ep-10🖤(U&Z)

1.7K 104 14
                                    

"ရှောင်း ပန်းတွေကိုယူသွားမယ်ပေါ့။

"ဘာလဲ ငါကလွှတ်ပစ်ရအောင်ယူသွားမလို့ပါနော်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျုပ်လိုက်ပို့မယ်နော်။

"ရတယ် ငါ့ကားဆီကိုဘဲ ပြန်ပို့ပေး။

"မောင်က အိမ်ကိုလိုက်ပို့ချင်လို့ကို။

"မင်း တမောင်မောင် လို့ သုံးလိုက် တကျုပ်ကျုပ်နဲ့သုံးလိုက် ငါကမင်းထက်ဝါကြီးတဲ့သူ လေးစားသင့်တယ်။

"အာ့ဆိုလဲမောင်လို့ဘဲသုံးရမှာလား။

"မသုံးနဲ့ နားထဲကန့်လန့်ကြီး။

"ဘယ်မှာကန့်လန့်ကြီးဖြစ်လို့လဲ။

"မင်းမဖြစ်လည်းငါဖြစ်တယ်။
တကယ်ပါဘဲ အကြီးကိုအကြီးမှန်းမသိ ပိုင်ဆိုးပိုင်နင်းနဲ့။

"ကလေးလေးလိုပွစိပွစိပြောလွန်းတယ် သိလား။

"မင်းမယဥ်ကျေးလို့ပြောနေတာလေ။
ဘာဘဲ ဖြစ်ဖြစ်ငါကမင်းထက်အသပ်ကြီးတဲ့သူဘဲ မင်းကိုယ်မင်းကျွန်တော် လို့တော့သုံးသင့်တယ်။
ခုဟာက ကျုပ် ကျုပ်နဲ့။

"ရှောင်းမကြိုက်ရင် ကျုပ်....အာ..ကျွန်တော်ပြင်ပါ့မယ်။

"ပြီးရော။ပြီးတော့ငါ့ကိုရှောင်းလို့မခေါ်စမ်းပါနဲ့ ကောလို့ခေါ်လဲရပါတယ်။

"ဟင့်အင် ရှောင်း လို့ဘဲခေါ်မှာ အဲ့တာတော့လာမတားနဲ့မရဘူး ရှောင်း။ ကျုပ်မြတ်နိုးတဲ့ခင်ဗျားကို ကျုပ်မြတ်နိုးရတဲ့နာမ်စားလေးဘဲခေါ်ချင်တာ။

18နှစ်သားလေးဆီမှ ချစ်ခြင်းစကားတွေကြားရတော့ရှောင်းကျန့်မှာမျက်နှာပူရပြန်၏။ ဝမ်ရိပေါ်ဟာ တကယ်ကြီးသူ့ကိုသဘောကျနေတာလား။သူ့မှာပြောစရာစကားမရှိသလို
ပါးစပ်အဟောင်းသားနဲ့။

"ပြီးတော့ ရှောင်းကိုစတွေ့ကတည်း ကျုပ်လို့သုံးချင်နေတာက ဘာမှန်းမသိတဲ့အာသီသတစ်ခုဘဲ။
ခင်ဗျားကြောင့်ပါ ရှောင်း တာဝန်ယူပေးပါ။

"ဘာ..... ဘာဆိုင်လို့လဲ။ ငါပြန်တော့မယ် လိုက်ပို့ပေး။

"ဟက် ဒါဆိုလဲတက်။

"ဒါကြီးစီးပြီးပြန်ရမှာလား။

"ဒါစီးမပြန်ချင်လို့ မောင့် ကိုစီးပြီးပြန်ချင်လို့လား။

𝚇𝚒𝚊𝚘'𝚜 𝙷𝚞𝚜𝚋𝚊𝚗𝚍Where stories live. Discover now