24. မိသားစုဝင်အသစ်ထပ်တိုးမယ်

545 47 26
                                        

(Unicode)

နွေးထွေးလွန်းတဲ့ရင်ခွင်ကျယ်ကြီးထဲမှာ နိုးထခွင့်ရတာကြောင့် ဂျီမင်းရဲ့မျက်နှာလေးက ပြုံးလို့နေလေတယ်...။ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သူ့ကိုငုံ့မိုးကြည့်နေတဲ့ မျက်နှာချောချောကို တွေ့လိုက်ရလေတယ်...။

"နိုးပြီလား ငယ်လေး...?? နေလို့ထိုင်လို့အဆင်ပြေရဲ့လား...??"

"ဟုတ် အဆင်ပြေပါတယ်... ဒါနဲ့ကိုကိုက အလုပ်မသွားဘူးလားဟင်...??"

သူအိပ်ယာထနောက်ကျတာကိုသိနေတာကြောင့် ဂျီမင်းက လှမ်းမေးလိုက်ရင်းနဲ့မှ စားပွဲထက်က နှိုးစက်နာရီသေးသေးလေးကိုပါ လှမ်းကြည့်လိုက်လေတယ်...။ အချိန်က မနက်၁၁နာရီထိုးလုနီးပါးမို့ တော်တော်လေးနောက်ကျနေပါပြီ...။

"ကိုယ်ဒီနေ့အလုပ်နားလိုက်တော့မယ်... ငယ်လေးအနားမှာနေချင်လို့လေ"

"ဟင်... မနေ့ကလည်း နားထားတယ်လေ"

"အင်းလေ... တစ်ခါတလေလေးနားရတာကို... အမြဲအလုပ်တွေချည်းလုပ်နေရတာ ငယ်လေးအတွက်အချိန်လည်းမပေးနိုင်တော့ဘူးလေ"

"ကိုကိုအချိန်ပေးတာကလည်း အိပ်ယာပေါ်မှာလား...??"

နှုတ်ခမ်းလေးဆူကာပြောလာတဲ့ဂျီမင်းကြောင့် ယွန်းဂီလည်း အားရပါးရရယ်မောမိတော့တယ်...။ သူကလည်းသူပဲလေ...။ ဂျီမင်းကိုမြင်တာနဲ့ အိပ်ယာပေါ်ဆွဲတင်ချင်နေတော့တာပဲ...။ ဒါကလည်း ချစ်ဖို့ကောင်းလွန်းနေတဲ့ ဂျီမင်းကြောင့်ပါပဲ...။

"ဒီနေ့တော့ ငယ်လေးဆန္ဒကိုလိုက်လျောပေးပါ့မယ်ကွာ... ငယ်လေးဘာစားချင်လဲ ဘာလုပ်ချင်လဲ ဘယ်သွားချင်လဲ...??"

"ကျွန်‌တော်ကတော့ ကိုကိုအနားမှာရှိနေရင်ရပြီ... ဘယ်လိုဖြစ်ဖြစ် ကိုကိုနဲ့အတူရှ်ိရင် ပျော်ပြီးသားပဲ"

"စကားတတ်တဲ့ကောင်လေးပါကွာ... ကိုယ့်ရဲ့ချစ်မဝလေး"

ဂျီမင်းရဲ့မျက်နှာလေးအနှံ့ကို အသည်းတယားယားနဲ့ တဖွဖွနမ်းနေတဲ့ယွန်းဂီကြောင့် ဂျီမင်းရဲ့ရယ်သံလေးတွေလည်း ပျံ့လွင့်လာလေတယ်...။ ချစ်သူနဲ့အတူဖြတ်သန်းရတဲ့နေ့ရက်တွေက သာယာကြည်နူးဖွယ်ရာအတိပါပဲ...။

Rewrite The Past (Completed)Tempat di mana cerita hidup. Terokai sekarang