19. ထောင်ချောက်မိသွားတဲ့သားကောင်

483 47 51
                                        

(Unicode)

ယွန်းဂျယ်နဲ့တစ်အိမ်တည်းနေရတာကို ဂျီမင်းတဖြည်းဖြည်းနဲ့ နေသားကျလာတယ်...။ ယွန်းဂျယ်က အတန်ငယ်တော့ ဂျစ်ကန်ကန်နိုင်ပေမယ့်လည်း ဂျီမင်းအတွက်တော့ သူနဲ့ပြောဆိုဆက်ဆံရတာ သိပ်အပန်းမကြီးပါ...။

အစ်ကိုကြီးတစ်ယောက်အဖြစ် နေသားကျနေသူဖြစ်တဲ့အလျောက် ဂျီမင်းက ယွန်းဂျယ်ကိုလည်း ကိုယ့်ညီဖြစ်တဲ့ယူအာလိုပဲ သဘောထားပြီးဆက်ဆံဖြစ်တယ်...။ သူတို့နှစ်ယောက်က အသက်ချင်းလည်းသိပ်မှမကွာတာပဲ...။

ယူအာနဲ့တုန်းကလည်း ရောဂါသည်ညီလေးမို့ ဂျီမင်းက အစစအရာရာအလျော့ပေးခဲ့ရတယ်...။ ဒါကြောင့် ယွန်းဂျယ်ကိုလည်း ယူအာလို့သဘောထားပြီး အလျော့ပေးဆက်ဆံဖြစ်တယ်...။ တစ်ဦးမေတ္တာတစ်ဦးမှာဆိုသလိုပင် ယွန်းဂျယ်ကလည်း အရင်လိုသိပ်မဆိုးတော့ပေ...။

"နိုးလာပြီလားယွန်းဂျယ်... တစ်ခုခုစားဖို့ပြင်ပေးရမလား...??"

"ရပါတယ်... ဗိုက်မဆာဘူး... ကိုကိုရောအလုပ်သွားပြီလား..??"

"ဟုတ်တယ်... ဒီနေ့က စက်ရုံမှာ စစ်ဆေးစရာရှိလို့တဲ့လေ"

ဂျီမင်းက ယွန်းဂျယ်ကိုပြန်ဖြေနေရင်းနဲ့ သူ့လုပ်လက်စအလုပ်တွေကို ဆက်လုပ်နေလေတယ်...။ ယွန်းဂျယ်လည်း သူဘာလုပ်နေလဲကြည့်လိုက်တော့ ချက်ပြုတ်နည်းစာအုပ်ကိုရှေ့ချကာ ဟင်းလျာအသစ်တွေစမ်းချက်ဖို့ ပြင်နေတာကိုတွေ့လိုက်ရတယ်...။

"အစ်ကိုဂျီမင်း... အရင်ကရော ဟင်းချက်နေကျလား...??"

"ဟင့်အင်း...မချက်ဖူးဘူးလေ... အဲ့ဒါကြောင့် လက်ရာအရမ်းမကောင်းတာပေါ့... အိမ်မှာဆိုရင်က ဒေါ်လေးပဲချက်တာလေ"

သူ့စကားကြောင့် ယွန်းဂျယ်သူ့ကိုအတန်ငယ်တော့ အထင်ကြီးသွားတယ်...။ ဟင်းတစ်ခါမှမချက်ဖူးသူက ပထမဆုံးနေ့မှာတင် စားလို့ရတဲ့အနေအထားကို ချက်ပြုတ်နိုင်ခဲ့တာပဲ...။

"မချက်ဖူးပေမယ့် တော်တာပဲ... ကျွန်တော်သာဆို မီးဖိုချောင်ကို မီးလောင်အောင်လုပ်ပစ်မိမှာ"

"ဒါကတော့ မချက်ဖူးပေမယ့် အမြင်နည်းနည်းရှိနေတာကိုး... တစ်ခါတလေ ဒေါ်လေးချက်တာကိုဝင်ကူပေးဖူးတယ်လေ"

Rewrite The Past (Completed)Место, где живут истории. Откройте их для себя