"ဒါ ဘယ်ကပြန်လာတာလဲဝမ်ရိပေါ်။
ရိပေါ်ထင်သည့်အတိုင်းပါးက ကုမ္မဏီမသွားသေးဘဲရိပေါ်အားဧည့်ခန်းမှထိုင်စောင့်နေ၏။
"ဒီတိုင်း ပါတီပွဲမှာပျင်းလာလို့သူငယ်ချင်းတွေကိုသပ်သပ်လိုက်ဧည့်ခံရင်း hotelမှာအိပ်လိုက်တာ။
"အေး မင်းညအိပ်မယ်ဆိုလဲဖုန်းလေးဘာလေးဆက်လေ။ အခုတော့ဧည့်သည်တွေကြားမွေးနေ့ရှင်ကဘယ်ပျောက်သွားမှန်းမသိ။
"ဟောက်ရွှမ်းလာပြောတယ်မဟုတ်လားဒယ်ဒီ။
"အေးပြောတယ်လေ။
"ပြောရင် သားဘယ်ပျောက်သွားမှန်းဒယ်ဒီမသိဘူးလို့ဘာလို့ပြောလဲ။
"မင်း ဖအေကို...
"ကဲပါ ရှင်ရယ် သားလည်းပြန်ရောက်နေပြီဘဲကို။ သားသွား အနားယူလိုက်ဦး ပင်ပန်းနေမှာပေါ့။
"ဟုတ်မာမီ။
ရိပေါ်မာမီ့အားfly kissပေးကာအပေါ်ထပ်ကသူ့အခန်းသို့တက်လာလိုက်၏။
"မင်းသားကိုမင်းကျပ်ကျပ်အလိုလိုက်။ အာ့ကြောင့်မင်းသားကဖြစ်ချင်သလိုဖြစ်နေတာ။
"ရှင်ကလည်းသားကအဲ့လောက်မဆိုးပါဘူး။ သူ့ဘာသာသူအေးဆေးနေတတ်လို့ပါ။
"အေး အဲ့မှာကျပ်ကျပ်ကာကွယ်နေ။
မင်းသားတစ်ခုခုဖြစ်ကာမှ ရှင်ရေ ဆိုပြီးလာမခေါ်နဲ့။"ရှင်ကလည်း။
"ဘာ "ရှင်ကလည်း" လည်း။
~~~~~~~~~~~~~~~~~
ရိပေါ်အခန်းထဲရောက်တော့ခုတင်ပေါ်ဖြစ်သလိုလှဲချလိုက်ကာ မျက်လုံးတွေမှိတ်ထားလိုက်၏။
သူ့စိတ်ထဲတွေးနေသည်မှာရှောင်းလူကြီးမင်းအားဘယ်လိုပိုးပန်းရမလဲဆိုတာကိုပင်။ သူ့မှာအချစ်ရေးနဲ့ပတ်သတ်ရင်အတွေ့အကြုံမရှိ။
သူကဘယ်သူ့မှစိတ်မဝင်စားတဲ့အကောင် လာရောတဲ့သူတွေရှိတာတောင်မျက်လုံးထဲ ထည့်တာမဟုတ်။
ချွင်းချက်အနေနဲ့ထိုလူကြီးကတော့မဟုတ်။ စတွေ့ဆုံကတည်းမှအပြုံးပါးပါးလေးတွေနဲ့ထိုလူကြီးဟာသူ့ရင်ကိုလှုပ်ခတ်နှိုင်ခဲ့၏။ အဲ့ဒီ အပြုံးချိုချိုလေးတွေဟာ သူတစ်ယောက်ထဲအတွက်မဟုတ်ဘူးဆိုတာကိုသိရတော့ သူ့စိတ်မှာအတိုင်းမကျ။
ဘာလို့တွေ့တဲ့လူတိုင်းကိုပြုံးပြနေရတာလည်းလို့သူ့စိတ်မှာဘဝင်မကျတွေးမိသေး၏။ အဲ့လူကြိီးသူ့ရှေ့မှာအခြားတစ်ယောက်အားပြုံးပြလိုက်လျှင်သူတကယ်သဘောမကျ။ ထို့ကြောင့်သူ့ရဲ့ဘုဘောက်စကားသံတွေနဲ့အလိုမကျမှုတွေဟာထိုလူကြီးဆီရောက်သွား၏။
သူ့မှာ ဘာမှမဆိုင်သော်လည်းကြိတ်ကာသဝန်တိုနေရ၏။ ဒါတွေကိုတော့ဟိုရှောင်းလူကြီးမင်းကသိမှာမဟုတ်။
YOU ARE READING
𝕏𝕚𝕒𝕠'𝕤 ℍ𝕦𝕤𝕓𝕒𝕟𝕕
Acción(fic name ဘဲညိုကြီးကိုပေါက်စီလုံးလေးကစားလိုက်ပြီ >>to>> Xiao's Husband)