ကန်တင်းသွားဖို့ ဂွန်းနု လာအခေါ်ကို
စောင့်နေတုန်း အခန်းရှေ့က အစ်ကိုတို့
သူငယ်ချင်းတွေဖြတ်လျှောက်သွားတာကို
မြင်လိုက်တော့ ချွမ်းရွေ့ ခေါင်းကိုခုံပေါ်မှောက်ပြီး မျက်နှာကိုလည်း ဘေးကိုလှည့်ထားလိုက်သည်။
ဘာလို့လည်းမသိ ဒီရက်ပိုင်းအတွင်း
ချွမ်းရွေ့သည် အစ်ကိုကို့မတွေ့ချင်၊
ရှောင်နေတယ်လို့ဆိုရင်လည်း ရှောင်နေတယ်ပေါ့။
အစ်ကိုကလည်း အရင်ဆက်သွယ်တာမျိုးလည်း
မလုပ်တော့ ပိုပြီးတောင် စိတ်ထဲအလိုမကျ။ဖုန်းထဲ စာ၀င်လာလို့ ကြည့်လိုက်တော့ ဂွန်းနုက
သူလည်းထွက်လာနေပြီမို့လို့ ဟျောင်းလည်း
ထွက်လာတော့ ဆိုပြီးပို့ထားတာဖြစ်နေသည်။
အရင်တစ်ခေါက်က အစားသောက်တွေ
မှောက်ကျတဲ့အကြောင်း ဂွန်းနုကို ပြောပြလိုက်တော့ နောက်ဆို သူနဲ့မှ အတူတူသွားမယ်ဆိုပြီး
ပြောလာသည်။ ချွမ်းရွေ့ကလည်း ဒီစကားကိုတော့ သဘောတူသည်၊မဟုတ်ရင် သူတစ်ယောက်တည်း
မလုပ်တတ်၊ မကိုင်တတ်နဲ့
အူကြောင်ကြောင်လေးဖြစ်နေမှာ။အခန်းထဲကမထွက်ခင် ဟိုကြည့်၊ဒီကြည့်
အရင်ကြည့်လိုက်တော့ မြင်ကွင်းကရှင်းသည်၊
အစ်ကိုကို့ မတွေ့။ ခြေလှမ်းတွေကို
ခပ်သွက်သွက်လှမ်းပြီး မပြေးရုံတမယ်
လျှောက်သွားလိုက်သည်။လှေကားနားမရောက်ခင်မှာ အစ်ကိုကို့လှမ်းမြင်လိုက်တော့
ပြေးပုန်းမယ်အလုပ် အစ်ကိုဘေးမှာ
ကောင်မလေးတစ်ယောက်။ စာအုပ်တွေကိုလည်း
ကူသယ်ပေးထားသေးသည်။ ချွမ်းရွေ့က
ဒါကိုမြင်တော့ ရင်ထဲမှာ ငိုချင်လာသလို၊
ဘာဖြစ်မှန်းမသိ။အစ်ကိုက သူ့ကိုမြင်တော့ ပြုံးပြလာလို့
ချွမ်းရွေ့က တစ်ချက်ခပ်မြန်မြန်ပြုံးပြပြီး
ကန်တင်းကိုသာ သွားလိုက်တော့သည်။
.
.
"ဟျောင်း ဘာမှမစားဘူးလား"ကန်တင်းကိုလာတော့လည်း ဆူပုတ်နေပြီး
အခုလည်း အရိုးမရှိတဲ့လူလို ကုန်းကုန်းလေး
ထိုင်နေသည်။ ချွမ်းရွေ့ကိုကြည့်ပြီး ဂွန်းနုတောင်
ဘာမှစားချင်စိတ်မရှိတော့။
မကောင်းတဲ့ energy တွေဆိုတာ တကယ့်ကို
ကူးစက်တတ်တယ်ဆိုတာ ဂွန်းနု လက်ခံသွားပြီ။