ဝမ်ရိပေါ် သူ့ရင်ခွင်ထဲမှလူသားလေးအားတစိမ့်စိမ့်ကြည့်နေမိ၏။
သူဘယ်လောက်တိုင်ဒီလိုသားကိုချစ်လိုက်ရသလဲ။"ရှောင်း မောင့်ကိုချစ်တယ်လို့ပြောပြီးသွားပြီ မောင့်ကိုထပ်ငြင်းရင်
ရှောင်းနဲ့မောင်အကြောင်းတလောကလုံးသိသွားအောင်လုပ်ပစ်မယ် အဟွန်း။ရိပေါ်ဟာကျေနပ်ပြုံးကြီးနဲ့ ခုတင်ဘေးကခုံပေါ်မှာတင်ထားတဲ့အလှမီးအိမ်ကိုကြည့်နေလိုက်တယ်။
ထိုစဥ် သူ့ရင်ခွင်ထဲမှလှုပ်ယွလာသည်မို့ သူအိပ်ချင်ယောင်ဆောင်လိုက်၏။
ရှောင်းကျန့်နိုးလာတော့နွေးထွေးတဲ့ရင်ခွင်ကြီးထဲမှာ။
ဝမ်ရိပေါ်ဆိုတဲ့အမျိုးသားကအိပ်နေရင်းတောင်ချောမောခန့်ညားနေဆဲ။
သေသပ်လှတဲ့နှုတ်ခမ်း မထူမပါးမျက်ခုံးမွှေးတွေနဲ့မှေးမှိတ်ထားသောမျက်လုံးစုံကိုကာရံထားတဲ့တိုစိတ်စိတ်မျက်တောင်မွှေးလေးတွေ။
ဖြူဖွေးလှသောမျက်နှာပြင်ထက် ဝက်ခြံတစ်ဖုနှစ်ဖုကိုတွေ့နေရ၏။
ချွန်ထွက်နေသော မေးရိုးရှိသော်လည်း ပါးဖောင်းဖောင်းကြီးတွေမှာ ကလေးလေးတစ်ယောက်လိုပင် ချစ်ဖို့ကောင်းလှ၏။
ပါးဖောင်းဖောင်းလေးတွေကိုလက်ညှိုးနဲ့ထိုးကြည့်လိုက်တော့
နစ်ဝင်သွား၏။"မိပြီ
"မင်း အိပ်ချင်ယောင်ဆောင်နေတာပေါ့
"အင်း သူခိုးဖမ်းချင်လို့
ပြောရင်းဝမ်ရိပေါ်က သူဖမ်းထားတဲ့ရှောင်းကျန့်ရဲ့လက်ချောင်းလေးတွေကိုဖွဖွလေးအနမ်းပေး၏။
ရှောင်းကျန့်ရင်ထဲသိမ့်ခနဲ့။တစက်တည်းမှာဘဲ
ညက ကိစ္စကိုသတိရသွားတော့ ဒေါသတွေထွက်လာ၏။
ပြီးနောက်ဝမ်ရိပေါ်ရဲ့ဆံပင်တွေကိုလက်နဲ့ ဆွဲစုပ်လိုက်ပြီး"မင်း နောက်တစ်ခါbarကိုမလာနဲ့ မနေ့ညကငါမဟုတ်ဘဲသက်သက်တစ်ယောက်သာဒီကိစ္စဖြစ်သွားရင်ဘယ်လိုလုပ်မလဲဟမ်။
ရှောင်းကျန့်တွေးရင်းလည်းဒေါသထွက်လာ၏။ တကယ်လို့ညကအခြားသူနဲ့မှားယွင်းသွားမိရင်ဆိုတဲ့အတွေးကဝင်လာပြန်၏။ တဆက်တည်းအဲ့ဆေးခတ်တဲ့သူကိုဖမ်းမိရင်အစိတ်စိတ်အမွှာမွှာနဲ့ဘဝဆုတ်ပျက်သွားအောင်လုပ်ပြစ်မယ်။
ရှောင်းကျန့်ရဲ့အပိုင်ကိုလာထိလို့မရဘူး။
