"ဘာဖြစ်နေတာလဲ သား ၊နေမကောင်းဘူးလား"
ဒီရက်ပိုင်းမျက်နှာမကောင်းသည့်
သားလေးကိုကြည့်ပြီစိတ်မသက်မသာ။"နေကောင်းတယ် ဒီတိုင်းပျင်းလို့"
မားမားက သူ့ကို အကဲခတ်နေတာမို့လို့
ချွမ်းရွေ့က မလိမ်တတ်၊လိမ်တတ်နဲ့
လိမ်ပြောလိုက်သည်။မားမားကို ပြောလိုက်လို့
အဆူခံရမှာလည်း ချွမ်းရွေ့က
ကြောက်ပါသေးသည်။"တက္ကသိုလ်ကျောင်းသားတောင်ဖြစ်နေပြီ
ပျင်းရင် သူငယ်ချင်းတွေနဲ့ လျှောက်လည်တာလေး ဘာလေးလုပ်ပေါ့ မား သားကို အချိန်ပိုင်း
အလုပ်လေးဘာလေးလည်း လုပ်စေချင်တယ် "ကိုယ်ဘာကိုယ်စိတ်ညစ်နေရတဲ့ကြားထဲ
အလုပ်ပါလာလုပ်ခိုင်းနေသည့် မားမားကြောင့်
ချွမ်းရွေ့ ပိုပြီးတောင် ဆူပုတ်သွားရသည်။"ဂွန်းနု ဆီဘဲသွားတော့မယ်"
ဆူပုတ် ဆောင့်အောင့်ပြီးထွက်သွားသည့်
သားလေးကို မနိုင်သလိုကြည့်မိသည်။
တစ်ယောက်တည်းရှိတဲ့ သားလေးမို့လို့
အမှီအခိုကင်းကင်းနဲ့
သွက်သွက်လက်လက်လေးဖြစ်စေချင်တာ
ချွမ်းရွေ့ကပဲ ကလေးစိတ်လေးလား၊
သူမတို့လင်မယားနှစ်ယောက်ပဲ
အလိုလိုက်တာ များသွားလို့လား မသိ
တကယ့်ကို နှေးနှေးကွေးကွေးလေးနဲ့
ရွယ်တူကလေးတွေလို ဆိုးတာ၊ဆော့တာလည်းမရှိ။လိမ္မာတာလေးကတော့ကောင်းပေမဲ့ ကလေးကို သွက်သွက်လေးဖြစ်စေချင်သည်။
.
.
မားမား ဆူနေလို့သာ ချွမ်းရွေ့က ထွက်လာပေမဲ့
ဂွန်းနုအိမ်လည်းမသွားချင်၊ စိတ်ညစ်နေတာကိုလည်း ဘယ်သူကို ဘယ်လိုပြောပြရမလဲမသိ။
ပိတ်ရက်နှစ်ရက်လုံး အိမ်မှာ ခွေနေလို့
မားမားကတောင် နေမကောင်းဘူးထင်ရင် ချွမ်းရွေ့
မူပျက်နေတာ ပြင်းထန်လို့ဆိုတာ သတိထားမိသည်။
အခုနေများ အစ်ကိုကို့တွေ့လိုက်ရင် ချွမ်းရွေ့
စိတ်လေးတွေ နည်းနည်းပျော်သွားမည်ထင်သည်။စိတ်ထဲမှာလစ်ဟာနေတော့ လူက
ဗိုက်ဆာလာသလိုလို၊လမ်းဘေးလက်တွန်းလှည်းဆိုင်လေးထဲ၀င်ပြီး တော့ပိုကီ
တစ်ပွဲစားဖို့လုပ်လိုက်သည်။တကယ်ဆို
ချွမ်းရွေ့က အစပ်သိပ်မစားနိုင်။ဒီနေ့တော့
ထူးထူးဆန်းဆန်း အစပ်စားချင်နေသလိုလို။ မှာ
လိုက်ပေမဲ့လည်း သုံး၊လေးခုလောက်စားပြီးနောက် ပါးစပ်တစ်ခုလုံးပူထူလာပြီး၊
မျက်ရည်တွေလည်းကျလာတာမို့လို့
ဆက်တောင်မစားနိုင်။မှာထားတာကို
မကုန်ရင်လည်း နှမြောစရာကြီးမို့လို့
သည်းခံပြီးသာ အကုန်ကုန်အောင် စားလိုက်သည်။ စိတ်ညစ်ပြေသွားပေမဲ့ ပိုက်ဆံကတော့
အတော်လေးကိုကုန်သွားသည်။
စပ်လည်းစပ်၊ပူလည်းပူလွန်းလို့ ချွမ်းရွေ့
ချွေးတွေရော၊မျက်ရည်တွေရောနဲ့ ဘေးကကားမှန်မှာပေါ်နေသည့် သူ့ပုံရိပ်သည် မြောင်းထဲကကြောင်လေးသာသာ ပေကျံနေသည်။