အိမ်ကြီးရဲ့တံခါးတွေပြတင်းပေါက်တွေလိုက်ပိတ်ရင်းကောင်လေးတစ်ယောက်ခြံရှေ့မှာရပ်နေတာမို့သူသွားကြည့်တော့ သားကျန့်နဲ့အသိတဲ့ ပြီးတော့သားကျန့်အတွက်စားစရာတွေယူလာတာမို့သူ့ကိုဖွင့်ပေးပါတယ်။
ဒီကလေးကိုသူတရင်းတနှီးသိနေသလိုဖြစ်တာမို့သေချာစဥ်းစားကြည့်မှသတင်းတွေမှာပါလာတတ်သည့်ဝမ်ဂရုရဲ့ဆက်ခံသူ သခင်လေးပင်။
ဟိုတလောကမှထိုသခင်လေးမွေးနေ့ကသတင်းမှာတတက်လာသေး၏။
ဒါ့ကြောင့်တံခါးဖွင့်ပေးပြီးအိမ်ထဲဝင်ကာသားကျန့်ကိုလာခေါ်တော့ အကြောင်းစုံတောင်ပြောမပြရသေး
သားကျန့်ကအောက်ထပ်ပြေးဆင်းသွားတာတရှိန်ထိုးပင်။~~~~~~
"ဝမ်ရိပေါ်
"ရှောင်း
"မင်းဘာလာလုပ်တာလဲ။ အချိန်မရှိတော့ဘူးလေ။
"ရှောင်းဘာမှမစားရသေးဘူးဆိုလို့။
"အဲ့တာနဲ့ဘဲမင်းငါ့အိမ်ကိုအချိန်မတော်ကြီးရောက်ချလာတယ်ပေါ့။
"ဆိုပါတော့ လာပါရှောင်းရယ်။
ရိပေါ်ကရှောင်းကျန့်လက်အားဆွဲကာမီးဖိုခန်းဘက်ထဲခေါ်လာသည်မှာ မသိရင်သူ့အိမ်သူ့ယာကြီးလိုပင်။
မီးဖိုခန်းထဲရောက်သည်နှင့်ရှောင်းကျန့်အားခုံမှာထိုင်စေပြီး သူဝယ်လာတဲ့စားစရာတွေကိုထည့်နေ၏။
ပြီးတော့အငွေ့တထောင်းထောင်းထနေတဲ့ပန်းကန်အားသူ့ရှေ့လာချပေးပြီး"စားလို့ရပါပြီ။
"ဖက်ထုပ်လား။
"အင်းလေ။
ရှောင်းကျန့်မှာနေ့လည်ကတည်းမှဘာမှသေချာမစားရသေးတာမို့ အငွေ့တထောင်းထောင်းထနေသောဖက်ထုပ်အားဟန်ပင်မဆောင်နိုင် တခါတည်းယူစားလိုက်၏။ နူးညံ့နေသောဖက်ထုပ်ပေါင်းနှင့်ချိုမျှနေသောအသားအစာသွပ်လေးဟာသူ့လျှာဖျားထဲစိမ့်ဝင်သွား၏။ ထို့နောက်တစ်ခုပြီးတစ်ခုယူစားရင်းဖက်ထုပ်ဟင်းရည်တွေလည်းတဖူးဖူးမှုတ်ကာသောက်တော့၏။ အားလုံးစားပြီးသွားမှ ဗိုက်လေးအားပွတ်ကာ ဝမ်ရိပေါ်အားသတိရလို့ကြည့်မိလိုက်တော့။
" ဘာ...ဘာကြည့်တာလဲ။
သူ့ကို ဝမ်ရိပေါ်ကခုံပေါ်လက်ထောက်ပြီးခေါင်းမှီထားကာပြုံးပြုံးကြီးကြည့်နေတာဖြစ်၏။ ထိုအကြည့်တွေထဲမှကြင်နာမှုတွေဖိတ်ယိုနေသဖြင့်ရှောင်းကျန့်မှာ အရှက်သည်းရပြန်၏။
YOU ARE READING
𝕏𝕚𝕒𝕠'𝕤 ℍ𝕦𝕤𝕓𝕒𝕟𝕕
Action(fic name ဘဲညိုကြီးကိုပေါက်စီလုံးလေးကစားလိုက်ပြီ >>to>> Xiao's Husband)