ပင်လယ်ရေမျက်နှာပြင်၏ တည်ငြိမ်မှုသည် မရှည်ကြာသကဲ့သို့ သူတို့နှစ်ဦး၏အေးဆေးတည်ငြိမ်သော နေ့ရက်များလည်း ရုတ်တရက်ကုန်ဆုံးသွားရသည်။
ပြီးခဲ့သော ညလည်က အိမ်တော်ထိန်းChoiထံမှ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ သတင်းတစ်ခုအား ကြားလိုက်ရသည်။
Jeon Group နှင့် Lorenz Family၏ လုပ်ငန်းများအားလုံးကို တရားမဝင်လုပ်ငန်းများလျှို့ဝှက်လုပ်ဆောင်သည်ဟုဆိုကာ ရဲဘက်မှရုတ်တရက်ဝင်စစ်ဆေးလာသည်။
ဒါတင်မကပဲ နေအိမ်ကိုပါမွှေနှောက်သွားကြသော စုံထောက်ဆိုသည့်ကောင်များကြောင့် အိမ်တော်ထိန်းChoiလည်း ခေါင်းကိုက်နေရပြီ။Hoseokက အထုပ်အပိုးတွေသိမ်းဆည်းပြီး အောက်ထပ်သို့ဆင်းလာသောအခါ Jungkookက အနားပြေးလာပြီး အထုပ်တွေကိုကူသယ်ပေးသည်။
"ကျွန်တော်သယ်မယ် ဟန်နီပင်ပန်းမှာစိုးရိမ်လို့"
"သောက်ပိုကောင်!!"
Hoseokဘယ်လောက်ပဲ ဆူပူကြိမ်းမောင်း ဆဲရေးနေပါစေ တစ်ချက်ကလေးမှ အပြုံးမပျက်သွားနိုင်သည့် မောင်မင်းကြီးသားလေးကို အတော်အံ့သြမိသည်။
သိစိတ်နဲ့မသိစိတ်၏ လွန်ဆွဲပွဲမှာ Hoseokရဲ့ မသိစိတ်က jungkookကို ပိုအရေးပေးချင်နေမိခဲ့တာ။
ဒါကိုပဲ သူတမင် ဥပေက္ခာပြုထားလိုက်ပါသည်။ကားမောင်းလာသည့် တစ်လျှောက်လုံး သူရောjungkookပါ ငြိမ်သက်နေပြီး စကားတစ်ခွန်းမျှမဟခဲ့။
နာရီပိုင်းမျှကြာအောင် စကားမပြောပေမယ့်လည်း jungkookက သူ့ဘက်ကိုခနခနလှည့်ကာ အရိပ်အကဲကြည့်နေသည်မို့ အနေခက်ရသည်။"ဘာလို့ခနခနလှည့်ကြည့်နေတာလဲ ပြောစရာရှိလို့လား"
"မဟုတ်ပါဘူး အဆင်ပြေရဲ့လားသိချင်လို့"
"ငါ့ပုံစံက အဆင်မပြေတဲ့ပုံပေါက်နေလား"
Jungkookက ခေါင်းခါပြပြီးနောက် ကားကိုသာအာရုံစိုက်မောင်းနေလိုက်သည်။
တိတ်ဆိတ်မှုသည် ကားထဲ၌ နောက်တစ်ဖန်ဖုံးလွှမ်းသွားခဲ့တော့၏။.
.
.
.
."ကျွန်တော်ဒီအိမ်တော်မှာရှိလာတဲ့ အနှစ်သုံးဆယ်အတွင်း ဒီလိုကိစ္စမျိုးဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး"

YOU ARE READING
Innocence But Devil [Hiatus]
Fiksi Penggemarလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး