"ချွမ်းရွေ့ ချွမ်းရွေ့ ထတော့လေ
ကျောင်းသွားမှာမလား"ငှက်ဆိုးထိုးသံလို စူးရဲနေသည့် နှိုးစက်သံ
အစား ကိုကို အသံက ချွမ်းရွေ့ မနက်ခင်းကို
သာယာစေသည်။အိပ်မက်ထဲထိလာနှိုးတယ်လို့ တွေးနေတုန်း မနေ့ညက ကိုကို အိမ်မှာ
အိပ်တယ်ဆိုသည့် အသိက ခေါင်းထဲရောက်လာတော့ ချက်ချင်းငေါက်ကနဲထထိုင်မိသည်။"ဖြည်းဖြည်းထ နောက်မကျသေးဘူး "
သူ့ကို ဆွဲထူနေရင်းကနေ ကိုကိုသည် သူ့အိပ်ထား
သည့် ကုတင်ကို ပြန်ပြင်နေသည်။ မနေ့ညက
ကိုကိုသည် သူ့ကိုတော့ ကိုကိုအခန်းထဲမှာ အိပ်စေပြီး ကိုကိုကတော့ တခြားအခန်းထဲမှာ သွားအိပ်သည်။"မျက်နှာသစ်ဖို့ပြင်ပေးထားတယ် မျက်နှာသွား
သစ်လိုက်၊ ရေချိုးချင်လည်း ချိုး အင်္ကျီကတော့ ကိုကို အင်္ကျီတွေရှိတယ် အဆင်ပြေရင် ကြိုက်တာ ယူ၀တ်လို့ရတယ်"နှိုးလာတာကို မထဘဲ ဆက်ပြီးထိုင်ငိုက်နေသည့်
ချွမ်းရွေ့သည် သူပြောတာကိုလည်း
ကြားသည့်ပုံမပေါ်။အိပ်ရေးမ၀လို့ ဆူပုတ်ပုတ်ဖြစ်နေပုံလေးကလည်း ကြောင်စုတ်ဖွားလေးအတိုင်း။
ဂယူဗင်းမှာ ချွမ်းရွေ့ကိုကြည့်ပြီး သဘောတကျ
ရယ်မိသည်။"ရှန်ချွမ်းရွေ့ ကိုကို ပြောတာ ကြားလား"
"အိပ်ချင်တယ်"
မနေ့က ဘယ်နားကျမှန်းမသိသည့် ဖုန်းကိုလည်း
ပြန်ရှာရသေးသည်။ ကိုကို အိမ် ရောက်တော့ဖြင့်
အတော်လေးကို ညဥ့်နက်နေပြီ။ကံကောင်းလို့
ဖုန်းကိုတော့ ပြန်ရှာတွေ့ခဲ့သည်။"ကိုကို မနက်စာပြင်ပေးထားတယ်လေ
ဆက်မအိပ်ဘဲနဲ့ စားသွားပါဦးဗျာ"မနက်စာဆိုသည့် စကားကိုကြားမှ ချွမ်းရွေ့သည် ရေချိုးခန်းထဲ ၀င်လေသည်။ အဲတော့မှ ဂယူဗင်းသည် ပေါ့ပေါ့ပါးပါး မနက်စာပြင်လေသည်။
ရေချိုးခန်းထဲက ချွမ်းရွေ့ထွက်လာတော့ ကိုကိုသည် အခန်းထဲမှာရှိမနေတော့။ကိုကို ဗီဒိုကို ဖွင့်လိုက်သည့် ကိုကို၀တ်နေကျ(ချွမ်းရွေ့မျက်မှန်းတန်းမိနေကြ) အင်္ကျီတွေက အစီအရီ။ အသစ်တွေလည်းရှိပေမဲ့ ကိုကို အင်္ကျီမှန်း လူတိုင်းမျက်မှန်းတန်းမိစေနိုင်သည့် ဟူဒီ တစ်ထည်ကိုသာ ၀တ်ဖို့ရွေးလိုက်သည်။
ဂျင်းဘောင်းဘီအထိ အဆင်ပြေပေမဲ့ တချို့ဟာတွေကျတော့ ချွမ်းရွေ့ကို မျက်နှာပူစေသည်။
ခပ်ရဲရဲနဲ့ပဲ အသစ်လို့ ထင်ရသည့် တစ်ထည်ကို
ရွေးလိုက်ပြီးနောက် ဂျင်းဘောင်းဘီကို ထပ်၀တ်လိုက်သည်။ အောက်မှာ အနည်းငယ်ပုံနေတာကိုတော့ ချွမ်းရွေ့ ဒီတိုင်းထားလိုက်သည်။