"ဟေ့ကောင် ဝမ်ရိပေါ်
မိမိအခန်းရှိရာအပေါ်ထပ်သို့ခြေသံအားဖွကာနင်းလာပါသော်လည်းလှေကားထိပ်တွင်သူ့ရဲ့ဒယ်ဒီဖားသားကြီးကအခန့်သားရပ်ကာသူ့အားမျက်ထောက်နီနှင့်ကြည့်နေ၏။
"ဒါဘယ်အချိန်ရှိပြီလဲ ဟမ်။
ရိပေါ်ကလက်မှနာရီအားကြည့်ကာ ခပ်တည်တည်နှင့်11နာရီ1မိနစ်နဲ့34စက္ကန့်ပါဒယ်ဒိီ။
"ငါမင်းကိုနာရီမေးနေတာမဟုတ်ဘူး။ မင်းပြန်လာတဲ့အချိန်ကိုမေးနေတာ။
"အော မသိဘူးလေ။
"ဘာမသိဘူးလည်း ငါလုပ်လိုက်ရင်မင်းသေဦးမယ်။ လူကအရွယ်ရောက်မယ်မကြံသေးဘူး အခုကတည်းမှခြေလှမ်းကပျက်နေပြီ။ အချိန်မတော် မှအိမ်ပြန်မယ်သောက်မယ်စားမယ်ပွေလေမယ်။ မင်းကိုမင်းဟုတ်လှပြီထင်မနေနဲ့ဝမ်ရိပေါ်။
မင်းကိုငါမွေးထားတာ။"ဟုတ်လို့လား ကျွန်တော့်ကိုမားကမွေးပေးထားတာမဟုတ်ဘူးလား။
"ဒီငါ္...ငါပြောရင်မကောင်းရှိဦးမယ်။
မင်းကိုငါပြောမယ်. မင်းအဲ့လို့လေ လွင့်လျှောက်သွားနေမဲ့အစားကုမ္မဏီကိစ္စတွေကိုလေ့လာသင်ယူရမယ်။"ဟာ ဒယ်ဒီရာသားမှအဲ့တာတွေဝါသနာမပါတာ။
"မရဘူး မင်းကိုxiao ကုမ္မဏီရဲ့CEOစီမှာအလုပ်သင်သွားလုပ်ရမယ်။ သူကငယ်ရွယ်တဲ့သူဆိုတော့မင်းကိုပိုထိန်းသိမ်းနိုင်မှာ။
"xiao ကုမ္မဏီဆိုတော့ ရှောင်းကျန့်ပေါ့။
"အေးလေ။
"ဒယ်ဒီသားဘယ်နေ့အလုပ်စသင်ရမလဲ
ဝမ်သခင်ကြီးမှာဆူပုတ်နေရာမှ ရုတ်တရက်ကြီး မုန့်ရတဲ့ကလေးလိုမျက်နှာဘေးနဲ့တက်ကြွစွာ အလုပ်ဆင်းဖို့ပြောလာတဲ့သားဖြစ်သူကြောင့် အံ့သြ သွားရ၏။ ဒါပေမဲ့လည်းကောင်းပါတယ်။ ရှောင်းလူကြီးမင်းကိုတော့ပြောကြည့်ရဦးမည်။
"နေဦး ငါရှောင်းCEOကို အကူအညီတောင်းရဦးမှာ။
"ဟာ အဲ့ဆိုလဲ ရအောင်တောင်းနော်ဒယ်ဒီ သားသူ့စ်ိီမှာဘဲအလုပ်သင်ချင်တာ။
"အေးပါ။
"ဒါဆိုသားသွားပြိနော်။
"အေးအေး
YOU ARE READING
𝕏𝕚𝕒𝕠'𝕤 ℍ𝕦𝕤𝕓𝕒𝕟𝕕
Action(fic name ဘဲညိုကြီးကိုပေါက်စီလုံးလေးကစားလိုက်ပြီ >>to>> Xiao's Husband)