"ကောင်းပြီလေဘယ်နေရာသွားမှာလည်း။"ဟက် စပရိုက်ပေါ့။
ရိပေါ် စိတ်ဝင်စားသွား၏။ဒီလူကြီးသူနဲ့ဘာကစားချင်နေတာလည်း။
ထို့ကြောင့်"ဒါဆိုလည်း အမြန်သွားမယ်လေ။
ဒီမှာကျုပ်အရမ်းငြီးနေလို့။"ဒါနဲ့မွေးနေ့ရှင်ကမွေးနေ့မှာမရှိရင်...
"ကျစ် ကျုပ်မရှိလည်းရတယ်။
"ဒါဆိုလဲသွားတာပေါ့။
"အွန်း။
ရိပေါ်ထိုလူကြီးအားရှေ့ကသွားဆိုတဲ့အကြည့်နှင့်ကြည့်ကာမျက်စာပစ်ပြလိုက်၏။
ဒယ်ဒီနဲ့မာမီကတော့ဧည့်သည်တွေနဲ့စကားကျနေတာမို့သူ့ကိုအာရုံထားမှာမဟုတ်။
ဟောက်ရွှမ်းကတော့ကျောင်းကဖိတ်ထားတဲ့သူတစ်ချို့နှင့်ဝိုင်းကြနေ၏။
သူဟောက်ရွှမ်းးဆီmessageတစ်ဆောင်ပို့ထားလိုရ်၏။ဒါဆမုပူစရာမရှိတော့ သူ့မိဘတွေကိုဟောက်ရွှမ်းကြည့်ပြီးပြောပြထားလိမ့်မည်။သူကတော့ စိတ်ဝင်စားစရာလေးနောက်လိုက်လိုက်ဦးမည်သာ။
"""""""""""""""
ကားထဲကလေထုဟာတိတ်ဆိတ်နေလျက်။ အခုသူတို့သွားနေတာမြို့ပြင်ကိုသွားတဲ့ဘက်ဖြစ်နေ၏။
ထို့ကြောင့်ရိပေါ်က"ခင်ဗျား ဘယ်ကိုသွားမလို့လဲ။
"ဟက် ဝမ်သခင်လေးကကြောက်လို့လား။
"ကြောက်တဲ့ရုပ်ပေါက်နေလား ကျုပ်ရုပ်က။
"လေလေးနဲနဲလျှော့ မင်းရောက်နေတာကိုယ့်ကားပေါ်မှာနော်။
"အဲ့တော့။
"ကိုယ်မင်းကိုတစ်ခုခုလုပ်လိုက်မှာမစိုးရိမ်ဘူးလား။
"ခင်ဗျားသာခင်ဗျားအတွက်ဆိုးရိမ်။
"ဟမ် ဘာပြောလိုက်တာ။
ရိပေါ်ကတစ်ကိုယ်ကြားရုံစာခပ်တိုးတိုးပြောလိုက်တာမို့ ရှောင်းကျန့်သေချာမကြားလိုက်။
"ဘာပြောလို့လဲ။
"အော အင်း။
ရှောင်းကျန့်သူ့ဘေးကဝမ်သခင်လေးအားကားမောင်းရင်းခဏခဏခိုးကြည့်နေမိ၏။ ဖြူဖွေးကာကြည်လင်နေသောအသားအရည်နှင့်ထိုချာတိတ်ဟာလူတိုင်းအားကျရလောက်သည့်အသားအရည်မျိုးအားပိုင်ဆိုင်ထား၏။ ပြီးတော့စူးရဲတဲ့မျက်ဝန်းတွေ ထိပ်မှာလုံးသွားတဲ့နှာခေါင်းလေး
ပြီးတော့တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းလွှာတွေ။ ဒါတွေဟာထိုချာတိတ်အားလူချောတစ်ယောက်ဖြစ်စေဖို့လုံလောက်စေပါ၏။
ပြီးတော့ထိုကောင်လေးမှာအရှိန်အဝါတစ်မျိုးရှိပြီးထိုအရာကစွဲလမ်းစရါကောင်း၏။
ရှောင်းကျန့်ကြည့်နေတုန်းမှာထိုချာတိတ်ဟာသူ့ဖက်လှည့်လာတာမို့
ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး လုပ်ချောင်းဆိုးတော့၏။
