"ရှောင်း ဒီနေ့အတူတူနေ့လည်စာစားကြမယ်နော်။
"အင်း
"ရှောင်း... မောင်ညနေကျောင်းကပြန်ရင်လျှောက်သွားကြမလား။
"အင်း
ရှောင်းကျန့်ကစာရင်းတွေစစ်နေတာမို့ဝမ်ရိပေါ် ပြောသမျှအင်းအဲနဲ့သာထောက်ခံနေ၏။
"ဒါဆိုမောင့်ကိုရောချစ်လား။
"အင်း။ဟမ်...ဘာ..
"ဟားဟားး
"ဝမ်ရိပေါ်မင်းအလုပ်တွေပြီးလို့ငါ့ကိုလာနှောင့်ယှက်နေတာလား။
"အလုပ်တွေကပြီးတာကြာပေါ့။
တကယ်ပါဝမ်ရိပေါ်ဟာနည်းနည်းလေးမှအခွင့်အရေးမပေးသင့်ဘူးသိလား။ ဟိုနေ့က ကိစ္စပြီးကတည်းမှ ဝမ်ရိပေါ်မှာရှောင်းကျန့်နားကမခွာ ။
အဲ့နေ့ကမေတ္တာပိုကာသနားမိသွားတဲ့ကိုယ့်ကိုယ်ကိုသာရှောင်းကျန့်လုပ်လိုက်ချင်တော့သည်။
တကယ်ပါ အခုလည်းသူ့နားမှာတတွတ်တွတ်နဲ့ ပြောစရာစကားလည်းမကုန်နိုင်ဘူးလားမသိ။
ရှောင်းကျန့်ကဘယ်အလုပ်မဆိုအလေးထားကာအာရုံစိုက်လုပ်တတ်သည်မို့ဝမ်ရိပေါ် တတွတ်တွတ်ထိုးနေတာနဲ့အဆင်မပြေတော့။ထို့ကြောင့်ဝမ်ရိပေါ်ကို တစ်ခုခုလုပ်ခိုင်းဖို့ ပြောရတော့မည်။"အရင်လက ငွေချုပ်စာရင်းနဲ့အခုလငွေစရင်းကိုထွက်ထားပေး။ဒီဇိုင်းဋ္ဌာနက အဖွဲ့မှူးဆီသွားပြီးဒီဇိုင်းတွေဆွဲ ပြီးရင်တင်ပြဖို့နဲ့။ မနက်ဖြန်အစည်းအဝေးအတွက်လိုအပ်တာတွေသွားလုပ်ပေး။
"ဟုတ်ကဲ့ခင်ဗျ။
ဒီလိုမှဝမ်ရိပေါ်ကသူ့အနားကခွာသွားပြီး သူ့အလုပ်သင်စားပွဲမှာ လချုပ်ငွေစာရင်းတွေအားတွက်နေ၏။
"ဂွီ"
အချိန်ဘယ်လောက်တောင်ကြာသွားတယ်မသိ ဝမ်ရိပေါ်ဗိုက်မှာအသံတောင်မြည်လာ၏။ စာရင်းတွေကလည်းအခုထိမပြီးသေး။
ရှောင်းကိုကြည့်လိုက်တော့ကွန်ပျူတာကိုတတောက်တောက်နှိပ်ကာ အလုပ်ရှုပ်၏။
ရှောင်းရဲ့အလုပ် လုပ်ပုံလေးကအရမ်းကိုကြည့်ကောင်း၏။ အလုပ်အပေါ်အာရုံစူးဆိုက်ထားပုံလေးကလည်းရိပေါ်ရင်ထဲ ကလိကလိဖြစ်စေ၏။ ကြည်လင်နေသောမျက်နှာလေးနဲ့ သူ့ရဲ့ရှောင်းကတကယ့်အကြည်ဓာတ်လေးပင်။ မျက်မှန်လေးရဲ့အောက်က ကြယ်တာရာတွေစုဝေးနေသလို မျက်လုံးတောက်တောက်လေးတွေကလည်းသူအမြတ်နိုးဆုံးပင်။
မဟုတ်သေးဘူး ရှောင်းနဲ့ပတ်သတ်ရင်အရာရာကသူ့အတွက်မရိုးနိုင်သောမြတ်နိုးမှုတွေချည်းသာဖြစ်သည်။ သူယောကျ်ားလေးတွေကိုမကြိုက်ဘူး သူကgayလည်းမဟုတ်ဘူး သူကရှောင်းကျန့်ဆိုတဲ့ အမျိုးသားကိုဘဲ မြတ်နိုးမိတာ။
ကြင်နာမိတာ။ရယူချင်တာ ပိုင်ဆိုင်ချင်တာ။ ဒီခံစားချက်ဟာအခုရောနောင်ရော ရှောင်းကျန့်နဲ့ပတ်သတ်ရင်မပြောင်းလဲသွားမဲ့ခံစားချက်တွေဖြစ်သည်။
YOU ARE READING
𝕏𝕚𝕒𝕠'𝕤 ℍ𝕦𝕤𝕓𝕒𝕟𝕕
Acción(fic name ဘဲညိုကြီးကိုပေါက်စီလုံးလေးကစားလိုက်ပြီ >>to>> Xiao's Husband)