နီးရာဆိုင်က အမိုးအောက်၀င်ထိုင်နေလိုက်ပြီး မိုးတိတ်သည်အထိစောင့်နေလိုက်သည်။
အချိန်အခါမဟုတ်ရွာသည့် မိုးမို့လို့
မြန်မြန်တိတ်ရင်ကောင်းမည်။မဟုတ်ရင်
ချွမ်းရွေ့ မားမား ၀ယ်ခိုင်းတဲ့ ပစ္စည်းတွေနဲ့
မနိုင်မနင်း မိုးရေချိုးပြီး ပြန်ရလိမ့်မည်။
ပြန်ရတာကအကြောင်းမဟုတ်
တချို့ပစ္စည်းတွေက ရေစိုလို့မရတာတွေပါသည်။ဖုန်းနဲ့ လှမ်းပြီး မားမားကို လာခေါ်ခိုင်းချင်ပေမဲ့လည်း မားမားက ဒီနေ့ကျမှ ကိစ္စရှိလို့အပြင်ရောက်နေလို့ သူက အစား စျေးလာ၀ယ်ပေးတာနဲ့
တိုးသည်။ အမှန်ဆို မားမားက သူဘာသူ
နောက်နေ့မှ ၀ယ်မယ်ပြောတာပဲ အဲတာကို
ချွမ်းရွေ့က ပိုတဲ့အကြွေလေးတွေကို
ဘတ်လို့ရလိုရငြား အတင်း၀ယ်ပေးမယ်လုပ်ပြီး
လာခဲ့တာ အခုတော့ သူ တစ်ယောက်တည်း
တိုင်ပတ်နေပြီ။ဘေးဘီ၀ဲယာကြည့်တော့လည်း လူတိုင်းက
အမိုးအောက် ခိုကာ ငြီးငြီးငြူငြူ။
မိုးရွာတဲ့နေ့တွေကို ချွမ်းရွေ့မကြိုက်ပါ။
ပတ်၀န်းကျင်က စိုထိုင်းစိုထိုင်းနဲ့
လူတွေကိုလည်း ဒုက္ခရောက်စေသည်။နာရီ၀က်လောက်ကြာတာတောင်
မိုးကမစဲတော့ ချွမ်းရွေ့ ဂွန်းနု ဆီဖုန်းဆက်ပြီး
ထီးလာပို့ခိုင်းဖို့လုပ်သည်။"ရတယ် ရတယ် မင်း နေမကောင်းဘူးဆိုလည်း
ထားလိုက်တော့ ""...."
"တကယ် ရတယ် ကိစ္စမရှိဘူး၊ငါ တခြားသူကို
အကူညီတောင်းလိုက်မယ် မင်းသာ
နေကောင်းအောင်နေ၊အဲလောက်ထိမလိုဘူး
အန်တီကို မလာခိုင်းနဲ့ ရတယ်လို့"လျှပ်စီးကြောင်းကိုမြင်လိုက်တော့ ချွမ်းရွေ့ ဖုန်းကို အလန့်တကြား ပိတ်ပြီး ရင်ဘတ်နဲ့ကပ်လိုက်သည်။
ဂွန်းနုက ရာသီအကူးအပြောင်းကြောင့်နေမကောင်းဟုဆိုကာ ချွမ်းရွေ့ မလာခိုင်းတော့။ညာနေတာမဟုတ်မှန်းသိတာမို့လို့ စိတ်ထဲလည်း ဘာမှမဖြစ်။ ယောကျာ်းလေးပဲဘာမှမဖြစ်ဘူးဟုဆိုကာ
ပေတေတေနဲ့ ရပ်စောင့်နေလိုက်သည်။