"မေဂျာရော ကျောင်းရော ရွေးပြီးပြီပေါ့"
မေးလာသည့် မားမားရဲ့ စကားကို ရုပ်ရှင်ကြည့်
မပျက် ခေါင်းငြိမ့်ပြလိုက်သည်။"တစ်ယောက်တည်းသွားမှာလား ဂွန်းနုနဲ့ရော ကျောင်းတူလား မား ကတော့ အဖော်ရအောင်
ဂွန်းနုလေးနဲ့ တူတူတက်စေချင်တယ် သားက
စကားလေးလုံးကွဲအောင်တောင်
မပြောတတ်တော့ မားက စိတ်ပူ"ချွမ်းရွေ့ မျက်စိလှန်ပြီး ကြည့်မိလားမသိ။
"မားမားပြောမှပဲ သားက ငတုံး၊ငအ ကြနေတာပဲ
ဂွန်းနုနဲ့လည်း ကျောင်းတူတယ် မေဂျာကတော့
သူ ဘာယူမလဲမသိဘူး"ချွမ်းရွေ့သည် ကြည့်နေတဲ့ ရုပ်ရှင်ကိုရပ်ကာ
ဖုန်းကိုပိတ်သည်။အခန်းထဲမှာ တစ်ယောက်တည်းသွားကြည့်တာပဲ ကောင်းတယ်။"ပြီးတော့ မနက်ဖြန် ကျောင်းသွားအပ်မှာ
ဂွန်းနုနဲ့တူတူ သားကို မုန့်ဖိုးပေးနော် မား"မားမားသည် အလိုမကျသလို မျက်လုံးကြီးစွေပြီး
ကြည့်သည်။ တစ်ယောက်တည်းရှိတဲ့
သားလေးကို ဒါက ငြိုငြင်တာလား!"မားမားတော့ သားကို အလုပ်လေးဘာလေး
လုပ်စေချင်တာပဲ ဒါမှ လူတွေနဲ့တွေ့ပါများပြီး လူရည်လည်မှာ ဂွန်းနုလေးနဲ့ပဲမဟုတ်ဘဲ
တခြားသူငယ်ချင်းတွေဘာတွေထားပါဦးလား
မင်းမှ အဲလိုအသိတွေမရှိဘူးမလား""ရှိတယ် ရှိတယ်လို့!"
မားမားကို စိတ်ဆိုးတာတစ်မျိုး၊တခြားသူငယ်ချင်းဆိုတာကြားတော့ ခေါင်းထဲအရင်ပြေး၀င်လာတဲ့
အစ်ကိုကို့ မကြည်တာက တစ်မျိုးမို့လို့
ချွမ်းရွေ့ ဆူပုတ်သွားသည်။အခန်းထဲကို စိတ်ဆိုးဆိုးနဲ့ ၀င်လာလိုက်ပြီး
ကုတင်ပေါ်ကို လှဲချလိုက်တဲ့အထိ ရုပ်ရှင်ကိုလည်း ဆက်ကြည့်ချင်စိတ်ပေါ်မလာတော့။
သူတို့နောက်ဆုံးစကားပြောတဲ့ရက်ကနေစပြီး
အစ်ကို နဲ့ သူနဲ့က အဆက်သွယ်မရှိတော့ဘူး။
နှစ်ယောက်တွေ့ရင်သာ ဟိုလိုလို၊ဒီလိုလိုပြောတတ်တဲ့ အစ်ကိုက ချွမ်းရွေ့က အဆက်သွယ်မလုပ်ရင်
စမခေါ်တတ်။
![](https://img.wattpad.com/cover/367844952-288-k132625.jpg)