ရှောင်းကျန့်အခုရောက်နေတာကဝမ်ရိပေါ်ရဲ့အတင်းဆွဲခေါ်လာမှာကြောင့်ဝမ်အိမ်တော်ကိုရောက်နေတာပင်။
"အော် ရှောင်းကုမ္မဏီကCEO ပါ့လားရှင်။
" မာမီ ဒယ်ဒီ့ကိုပါခေါ် သားရှင်းစရာရှိလို့။
"အော ဘာတွေဖြစ်လာကြပြန်ပြီလဲ။
အာ့ဆိုလဲခနစောင့်မာမီသွားခေါ်ပေးမယ်။ပြောပြောဆိုဆို ဝမ်သခင်မကအိမ်အပေါ်ထပ်ကိုတက်သွားသည်မို့
ရှောင်းကျန့်လည်းဝမ်ရိပေါ်ဘက်လှည့်ကာ"မင်း ဘာတွေလုပ်မလို့လဲ။
"ကျုပ်မှာ ရှောင်းပဲရှိတယ်ဆိုတာကုသက်သေပြမလို့။
"တော်ပြီ!!ဝမ်ရိပေါ် ငါမျက်နှာပူစရာတွေကိုမင်းလျှောက်မလုပ်နဲ့။
"ဘာလို့မျက်နှာပူရမှာလဲ အခုကတည်းမှရှင်းထားရမယ်။ နောက်ဆို ကျုပ်တို့ကြားမှာဘာအဖျက် အနှောင့်တွေမရှိရအောင်လို့။
"မင်းနဲ့ငါဘာမို့လို့ အဲ့စကားပြောနေတာလဲ။
"ခင်ဗျားသာမူမနေဘဲချစ်တယ်လို့အဖြေပေးလိုက် အခုချက်ခြင်းလက်ထပ်လိုက်လို့ရတယ်။
"မင်း!!!
ရှောင်းကျန့်ဝမ်ရိပေါ်ကိုပြန်ပြောမည့်စကားတွေဟာလည်ချောင်းဝတွင်ပြန်ကျသွား၏။ အကြောင်းမှာတော့ဧည့်ခန်းထဲဝင်လာတဲ့လူသုံးယောက်ကြောင့်ပင်။
အမျိုးသားကြီးတစ်ယောက် ပြီးတော့အမျိုးသမီးကြီးတစ်ယောက်နှင့်မိန်းကလေး တနု့ကဧည့်ခန်းထဲဝင်လာကာခုံမှာအသီးသီးဝင်ထိုင်ကြ၏။
အမျိုးသမီးကြီးက"သားရိပေါ် ခေါ်တာဆို ဘာပြောချင်လို့လဲ။
"ခဏစောင့်ပေးပါ ဒယ်ဒီနဲ့မာမီဆင်းလာရင် အကြောင်းစုံပြောပြပါ့မယ်။
ရှောင်းကျန့်ကလူကြီးတွေနဲ့မို့ ပူးကပ်နေတဲ့ဝမ်ရိပေါ်ဘေးကနေခွာလိုက်၏။
ဝမ်ရိပေါ်ကသဘောမကျသလိုတချက်စူးစိုက်ကြည့်လာတာကိုလည်းရှောင်းကျန့်ဂရုမစိုက်ပါ။
ရှောင်းကျန့်သူ့ရှေ့မှမိန်းကလေးက သူအားစိုက်ကြည့်နေသည်မို့တစ်မျိုးတော့ဖြစ်သွား၏။ ပြီးတော့ထိုမိန်းကလေးကမဲ့ပြုံးလေးပြုံးရင်း
ရှောင်းကျန့်ကိုကြည့်နေ၏။ရှောင်းကျန့်ကတော့မနာလိုမှုတွေပြည့်နေတဲ့မျက်ဝန်းတွေနှင့်ထိုမိန်းကလေးကိုလျစ်လျူရှု့ထားလိုက်သည်။
YOU ARE READING
𝕏𝕚𝕒𝕠'𝕤 ℍ𝕦𝕤𝕓𝕒𝕟𝕕
Action(fic name ဘဲညိုကြီးကိုပေါက်စီလုံးလေးကစားလိုက်ပြီ >>to>> Xiao's Husband)