခဏလေးဆိုပေမယ့် ထိုအချိန်ကာလအတွင်းမှာပဲ အဖြစ်အပျက်တွေများစွာ ကြုံရလေတယ်...။ ပျော်ရွှင်ခြင်းတွေ ဝမ်းနည်းမှုတွေ ပူပန်မှုတွေကိုရောပေါ့...။ ထိုသို့ရှင်သန်ရတဲ့အချိန်အတွင်းမှာ ခွဲခွာရခြင်းတွေကိုလည်းကြုံရလေတယ်...။ တချို့သော ခွဲခွာခြင်းတွေဟာ ခဏတာဖြစ်ပေမယ့် တချို့သော ခွဲခွာခြင်းတွေဟာတော့ ထာဝရဖြစ်သွားခဲ့တယ်လေ...။

"ပင်ပန်းနေပြီလား ငယ်လေး.... နားလိုက်ပါဦး"

ကိုကိုက ဂျီမင်းကို အိပ်ရာပေါ်မှာ လှဲခိုင်းပြီးနောက် ကိုယ်ပေါ်ကို စောင်ခြုံပေးလေတယ်.... ။ ဒီနေ့က ယူအာရဲ့ဈာပနကျင်းပတဲ့နေ့ဖြစ်လေတယ်.... ။ ဘယ်လိုပဲ အမှားတွေကျူးလွန်ခဲ့တယ်ဆိုပေမယ့် ယူအာဟာ ဂျီမင်းရဲ့ချစ်ရတဲ့ညီလေးဖြစ်ခဲ့သလို ဒေါ်လေးရဲ့မျက်နှာလည်းရှိနေတာကြောင့် ဈာပနာပွဲကို ဂျီမင်းနဲ့ယွန်းဂီကပဲ တာဝန်ယူပြီး ကျင်းပပေးခဲ့ကြတယ်..... ။

ရက်ပိုင်းလေးအတွင်းမှာကိုပဲ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေက မြန်ဆန်လွန်းလှတာကြောင့် ဂျီမင်း စိတ်ရောလူပါ ပင်ပန်းနေပြီလေ..... ။

‌"ကျေးဇူးတင်ပါတယ်နော် ကိုကို"

"ဘာကိုကျေးဇူးတင်ရမှာလဲ ငယ်လေးရယ်... အခုအချိန် ဘာမှမတွေးတော့ပဲ အနားယူလိုက်တော့နော်"

ယူအာ့ရဲ့အပြစ်တွေကိုသိပေမယ့် ဂျီမင်းကြောင့် အစစအရာရာ စီစဉ်ပေးတဲ့ ယွန်းဂီကို ဂျီမင်းကျေးဇူးတင်ရလေတယ်.... ။ ယွန်းဂီဟာ ဂျီမင်းအတွက်တော့ တန်ဖိုးဖြတ်မရတဲ့ ဆုလာဘ်တစ်ပါးပါပဲ ...။ တည်ငြိမ်ရင့်ကျက်ရုံတင်မက စိတ်သဘောထားပြည့်ဝတဲ့ ယွန်းဂီကြောင့် ဂျီမင်း စိတ်ချမ်းသာရတယ်လေ.... ။

ပင်ပန်းနေပြီဖြစ်တာကြောင့် ဂျီမင်းမျက်လုံးတွေမှိတ်ကာ အိပ်ရန်ပြင်နေတုန်းမှာပဲ အခန်းတံခါးခေါက်သံကြားလိုက်ရလေတယ်.....။

"ဂျီမင်း... ဒေါ်လေးပါ... စကားခနဏလောက်ပြောလို့ရမလား"

တံခါးခေါက်အပြီးမှာပဲ ဒေါ်လေးရဲ့စကားသံကြားလိုက်ရတာကြောင့် ယွန်းဂီက တံခါးသွားဖွင့်ပေးလိုက်သလို ဂျီမင်းလည်း လှဲနေရာကနေ ထကာ ခေါင်းအုံးကိုမှီပြီးထိုင်လိုက်မိတယ်....။

Rewrite The Past (Completed)Where stories live. Discover now