11. မထင်မှတ်ဘဲ လူစားလဲမိခြင်း

623 51 42
                                        

(Unicode)

ယွန်းဂီရဲ့ဖိတ်ကြားချက်ကြောင့် ဂျီမင်းနဲ့ထယ်ဝူး သူ့ရဲ့ဟိုတယ်အသစ်ကိုရောက်သွားခဲ့တယ်...။ ထင်ထားတာထက်ပင် ကြီးကျယ်ခမ်းနားလွန်းတဲ့ဟိုတယ်ကြီးကြောင့် ထယ်ဝူးကလည်း သဘောတကျနဲ့ ချီးကျူးနေတော့တယ်...။

"လှလိုက်တဲ့ဟိုတယ်ကြီး... D-Fire ရဲ့ဟိုတယ်တိုင်းက ခမ်းနားတယ်ဆိုပေမယ့် ဒီတစ်ခုကတော့ အမိုက်ဆုံးပဲဖြစ်မယ်"

"ဟုတ်တယ်နော်... ဆောက်ထားတဲ့နေရာကလည်း အေးချမ်းဆိတ်ငြိမ်တော့ တသီးတသန့် paradise လိုပဲ"

ဂျီမင်းလည်း ဟိုတယ်အနှံ့လျှောက်ကြည့်ရင်းနဲ့ ပြန်ပြောလိုက်တယ်...။ ဟိုတယ်နေရာက မြို့စွန်နည်းနည်းကျပေမယ့် ချောင်ကျတဲ့နေရာမျိုးတော့မဟုတ်ဘဲ ဥယျာဉ်ပန်းခြံတွေနဲ့ အပန်းဖြေလို့ကောင်းတဲ့နေရာမျိုးမှာပင်...။

"ရောက်လာကြပြီလား...??"

"ဟုတ်ကဲ့အစ်ကို... ဟိုတယ်အသစ်အတွက် congratulations ပါနော်"

ယွန်းဂီက ဆောင်းချယ်နဲ့အတူတူ လာနှုတ်ဆက်တာကြောင့် ဂျီမင်းတို့လည်း ပြန်နှုတ်ဆက်လိုက်တော့တယ်...။ ဆောင်းချယ်ကတော့ ယွန်းဂီပြောထားတာကြောင့် ဂျီမင်းနဲ့ထယ်ဝူးကို အမြင်မစောင်းရဲတော့ပေ...။

"ရောက်လာတဲ့အတွက် ကျေးဇူးပါဗျာ... လာလေ အထဲဝင်"

ဟိုတယ်အတွင်းပိုင်းကလည်း တော်တော်လေးကို ပြီးပြည့်စုံတာပင်...။ နန်းတော်ကြီးတစ်ခုထဲကို ရောက်ရှိသွားသလိုပင် ခံစားရစေတယ်...။ ယွန်းဂီက သူတို့ကိုစားပွဲဝိုင်းတစ်ခုမှာ နေရာချပေးလေတယ်...။ ဘေးမှာလည်း အစားအသောက်တွေကို ဘူဖေးလ်သဘော ခင်းကျင်းထားတယ်လေ...။

"ကြိုက်တာသာယူစားနော်... သောက်တာကလည်း စိတ်ကြိုက်သာသောက်... ပြန်လို့မရမှာစိတ်မပူနဲ့ မင်းတို့အတွက် ဟိုတယ်အခန်းတွေ စီစဉ်ပေးထားပြီးသား"

"ဟား တယ်ဟုတ်ပါလား... ဟိုတယ်အသစ်စက်စက်ကြီးမှာ တစ်ညတည်းခွင့်ရမှာပေါ့လေ"

"ဒါပေါ့... အဲ့ဒါကြောင့် စိတ်ကြိုက်သာ စားကြသောက်ကြပေတော့... ကိုယ်တခြားဧည့်သည်တွေကို ကြိုလိုက်ဦးမယ်... ပြီးမှ အေးဆေးစကားပြောကြတာပေါ့"

Rewrite The Past (Completed)Where stories live. Discover now