(Unicode)
မိခင်ဖြစ်သူရဲ့ဈာပနာကိစ္စကြောင့် ထယ်ဝူးလည်း ထောင်ထဲကနေ ခဏထွက်ခွင့်ရလာခဲ့တယ်...။ လွတ်လွတ်လပ်လပ်တော့မဟုတ်ဘဲ ခြေထောက်မှာ လျှပ်စစ်ခြေချင်းခတ်ထားပြီး ဘေးမှာလည်း ရဲတစ်ယောက် စောင့်ကြပ်နေလေတယ်...။
ပန်းတွေကြားထဲက မိခင်ဖြစ်သူရဲ့ဓာတ်ပုံကိုကြည့်ပြီး ထယ်ဝူးဘာစကားမှမပြောနိုင်အောင် ဝမ်းနည်းကြေကွဲနေမိတယ်...။ အသုဘရှင်အဖြစ် အဝါရောင်လက်ပတ်ကို ဝတ်ဆင်ထားပေမယ့်လည်း လာသမျှဧည့်သည်တွေကို ဧည့်မခံနိုင်ဘဲ မိခင်ရဲ့ဓာတ်ပုံရှေ့မှာသာ ဒူးထောက်လျက်သားထိုင်နေမိတယ်...။
"သူ့အမေက သူ့ကြောင့်စိတ်ဆင်းရဲပြီး သေသွားတာနေမှာပေါ့"
"ဟုတ်မှာ... အခုလည်း ထောင်ထဲကနေ ခဏထွက်လာတာမလား... အမေကို စိတ်ဆင်းရဲမှုတွေပေးတဲ့သားပဲ"
"အစတုန်းကတော့ ရည်ရည်မွန်မွန်လေးနဲ့ အလုပ်ကြိုးစားတဲ့ကောင်လေးဆိုပြီး အထင်ကြီးခဲ့ရတာ... ခုတော့ ရာဇဝတ်ကောင်ဖြစ်နေတာပဲ"
အိမ်နီးချင်းတွေနဲ့ ဆွေမျိုးသားချင်းတချို့က အသုဘကိုလာကြရင်း ထယ်ဝူးရဲ့မကောင်းကြောင်းတွေကို မကြားတကြားပြောနေကြတယ်...။ ထယ်ဝူးကတော့ အားလုံးကိုလျစ်လျူရှုထားခဲ့တယ်...။ သူ့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုမို့ ဖြေဆည်မရနိုင်ဖြစ်နေရတယ်လေ...။
"ကိုကို... သွားနားလိုက်ပါလား... ဧည့်သည်တွေကို ကျွန်တော်ဧည့်ခံထားလိုက်မယ်လေ"
ယူအာက ထယ်ဝူးရဲ့ဘေးမှာဝင်ထိုင်ရင်း ဂရုဏာသက်တဲ့အသံလေးနဲ့ ပြောလာလေတယ်...။ ငိုထားတဲ့ပုံစံနဲ့ယူအာက အများအမြင်မှာတော့ ထယ်ဝူးထက်ပင် ထယ်ဝူးအမေကို ဂရုစ်ိုက်ပေး၊ ချစ်ပေးတဲ့သူလို့ အထင်ရောက်စေတယ်...။
"ရပါတယ်... ယူအာလည်း ပင်ပန်းနေရောပေါ့... ကိုယ့်အမေရဲ့ နောက်ဆုံးခရီးကို ကိုယ်ပဲဂရုစိုက်လိုက်ပါ့မယ်... ဒီကြားထဲ ကိုယ့်အမေကိုစောင့်ရှောက်ပေးတာနဲ့တင် ယူအာ့ကိုကျေးဇူးတင်ပါတယ်"
"ယူအာကတော့ ကိုကို့အမေဆုံးသွားတဲ့ကိစ္စကြောင့် တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်... ယူအာမရှိတဲ့အချိန် ဖြစ်သွားတာဆိုတော့လေ... တကယ်ဆို ယူအာသာ အပြင်မသွားလိုက်ရင်... အဟင့်... အမေလည်း ခုလိုဖြစ်မှာမဟုတ်ဘူး"

YOU ARE READING
Rewrite The Past (Completed)
FanfictionQ : တကယ်လို့ သေဆုံးမှုကနေ ပြန်လည်ရှင်သန်ခွင့်ရမယ်ဆိုရင် ဘာကိုအရင်ဆုံးလုပ်ချင်လဲ...?? A : သစ္စာဖောက်နှစ်ယောက်ကို ကလဲ့စားချေမယ်။ ပြီးရင် မှားယွင်းဆုံးဖြတ်မိတဲ့အတိတ်ကို ပြန်ပြင်ဆင်ချင်ပါတယ်...။