"ဒီသကြားလုံးကလည်း စျေးတက်သွားလိုက်တာ"
ချွမ်းရွေ့သည် ပါလာသည့် အကြွေလေးတွေကို
ကြည့်လိုက်၊ သကြားလုံးစျေးကိုကြည့်လိုက်နဲ့
ခပ်တိုးတိုးငြီးငြူမိသည်။အကြွေတွေကိုတောင် မေမေ ပိုက်ဆံအိတ်ထဲက နှိုက်လာနာကို အခု စျေးက တက်သွားတော့
ချွမ်းရွေ့မှာ မလောက်။ သူ့ထက်ပိုတန်တဲ့
မုန့်ထုပ်ကိုပဲ ရွေး၀ယ်ဖို့ပြင်လိုက်ရတော့သည်။
စားချင်တာမရလိုက်ရတော့
စိတ်ထဲနည်းနည်းလေးမှ မကျေနပ်ပါချေ။"ဟာ ချွမ်းရွေ့ ကိုကိုတို့ ထပ်တွေ့ပြန်ပြီ"
ချွမ်းရွေ့သည် ရေငတ်ရေချိန် ရေတွင်းတွေ့သွား
သည့် လူလို ၀မ်းသာသွားရသည်။ဒီလိုကျတော့လည်း ဂယူဗင်းက မျက်ခုံးတလှုပ်လှုပ်။"ခဏခဏတွေ့နေရတာ ဖူးစာတွေထင်တယ်နော်"
ဂယူဗင်းက ဒီလိုစလိုက်ရုံဖြင့် ကော့တက်နေသည့်
ချွမ်းရွေ့ နှုတ်ခမ်းတွေသည် ကွေးကျသွားသည်။"အယ် မဖြစ်နိုင်တာ"
ဂယူဗင်းလည်း ဒီလိုပဲထင်ပါသည်။မတော်တဆတွေ့တာမဟုတ်ဘဲ စျေးဆိုင်ထဲမှာ ချွမ်းရွေ့ကိုတွေ့လို့
ဂယူဗင်းက သပ်သပ်၀င်လာခြင်းသာဖြစ်သည်။"ကိုကိုကတော့ ဖြစ်နိုင်တယ်ထင်တာပဲ"
"မဟုတ်တာတွေလျှောက်မစပါနဲ့ ဟို အစ်ကို"
ချွမ်းရွေ့မျက်လုံးတွေသည် ဟိုကြည့်၊ဒီကြည့်။
ဂယူဗင်းက အရမ်းသိချင်သွားရသည်၊ချွမ်းရွေ့
ဘာပြောလာမလဲဆိုတာကို။ ချွမ်းရွေ့အနားတိုး
ကပ်သွားပြီး ဒူးလေးနည်းနည်းကွေးပေးလိုက်တော့
ဂယူဗင်းမျက်နှာသည် ချွမ်းရွေ့နဲ့ တစ်ပြေးတည်း။"ပြောလေ ကိုကို ကို့ ဘာပြောချင်လို့လဲ"
ဂယူဗင်းသည် အလိုက်တသိ မျက်နှာကိုပင်
ချွမ်းရွေ့နားတိုးပေးလိုက်သည်။မတော်တဆ
ထိသွားလည်း ဂယူဗင်းက ဗွေယူမည်မဟုတ်။"ကျွန်တော် ဟိုနေ့ညက ပေးလိုက်တဲ့ ပိုက်ဆံတွေလေ "
ဂယူဗင်းသည် သေချာအာရုံစိုက်ပြီး နားထောင်သည်။ နားထောင်နေမှန်းသိအောင်လည်း
ခေါင်းငြိမ့်ပြလိုက်သေးသည်။