"မင်းစားချင် ၀ယ်စား လျှောက်နှိုက်စားမနေနဲ့"
ဟုတ်တာလည်း မဟုတ်၊ရန်ဖြစ်နေသည့်
သူငယ်ချင်းတွေကို စိတ်ပျက်သလို
တစ်ချက်ကြည့်ပြီး ဂယူဗင်းသည် ဘေးခုံကို
ရွေ့ကာ ဂိမ်းဆော့ဖို့ပြင်လိုက်သည်။လူစုံတက်စုံလေးရှိလာတော့ အတန်းတက်မယ့် ရည်ရွယ်ချက်ကိုဖျက်ကာ ကန်တင်းထိုင်နေကြခြင်းဖြစ်သည်။
ဂိမ်းဆော့တာအရှိန်တက်လာတော့ ဘေးက
ဆူညံသံတွေကိုပါ မကြားတော့။နောက်ဆုံးလက်ကျန်
ရန်သူကို သတ်ပြီးMVP ယူဖို့လုပ်ကာမှ
ဂလုံ ဂလွမ် ဆိုပြီး ထွက်လာသည့်
ပြုတ်ကျသံတွေ။စားသောက်ဆိုင်မှာ
အချိန်ပိုင်းလုပ်သည့် ဂယူဗင်းသည်
ဒီအသံတွေကို တစ်ရေးနိုးထမေးရင်တောင် မှတ်မိသည်။သေချာတယ် ခေါက်ဆွဲထားသည့်
ဇလုံပြုတ်ကျသံ။ဆိုင်မှာဆို ဒီလိုအသံကြားရင် ချက်ချင်းပြေးပြီး ရှင်းနေကျမို့လို့ အခုလည်း ခန္ဓာကိုယ်ကဆက်ကနဲမော့ပြီး ပတ်၀န်းကျင်ကို လျှောက်ကြည့်မိသည်။ဘယ်သူပြုတ်ကျတာလဲဆိုတာ သိသိချင်း
ဂယူဗင်းသည် ဖုန်းကို အလျင်စလိုပိတ်ကာ
အိတ်ထဲထိုးထည့်ပြီး အလင်းထက်မြန်သည့်
အရှိန်နဲ့ ပြေးသွားသည်။"အပူလောင်သွားသေးလား ချွမ်းရွေ့"
သူ့လက်ကိုဆွဲပြီး တစ်ကိုယ်လုံးကို အစုန်အဆန်
ကြည့်လာတာမို့လို့ ချွမ်းရွေ့ကလည်း
အားကိုးတကြီး အစ်ကို လက်ကို ဆွဲကိုင်လိုက်သည်။သူအာရုံနဲ့သူ ဖြစ်နေသည့် ကန်တင်းကလူတွေကို
ချွမ်းရွေ့ရဲ့ ပစ္စည်းတွေပြုတ်ကျသံက
အောင်အောင်မြင်မြင် အကြည့်တွေကိုဆွဲယူသည်။
အခုလို သူ တစ်ယောက်တည်းအပေါ် အကုန်အာရုံစိုက်လာတော့ ချွမ်းရွေ့ တစ်ယောက်
ဘာလုပ်ရမှန်းတောင်မသိတော့။"မှောက်ကျတာတွေ ကိုကို ရှင်းလိုက်မယ်
ကွဲသွားတာမရှိဘူးမလား"ကြောင်စိစိလေး သူ့ကို ကြည့်နေတာမို့လို့
ဂယူဗင်းက ဘာလုပ်ပေးရမလဲတောင်မသိ။
အခုလည်း တစ်ယောက်တည်း ကန်တင်းလာတာကိုမှ ဒီလိုဖြစ်တယ်ဆိုတော့ နည်းနည်းလောက်တော့
ချွမ်းရွေ့လည်း မနေတတ်ဖြစ်နေရှာမှာ။