"သား
"ဗျာ မာမီ
မာမီကဆိုဖာပေါ်မှာထိုင်ကာသူ့ကိုစောင့်နေပုံထောက်ရင် သေချာတယ် ဟိုလင်းမိန်ယွဲ့ဆိုတဲ့မိန်းမက အာချောင်လိုက်ပြီနေမှာ။ ဒယ်ဒီကတော့အနားယူလောက်ပြီထင်၏။ ဒယ်ဒီကသူ့ဘာသာသူရိပေါ်နဲ့မတည့်မယ်။ ရိပေါ်ရဲ့အရာရာကိုတော့လိုက်ထောက်မနေ။ဒယ်ဒီကနားလည်ပေးတတ်၏။
"သား လင်းအာလေးကိုဂရုစိုက်ပေးလိုက်ပါဦးကွယ်။ သူ့ခဗျာလေ....
"တော်ပြီမာမီ မာမီဘယ်လမ်းခင်းနေလည်းသားသိတယ်နော်။ သားပြောထားမယ် သားအချစ်ရေးရောအိမ်ထောင်ရေးရောကို မာမီတို့စိတ်တိုင်းကျလာမချုပ်ခြယ်ပါနဲ့။
သားက ကိုယ်ချစ်ရတဲ့သူကလွဲလို့ဘယ်သူ့ကိုမှ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်မှာမဟုတ်ဘူး။"သားရယ် လင်းအာလေးက ချစ်ဖို့ကောင်းပါတယ်။ ပြီးတော့အရမ်းလိမ္မာတဲ့ကလေးမလေးပါ။သားကဘာလို့သဘောမကျရတာလဲ။
"ချစ်စရာကောင်းတိုင်း ကြိုက်ရမယ်ဆိုရင် သားတွဲနေမဲ့မိန်းကလေးတွေက သား သက်စေ့ထက်တောင်ကျော်နေလောက်ပြီမာမီ။
"အဲ့တာဆိုသားမှာ ချစ်သူရှိလား။ ချစ်သူရှိရင် မာမီတို့ကိုမိတ်ဆက်ပေးလေ။
"ရှိတယ်။ အခုမှကြိုးစားနေတုန်း။ အချိန်တန်ရင်တွေ့ရမှာပါ မာမီရာ မလောစမ်းပါနဲ့။ သားကအခုမှငယ်တုန်းရွယ်တုန်းဘဲရှိသေးတာလေ။
ရိပေည်မာမီ့ကိုပြောကာ မျက်လုံးတစ်ဖက်မှိတ် တစ်ခြမ်းဆောင်းအပြုံးကိုပြုံးရင်း အပေါ်ထပ်ကိုတက်သွားလိုက်တော့၏။
"ဒီကောင်လေးဟာလေ အလိုလိုက်မိတာကိုကအမှား။
...........................
အောက်ထပ်၌မာမီဘယ်လိုကျန်ခဲ့လဲသူဂရုမစိုက်ပါ။ဒီတစ်ကမ္ဘာလုံးမှာသူဂရုစိုက်တဲ့သူဆိုတာမရှိ။ ဘယ်သူ့မျက်နှာမှလည်းသူကထောက်ထားနေတတ်ထာမျိုးမဟုတ်။ သူ့ပုံစံက အစကတည်းမှ တစ်ကိုယ်ကောင်းစိတ်ဘဲ။ သူကသူဘဲ သူ့ကိုလာမချုပ်ခြယ်နဲ့ လာအမိန်းမပေးနဲ့ ။ အဲ့အရာတွေကိုသူကဘဲလုပ်မယ်။ သူ့ကိုလာလုပ်လို့တော့မရ။ Wang YiboဆိုတာLeo (Lion)။ အားလုံးရဲ့အထက်မှာဘဲရှိနေတာ။အားလုံးကိုဘဲသူကလွှမ်းမိုးနေရမှာ။
YOU ARE READING
𝕏𝕚𝕒𝕠'𝕤 ℍ𝕦𝕤𝕓𝕒𝕟𝕕
Action(fic name ဘဲညိုကြီးကိုပေါက်စီလုံးလေးကစားလိုက်ပြီ >>to>> Xiao's Husband)