"အဲတော့ ဟျောင်းက စီနီယာကို လိုက်တော့မယ်ပေါ့"
ဂွန်းနုသည် စိတ်ညစ်လွန်းလို့ ခေါင်းကို
တကုတ်ကုတ်။သူဘာသူ လိုက်တာ၊မလိုက်တာ
အရေးမကြီး။အခုက လာပြီး လူကို
ခေါင်းစားခိုင်းနေသည်။"ကိုကို လိုလူကိုဆို ဘယ်လိုလိုက်သင့်လဲ"
ကိုကို ဆိုသည့်အခေါ်အဝေါ်မှာ ဂွန်းနု ကြက်သီးတွေတဖြန်းဖြန်း။ မျက်နှာတော့ရှုံ့မမဲ့ရဲ၊ထူးထူးဆန်းဆန်း ဟျောင်းက ပီဇာ ၀ယ်ကျွေးတာကိုစားထားသည်လေ။အခု လက်ထဲမှာ ကိုင်ထားသည့်
အအေးဘူးထဲမှာတောင် အအေးတွေမကုန်သေး။"စီနီယာကိုလား မလွယ်လောက်ဘူးထင်တယ်နော် ဟျောင်း၊ကျွန်တော် စီနီယာကို
လိုက်တဲ့ကောင်မလေးတွေကိုတွေ့ဖူးတယ်
တကယ်လှလှလေးတွေ မျက်လုံးလေးလည်းလှ၊မျက်နှာလေးလည်းလှ.."ဂွန်းနုမှာ အားရပါးရပြောရင်း
မျက်တောင်တဖြတ်ဖြတ်။သူကသာ
တစ်ယောက်ချင်းစီအသွင်အပြင်ကိုပုံဖော်ပြီး
ပြောနေတာ နားထောင်နေသည့်
ဟျောင်းမျက်နှာက တည်တည်လေးဖြစ်သွားသည်။ အခြေအနေမကောင်းမှန်းသိတော့
ပြောလက်စ စကားတွေတောင်ထပ်မထွက်လာ။"လှပေမဲ့လည်း စီနီယာက ပြန်မကြိုက်ဘူး၊
စီနီယာက လှတဲ့သူတွေကို
မကြိုက်တာထင်တယ် ဟျောင်း စိတ်မပူနဲ့""ဒါဆို ငါ ရုပ်ဆိုးလား ဂွန်းနု"
ဂွန်းနုမှာ ဘာပြန်ဖြေရမှန်းမသိ။ရုပ်ဆိုးတယ်လို့
ဖြေရင်း အလှကြိုက်သည့် ရှန်ချွမ်းရွေ့က
စိတ်ဆိုးမည်။ ချောတယ်လို့ ဖြေပြန်ရင်လည်း
ရှန်ချွမ်းရွေ့ စိတ်ဓါတ်ကျပြီး တငိုငိုတရီရီဖြစ်ဦးမည်။ သူတကယ်ပီဇာဖိုးပြန်ပေးပြီး ထွက်ပြေးလိုက်ချင်သည်။"မေးနေတယ်လေ ပတ်ဂွန်းနု "
မေးနေတာကိုပြန်မဖြေဘဲ ဟိုဟိုဒီဒီလျှောက်ကြည့်နေသည့် ဂွန်းနုကို ချွမ်းရွေ့စိတ်မရှည်တော့။
တစ်သက်လုံး လူတွေက သူ့ကို ချောလိုက်တာ
လို့ချီးကျူးခဲ့တာတွေကို ပြန်ကြားယောင်ပြီး
ချွမ်းရွေ့ စိုးရိမ်ပူပန်လာသည်။
ရုပ်ချောလို့ စိုးရိမ်တာ သူပဲရှိမယ် ထင်သည်။
ဒါပေမဲ့လည်း ကိုကို သူ့ကို ပြန်မကြိုက်မှာကို
ချွမ်းရွေ့ စိုးရိမ်ပါသည်။ အခုတောင် ကိုကိုက
မိန်းမငယ်လေးတွေ မူ နေသလိုမျိုးကြီး။