"ပြွတ်စ်"
"အွန့်....
ရှောင်းကျန့်ကြောင်အသွားရ၏။ ဝမ်ရိပေါ်ကအခုသူ့ကိုနမ်းလိုက်တာပေါ့။
ပြီးတော့ဖွဖွလေးနမ်းကာရှောင်းကျန့်နှုတ်ခမ်းသားတွေကိုအသာလေးစုပ်ယူနေသည်မှာနူနူးညံ့ညံ့လေးနဲ့မို့ရှောင်းကျန့်တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းထကာအူတွေအသည်းတွေပင်ယားသွားသလို။"အွန်းးး မင်း...ယွတ်။
အနမ်းခံနေရသောကြောင့်စကားတို့ကလည်းမပီမပြင်စွာ
ရှောင်းကျန့်ဟာသူ့အပေါ်မှာငုံ့မိုးကာနမ်းနေသောဝမ်ရိပေါ်၏ရင်အုပ်ကြီးအားတွန်းကာ
သတိပေးလိုက်တော့ဝမ်ရိပေါ်ကသူ့အောက်နှုတ်ခမ်းလေးအားစုပ်ယူကာလွှတ်ပေးလာ၏။
ရှောင်းကျန့်သူ့နှုတ်ခမ်းလေးအားလက်နဲ့သုတ်ကာ"မင်း မရမ်းကားနဲ့ဝမ်ရိပေါ်။
အသက်ရှူသံတွေမြန်နေကာ မျက်ခမ်းစပ်လေးတွေနီနေသောရှောင်းကျန့်မှာဒေါသတကြီးအသံနှင့်ပြောလာ၏။
"ရမ်းကားတယ်ထင်ရင်လည်းမတက်နိုင်ဘူးဗျာ။ ကျုပ်ကြိုက်လို့ကျုပ်နမ်းတာ ဘာဖြစ်လဲ။
"မင်းငါ့ကိုအဲ့လိုမလေးမစားလုပ်။ ငါမင်းကိုဘယ်တော့မှလက်ခံပေးလာမှာမဟုတ်ဘူး သိလား။
"မသိဘူး။
"မင်း...မင်း
"တမင်း မင်းနဲ့ မနေ့ညကခေါ်သလို မောင် လို့ခေါ်ပါ့လား။
"မင်း...သွား မင်းငါ့ရုံးခန်းကနေထွက်သွား...။
"ok သွားမှာပါဗျာ။
ဒါပေမဲ့ တစ်ခုပြောခဲ့မယ်။
ကျုပ်နမ်းတာကိုခံနိုင်ရည်ရှိအောင်လုပ်ထား။ ရည်းစားတွေဖြစ်ရင်တစ်စက္ကန့်မလပ်နမ်းမှာမလို့။"သေလိုက်လေ မင်းနဲ့ဘယ်သူကရည်းစားလုပ်မယ်ပြောလို့လဲ။
"ဟားး ဟားး
ပြောထားဦးပေါ့။
မောင်သွားမယ်နော်။"မင်း
ရှောင်းကျန့်မှာပြောဖို့စကားမရှိလို့မင်းတစ်လုံးသာထွက်နိုင်တော့သည်။
ဝမ်ရိပေါ်ကတော့ရုံးခန်းတံခါးအားမပိတ်ခင်သူ့ကိုမျက်လုံးတစ်ဖက်တောင်မှိတ်သွားပြလိုက်သေးသည်။
YOU ARE READING
𝕏𝕚𝕒𝕠'𝕤 ℍ𝕦𝕤𝕓𝕒𝕟𝕕
Actie(fic name ဘဲညိုကြီးကိုပေါက်စီလုံးလေးကစားလိုက်ပြီ >>to>> Xiao's Husband)