"အဲတော့ အဲအစ်ကိုကြီးက
၁၅၀၀ပဲဆပ်သေးတာပေါ့"ဂိမ်းဆိုင်မှာ ဘေးချင်းကပ်ထိုင်ပြီး ဂိမ်းဆော့နေပေမဲ့ ဂွန်းနုသည် အခုထိ ဂိမ်းထဲ အာရုံမစိုက်နိုင်သေး။
အကြောင်းက ချွမ်းရွေ့သည် ဘေးလာပြီး
သူ ပိုက်ဆံချေးထားတဲ့အကြောင်း၊ပြန်မရသေးတဲ့
အကြောင်း လာပြောနေလို့ပေ။"ဟျောင်းကို ဖုန်းနံပါတ်ပေးထားတယ်ဆို ဆက်ပြီး တောင်းလေ"
သူ့ကိုဆိုရင် လူကြားထဲတောင် အော်တောင်းနေကြ ဟျောင်းက အခုကျမှ ဘာဖြစ်နေမှန်းမသိ။
လက်ပြန်နဲ့တစ်ချက်ဆော်ချင်စိတ်ကို မနည်းထိန်းထားရသည်။ သူစိမ်းကိုဆိုတစ်မျိုး ကိုယ့်ညီလေးဆိုတစ်မျိုးလုပ်သည့် ရှန်ချွမ်းရွေ့ကို ကြည့်မရ။"ဆက်ရမှာကို အားနာလို့"
ဂွန်းနုရဲ့ side eye ကိုမြင်လိုက်ရပေမဲ့ ချွမ်းရွေ့
မသိချင်ယောင်ဆောင်ထားလိုက်သည်။
တကယ် အားနာပါသည်။ ဟိုက ၅၀၀၀ တောင်ပေးထားသေးသည် မဟုတ်လား။"အဲတာဆိုလည်း မယူနဲ့တော့ အကြွေးတောင်းရမှာကို လာအားနာနေသေးတယ် ကျွန်တော်ကိုကျတော့
တွေ့ရာမရှောင် လိုက်တောင်းနေပြီး""မတူဘူးလေ မင်းက မင်း ဟိုက ငါနဲ့မှ မသိတာ
ပြီးတော့ မင်းက ခဏခဏချေးနေတာ"ဂွန်းနုသည် နှုတ်ခမ်းကိုသိသိသာသာ မဲ့ပြသည်။
အကြွေးမရလည်း အေးတာပဲလို့ စိတ်ထဲတောင် ပျစ်ပျစ်နှစ်နှစ်တွေးလိုက်သေးသည်။"အော် အော် အဲတာဆိုလည်း ဒီနေ့ဂိမ်းဆော့တဲ့ဖိုးလေးကို ကိုယ့်ဘာကိုယ်ပေးလိုက်နော် ဟျောင်း"
"မင်း ပေးမယ်ဆိုလို့ ငါလာဆော့တာလေ စကားကို တစ်မျိုးပြီး တစ်မျိုးမပြောနဲ့ ငါဘာငါ ဆိုမလာဘူး ဒီဆိုင်က စျေးကြီးရကြီးနဲ့"
ချွမ်းရွေ့သည် အားနာတာတွေ ဘာတွေမရှိတော့
သူ့ ပိုက်ဆံကုန်တော့မယ်လို့ တွေးလိုက်တာနဲ့ကို ဒေါသထွက်လာသည်။ သူက ဂိမ်းဆိုင်သွားရလောက်တဲ့အထိလည်း ဂိမ်းဆော့ရတာမကြိုက် ပတ်ဂွန်းနု
အဖော်ခေါ်လို့သာ လိုက်လာပေးတာ။
ကျေးဇူးမသိတတ်တဲ့အပြင် အခုအမိုက်ပါ
စော်ကားနေသေးတယ်။