11

605 109 59
                                    

"ဂွန်းနု "

​အတန်းတွင်းပ​ရောဂျက်လုပ်ဖို့ တိုင်ပင်​နေသည့်အချိန် စီနီယာက လှမ်း​ခေါ်တာမို့လို့ ဂွန်းနုက
သွားလိုက်​ပေမဲ့ စိတ်ထဲမှာ​တော့ အထူးအဆန်း။

"ဟုတ်ကဲ့ စီနီယာ ဘာဖြစ်လို့လဲ"

အရင်ကဆို ဂွန်းနုအဲ​လောက်စိတ်လှုပ်ရှားမှာမဟုတ်၊သို့​သော် သူသည်အခု လျှို့ဝှက်ချက်ကြီးတစ်ခုကို
သိထားသည်​လေ။​စီနီယာနဲ့
မျက်နှာချင်းဆိုင်​တွေ့တိုင်း စိတ်လှုပ်ရှားတာများ
မသိရင် စီနီယာကို ကြိုက်​နေတာ သူကျလို့။
အခုလည်း မသိစိတ်က​စေခိုင်းတဲ့အတိုင်း
လက်ဖဝါးကိုဆုပ်လိုက်၊ဖြန့်လိုက်လုပ်​နေမိပြန်သည်။

"ပ​ရောဂျက်လုပ်​နေတာလား အစ်ကို
မင်းကို ​မေးစရာရှိလို့"

"ဗျာ ဟုတ် ​မေးလို့ရတယ်"

​အခန်းထဲကို လှည့်ကြည့်လှည့်ကြည့်နဲ့
ထွက်​ပြေးချင်ပုံ​ပေါက်​နေသည့် ဂွန်းနု​ကြောင့်
ဂယူဗင်းက ဘာများမှား​နေလဲဆိုပြီး
သိချင်စိတ်ဖြစ်လာရသည်။

"​အေး​ဆေး​နေပါ အစ်ကို မင်းကို ဘာမှမလုပ်ပါဘူး၊
ချွမ်း​ရွေ့အ​ကြောင်း​မေးချင်လို့ တ​နေ့က
ငိုထားတာမြင်​တော့​လေ ဘာပြဿနာရှိလို့လဲ
မင်းတို့နှစ်​ယောက်မလုပ်တတ်တာမျိုးဆို
အစ်ကိုကို့​ပြောပြရင်  အစ်ကိုကူ​ပေးလို့ရတာ​ပေါ့
ပြီး​တော့ ဒီ​နေ့​ရောဘာလို့ ​
ကျောင်းမလာတာလဲ  ​နေမ​ကောင်းလို့လား"

ဂွန်းနုသည် ​အ​နေကြပ်သလို၊​ဖြေရခက်သလို။
ကိုယ့်ဘာကိုယ်ဖုန်းဆက်​မေးလိုက်ပါလားဆိုပြီး ​
ပြောချင်စိတ် တဖွားဖွား။

မျက်နှာပျက်​နေသည့် ဂွန်းနု​ကြောင့် ဂယူဗင်း
အလို မကျသလို မျက်​မှောင်ကြုတ်မိသည်။​
ဒီရက်ပိုင်း​တွေ့ဖြစ်တိုင်းလည်း ချွမ်း​ရွေ့ကငိုထားရင်ငိုထား၊မဟုတ်ရင်လည်း မျက်နှာ​လေးမသာမယာ။
တ​နေ့က​တောင် ချွမ်း​ရွေ့က ငိုထားသည့်ပုံ​လေး၊ပိုက်ဆံကြိုက်တဲ့ ချစ်တီး​လေးက
သူ့အိတ်ထဲ​တောင် ပိုက်ဆံ​တွေပြန်
ထိုးထည့်သွား​သေးတယ်။ဘာဖြစ်​နေမှန်းကိုမသိရ။

Can I borrow 1500?Where stories live. Discover now