ep-16🖤(U&Z)

806 63 18
                                    

"တင်...တင်..တင်

ရှောင်းကျန့် အဆက်မပြတ်ဝင်လာတဲ့ဖုန်းmassageသံကြောင့် လုပ်လက်စအလုပ်ကိုခဏရပ်ကာ ဖုန်းကိုယူလိုက်၏။

ဘယ်သူပို့မှန်းမသိတဲ့massageတွေကြောင့်ရှောင်းကျန့်ဝင်ကြည့်လိုက်သည်။

*ဝမ်ရိပေါ်နဲ့ပတ်သတ်တာတချို့သိချင်ရင်**hotelကိုလာခဲ့။*

ဟူသောmassage နှင့်အတူ ဝမ်ရိပေါ်နှင့်ကောင်မလေးတစ်ယောက်ပုံ။

ရှောင်းကျန့်မှာ ရှိန်းခနဲ့ဖြစ်သွားသောခံစစားချက်ကပူလောင်လွန်း၏။

ဝမ်ရိပေါ်ကဘာလဲ သူ့ကိုချစ်တယ်ပြောပြီးကောင်မလေးရှိနေတာလား။
ဝမ်ရိပေါ်ကဘယ်လိုလူလဲ သူ့ကိုဘာလို့လာကစားနေတာလဲ။

ေရှာင်းကျန့်ဟာ ကားသော့အားဆွဲကာ **hotelကိုထွက်လာလိုက်၏။
ရှောင်းကျန့်hotelရှေ့မှာကားရပ်လိုက်ပြီး hotelကြီးကိုကြည့်ကာတွေဝေနေမိ၏။ သူဝင်သွားရမှာလား။

ထိုအချိန်မှာပင်သူ့ရှေ့မှာကားတစ်စီးရောက်လာပြီး ကားထဲမှထွက်လာသူကဝမ်ရိပေါ်နှင့်နောက်ထပ်ကောင်မလေးတစ်ယောက်

ရှောင်းကျန့်ရင်ထဲဒိန်းခနဲ့ခုန်တက်သွားပြီး လက်မှဖုန်းကိုထုတ်ကာထိုအရာကိုမှတ်တမ်းတင်ထားလိုက်၏။ ဒါမှ ဝမ်ရိပေါ်အားသက်သေနဲ့တကွရှင်းနိုင်မှာ။ ကိုယ့်ကိုချစ်ကြောင်းကြိုက်ကြောင်းပြောနေသူကနောက်ကွယ်မှာရည်းစားနှင့်။
သူရိသဲ့သဲ့ပြောတိုင်းကိုယ့်မှာအရှက်ပိုခဲ့ရသည်ကိုသူ့စိတ်ထဲမှာလှောင်နေမလား သူ့ဘက်ကိုစိတ်ယိုင်ချင်သည့်ကိုယ့်ကိုကွယ်ရာမှာဟားတိုက်နေမလား။ ရှောင်းကျန့်ဟာဒေါသကြောင့်
အသားတွေပင်တစက်စက်တုန်လာ၏။ ပြီးတော့မျက်ရည်တွေနှင့် hotelထဲဝင်သွားသူနှစ်ယောက်အားကြည့်နေလိုက်၏။
သူ့ရဲ့မာနတွေဘယ်လောက်တောင်ထိခိုက်လိုက်မလဲ။

ရှောင်းကျန့်ကားပေါ်မှဆင်းကာထိုhotelထဲလိုက်သွားလိုက်၏။
ဝမ်ရိပေါ်နဲ့ထိုမိန်းကလေးဟာ အပေါ်ထပ်ကိုliftနဲ့တက်သွားတာမို့သူလည်းအခြားliftနဲ့တက်လိုက်သွားလိုက်၏။

တင်

ဓာတ်လှေကားရပ်သွားသည်နှင့်
ရှောင်းကျန့်အပြင်ကိုထွက်ကာရှေ့မှနှစ်ယောက်နောက်အားဆက်လိုက်သွားလိုက်၏။
ဝမ်ရိပေါ်ဟာ ကောင်မလေးကို ဖက်ထားရင်းအခန်းထဲကိုဝင်သွား၏။

𝕏𝕚𝕒𝕠'𝕤 ℍ𝕦𝕤𝕓𝕒𝕟𝕕Where stories live. Discover now