"ဒေါက်..ဒေါက်.. ဒေါက်
"ဝင်ခဲ့ပါ။
"CEO-Xiao အတွက်Wang Groupကဖိတ်စာတစ်ဆောင်ရောက်နေပါတယ်။
ဝမ်ဂရုကမို့ရှောင်းကျန့်စိတ်ဝင်စားသွား၏။
"အင်းထားခဲ့။
အတွင်းရေးမှူးထွက်သွားသည်နှင့် ဖိတ်စာအားယူကြည့်လိုက်တော့
ဝမ်သခင်လေး၏ 18 နှစ်ပြည့်မွေးနေ့ဖိတ်စာပင်။"ဟက်
ရှောင်းကျန့်ကောက်ကျစ်သောအပြုံး လေးအားဆင်မြန်းကာ စိတ်ထဲမှာလည်းအစီအစဥ်အချို့ကိုချနေလိုက်၏။
*မာနကြီးလွန်းတဲ့သောက်ကလေး မင်းငါ့အောက်ရောက်လာစေရမယ် *
ဘယ်သူ့ကိုမှ သည်လိုလုပ်ဖို့မတွေးခဲ့ဘူးသောရှောင်းကျန့်သည် ထိုကောင်လေးအားတော့ဘာကြောင့်မှန်းမသိ အတင်းအဓမ္မသိမ်းပိုက်ချင်နေ၏။ဒါကသူ့ကိုလာကြောသည်ဟူသောကြောင့်ပင်ဖြစ်သည်ဟု ရှောင်းကျန့်ကိုယ့်ကိုကိုယ် ပြောထား၏။
~~~~~~~~~~~~~~~~~~~~~~~~~
"ရိပေါ် မင်းမွေးကလိုသေးတာကို
ဖိတ်စာတွေတောင်ဝေနေပြီ။"စောစောမစောစော ငါ့အကြောင်းမဟုတ်ဘူး။
"မင်းဟာကလည်း ကိုယ့်မွေးနေ့ဘဲကို။
"ကျစ် မင်းမသိပါဘူးဟောက်ရွှမ်းရာ
အဲ့တာတွေဘယ်လောက်စိတ်ပျက်ဖို့ကောင်းမှန်း။ အလကား မျက်နှာသာလိုချင်လို့ဖားယားနေကြတာတွေ။"အေးပါ အေးပါ
ဟာ ဟျောင့်ဟိုမှာ ရှောင်းလူကြီးမင်င်းဟောက်ရွှမ်းကသူ့နောက်ဘက်ကိုမျက်ဆာပြစ်ပြတာမို့ နောက်ကို ခေါင်းစောင်းရုံမျှကြည့်လိုက်ပြီးရှေ့ပြန်လှည့်ကာ။
"သူလာတော့ငါကဘာလုပ်ရမှာလဲ။
"ဘာမလုပ်ရပါဘူးကွာ တွေ့လို့လဲပြောရသေးတယ်။
ထိုအချိန်သူတို့နောက်မှအသံကြညအကြည်လေးထွက်လာပြီး
"Hi ကလေးတွေ။ တွေ့ပြန်ပြီနော်။
ဟောက်ရွှမ်းကတော့ပြုံးကာပင်။
"ဟုတ်ကဲ့ဦး "ဟု လောကွတ်လိုက်သော်လည်း ရိပေါ်ကမျက်မှောင်ကျုံ့ကာ။
