အခန်းပြတင်းပေါက်မှလိုက်ကာစများအားထိုးဖောက် ကာဝင်ရောက်လာသောနေရောင်ခြည်စူးစူးကြောင့်ရိပေါ် နိုးလာ၏။
ခေါင်းအုံးကားယူကာမျက်နှာပေါ်အုပ်မည်အလုပ် သူ့လက်တွေလှုပ်မရတာကိုသိသွား၏။
ထို့နောက်ရင်ခွင်ထဲမှကိုယ်ငွေ့လေးအားခံစားမိသောကြောင့်ငုံ့ကြည့်လိုက်တော့ ရှောင်းကျန့်ဖြစ်နေ၏။"ရှောင်းကျန့်။
ကိုက်ရာဗလပွနဲ့ရှောင်းကျန့်ဟာသူ့ရင်ခွင်ထဲမှာအသက်ရှူမှန်မှန်နှင့်အိပ်ပျော်နေ၏။
ညကအဖြစ် အပျက်များအားသတိရမိတော့ ဝမ်ရိပေါ် နှုတ်ခမ်းထက်အပြုံးများကကျေနပ်စွာဖြစ်ပေါ်လာ၏။
ရင်ခွင်ထဲမှ ကိုယ့်ရှူးကိုယ်ပတ်သွားသော ရှောင်းကျန့်အားငုံ့ကြည့်ရင်းဖွဖွရယ်မိပြန်၏။"ခင်ဗျားပေးတဲ့မွေးနေ့လက်ဆောင်ကိုကျုပ်အကြိုက်ဆုံးဘဲ။
ရှောင်းကျန့်ရဲ့အမြဲတမ်းနဖူးပေါ်သပ်တင်ထားသောဆံစများဟာယခုတော့နဖူးပေါ်မှာကပိုကရိုကျနေပြီး မျက်စိများအားဖုံးအုပ်သည်အထိရှည်၏။
သွယ်လျတဲ့မျက်နှာလေးနှင့် နှာတံချွန်ချွန်လေး။ မှေးမှိတ်ထားသော မျက်ခွံများအောက်က မျက်ဝန်းညိုလေးကိုသူသဘောကျမိ၏။ အဲ့မျက်ဝန်းညိုတွေဟာကြယ်တာယာတွေစုဝေးနေသလိုတောက်ပလွန်းသည်။ မျက်နှာသွယ်သွယ်လျလျလေးနဲ့ နှုတ်ခမ်းပါးလေး။ ပြီးတော့နှုတ်ခမ်းအောက်ကမှည့်နက်လေးကအရမ်းဆွဲဆောင်မှုရှိလွန်းတယ်။
မျက်နှာလှလှလေးမှာမုတ်ဆိတ်မွှေးနဲ့နှုတ်ခမ်းမွေးတွေရှိနေတာကကြောင်တောင်တောင်နိုင်ပေမဲ့။ ထိုလူနှင့်တော့တစ်မျိုးလေးဆွဲဆောင်မှုရှိနေ၏။တဆိတ်လောက် ထူးဆန်းနေတာက သူညကအဖြစ်အပြတ်နဲ့ပတ်သတ်ပြီးတုန်လှုပ်မှာမရှိတဲ့အပြင်ဘာ့ကြောင့်ကျေနပ်နေမိတာလဲ။
ဒါကြီးကမဟုတ်သေးပါဘူး။သူကြည့်နေတုန်းမှာပင်ရင်ခွင်ထဲကလူကလူးလွန့်ကာနိုးလာ၏။
"အ့ ကျွတ် ကျွတ် ကျွတ်..
ရှောင်းကျန့် ခါးရိုးတစ်လျှောက်မှနာကျင်မှုနှင့်အတူ လှုပ်လိုက်မရာက
နာကျင်သွားတဲ့သူ့အနောက်ရပ်ဝန်းလေးကြောင့် နာကျင်စွာညီးညူမိ၏။
ဒါဆိုညကအဖြစ်အပျက်တွေကအိပ်မက်မဟုတ်ဘူးဘဲ။
ပြန်တွေးမိလိုက်တိုင်းကိုယ့်ကိုကိုယ်သာသတ်ချင်စိတ်တွေဝင်လာ၏။
ယခုသူ့အဖြစ်က ထိုင်နေရာမှအကောင်းထသွားမှအကျိုးဆိုသည့်စကားပုံလိုဖြစ်နေ၏။ ကိုယ့်ဘာသာကိုယ်သူများမကောင်းမကြံဘဲအေးဆေးေနခဲ့မိရင်အခုလိုဖြစ်မှာမဟုတ်။ ခုတော့သူများမကောင်းကြံရင်း ကိုယ်ပြန်အကြံခံလိုက်ရတာကြားတောင်ကောင်းပါရဲ့လား။
YOU ARE READING
𝕏𝕚𝕒𝕠'𝕤 ℍ𝕦𝕤𝕓𝕒𝕟𝕕
Ação(fic name ဘဲညိုကြီးကိုပေါက်စီလုံးလေးကစားလိုက်ပြီ >>to>> Xiao's Husband)