"မင်း ယူထားရင် ပြန်ပေးရမှာပေါ့ သုံးရာလည်း ပိုက်ဆံပဲ ငါ အဲ သုံးရာကို အိမ်က ဘယ်လို
တောင်းထားရတယ်ထင်လဲ"ဘေးဝိုင်းက အသံကြောင့် ဂယူဗင်းသည်
လှည့်ကြည့်မိသည်။ရာသီဥတုပူလို့
အေးရာအေးကြောင်း အအေးလာသောက်မှပဲ
မပီကလာ ပီကလာ အသံစူးစူးက နားထဲ
တန်းနေအောင် ရောက်လာသည်။ကိုယ့်ကိစ္စမဟုတ်လို့ ကျော်သွားလိုက်လို့ရပေမဲ့
ဆိုင်မှာ တစ်ယောက်တည်းထိုင်နေရတာ
ပျင်းတာရယ်၊ ငွေလေး(၃၀၀)လောက်ကို
ကြီးကြီးကျယ်ကျယ်ပြောပြီး
တောင်းနေတဲ့သူရယ်ကြောင့်
မသိမသာ နားစွင့်နေလိုက်သည်။"ဟျောင်းကလည်း ပြန်ပေးမှာပါဆို ဒုက္ခပဲ သုံးရာ လောက်ကို ဘာလို့ အော်ကြီးဟစ်ကျယ်တောင်းနေတာလဲ"
ဂွန်းနုသည် ခေါင်းကို တဖျင်းဖျင်းကုတ်ကာ ဆိုမိသည်။ သုံးရာ ကလည်း အကြွေလေးမရှိလို့ တောင်းမိတာ၊တကယ်ဆို နှစ်ယောက်မုန့်စားလို့
ကျတဲ့ ပိုက်ဆံ ငါးထောင်ကျော်လောက်ကို
ဂွန်းနုက အကုန်ကျခံထားတာလေ။"အော်ကြီးဟစ်ကျယ်ဘယ်မှာတောင်းလို့လဲ
မဆိုသလောက်လေး အသံကျယ်သွားတာ
ဒါဆို ဘယ်နေ့ပေးမှာလဲပြော"ချွမ်းရွေ့သည် သူအမြဲဆောင်ထားနေကျ စာအုပ်
အသေးလေးကို ထုတ်ကာ မှတ်ထားဖို့ပြင်သည်။တော်ကြာ မေ့သွားမှ သူ ဂွန်းနုဆီက
ပြန်မရဘဲ နေဦးမယ်။"မနက်ဖြန် ပေးမယ်ဗျာ ရပြီလား"
"ဒါဆိုရပြီ အအေး တစ်ငုံလောက်တိုက် ရေဆာလို့"
ချွမ်းရွေ့သည် သူ့စာအုပ်ကို ယပ်တောင်လို
တဖျက်ဖျက်ခတ်ရင်း ဂွန်းနုဘေးထိုင်ကာ
မျက်နှာချိုသွေးသည်။"သောက် သောက် တကယ်ပဲ"
.
.
.ဂယူဗင်းသည် အခြေအနေတစ်ခုလုံးကို
နားစွင့်နေရင်း ကြိတ်ရယ်နေမိသည်။
ဘယ်ကနေ ဘယ်လိုချစ်တီးနဲ့ လာတွေ့နေမယ်မသိ။တကယ်ဆို ဒီရပ်ကွက်သည် သူ နေတဲ့ ရပ်ကွက်မဟုတ်ချေ။ အအေးဆိုင်ရှိတယ်ဆိုလို့
ဂယူဗင်းက ဘေးရပ်ကွက်ကနေတောင်
တကူးတကလာခဲ့ခြင်းဖြစ်သည်။အခုတော့
စိတ်၀င်စားဖို့ကောင်းတာကို တွေ့လာခဲ့သည်။