ep-1🖤(U&Z)

4.7K 145 4
                                    

"ရိပေါ် ငါတို့ဒီနေ့အတန်းလစ်ကျမလား။

"အေး

"ထုံးဆန်အတိုင်းဆိုင်ကယ်လျှောက်ပတ်စီးမှာလား။

"ဒါကြီးကရိုးနေပြီ ငါတို့ bar သွားမယ်။

"ဟာ ဖြစ်ပါ့မလားကွ။ငါတို့မှအသက်မပြည့်သေးတာ။

"ဒီမှာ black card ။ ပိုက်ဆံရှိရင်အကုန်ဖြစ်တယ် ဟောက်ရွှမ်းရ။

"ဒါပေမဲ့..

"မလိုက်လဲကျန်ခဲ့ဟေ့ကောင်။

"လိုက်မှာပေါ့ကွ မင်းကလည်း။

"အဲ့တာနဲ့များ စောက်စကားများနေ။

"ဟီးး မင်းကလည်း။

ရိပေါ်က Wang Group ရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်သည်။ ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး ကျောင်းရဲ့King လည်းဖြစ်သည်။ တစ်ကျောင်းလုံးကမိန်းကလေးတွေရဲ့နှင်းဆီခိုင်ကြီးဝမ်ရိပေါ်ဟာဖြင့် အချေကိုယ်တော်ဟုလည်း နာမည်ကြီး၏။သူ့ကိုလာကပ်သောမိန်းကလေးများအား အားမနာလျှာမကျိုးငြင်းလွှတ်ပုံမှာလည်းထင်ရှား၏။သို့သော် မိန်းကလေးများဟာအမှတ်မရှိကြပေ။ သူတို့က မရနိုင်တာကိုမှငမ်းငမ်းတတ်လိုချင်နေကြတာဖြစ်၏။ ဝမ်ရိပေါ်တို့က သူ့ကိုဘယ်သူလာကြိုက်ကြိုက်ဂရုမစိုက်ပေါင် ။ခုချိန်ထိသူ့ကိုရင်ခုန်အောင်လုပ်နိုင်သူမှာ မရှိ။ထို့ကြောင့်အချစ်ကိုလည်းဝမ်ရိပေါ်တို့ယုံကြည်မနေ။

#bar တွင်#

"ရိပေါ်ဖြစ်ပါ့မလားကွ။

"မလိုက်လည်းကျန်ခဲ့ကွာ။

"လိုက် မှာပေါ့ကွ ။

"အဲ့တာနဲ့ဘဲစောက်စကားကများနေတယ်။

"ဟီး

barထဲရောက်တော့ ထောင့်ကျတဲ့ဝိုင်းမှာဘဲ သူငယ်ချင်းနှစ်ယောက်ထိုင်လိုက်ကြတယ်။
ဆယ်ကျော်သက်အရွယ်ဆိုတာအသစ်အဆန်းတွေလုပ်ချင်နေကြတာသဘာဝဘဲမဟုတ်လား။

ရိပေါ်တို့မှာထားတာတွေရသည်နှင့်
ဟောက်ရွှမ်းကတော့အပီတွယ်တော့၏။ ရိပေါ်က ဝီစကီ ခွက်ကိုခိုင်ကာ ဖြည်းဖြည်းချင်းသောက်နေ၏။
ရုတ်တရက်သူ့မျက်စိထဲနေရာယူလာသောလှပသည့်အပြုံးလေးများ။
ထိုအပြုံးတို့၏ ပိုင်ရှင်အားရိပေါ်စူးစိုက်ကြည့်နေမိ၏။ ဘယ်လိုတောင်မို့လို့ သူ့အပြုံးတွေကအဲ့လောက်ဆွဲဆောင်နေနိုင်ရတာလဲ။

𝚇𝚒𝚊𝚘'𝚜 𝙷𝚞𝚜𝚋𝚊𝚗𝚍Where stories live. Discover now