"ကျွန်တော်လည်းရှိနေသေးတာကို လူအလျင်မလိုရင် အေးဆေးရှာလို့ရရဲ့သားနဲ့"
ဒီတစ်ခေါက်စာမေးပွဲပြီးရင် လုပ်ငန်းခွင်၀င်တော့မှာမို့လို့ဆိုင်မှာ ဂယူဗင်းနေရာက လစ်ဟာနေတော့မှာ။
ဂယူဗင်းက ပိတ်ရက်တိုင်း လာကူပေးမယ်လို့ ပြောပေမဲ့လည်း ဟျောင်းက လက်မခံ။အချိန်ပိုင်းလုပ်
မည့် ကျောင်းသားတွေကိုလည်း အေးဆေးရှာဖို့
ပြောပေမဲ့ ချက်ချင်း လူ အသစ်တွေ့သွားပါပြီတဲ့။"အစကတော့ ငါလည်း အေးဆေးရှာမလို့ပဲ ဒါပေမဲ့
လာမေးတဲ့ကောင်လေးက မင်းအသိလေ ငါလည်း မင်းမျက်နှာနဲ့ခန့်လိုက်တာ"ဂယူဗင်းသည် တွေဝေသွားရသည်။သူ့အသိထဲမှာ အချိန်ပိုင်းလုပ်မယ့်သူမရှိတာ သေချာသည်။ဟိုကောင်တွေကလည်း သူတို့အလုပ်နဲ့ သူတို့ရှိပြီးသား။သူ့အသိ ဂျူနီယာလေးတွေကိုလည်း ဟျောင်းက
သိစရာအကြောင်းမရှိ။"ဘယ်သူ"
"ကျွန်တော်ရောက်ပြီ အော် ဆိုင်စဖွင့်နေပြီလား"
မောဟိုက်သံစွက်နေသည့် အသံရွှင်ရွှင်လေးသည်
ဂယူဗင်းကို တအံ့တသြဖြစ်စေသည်။"ဆိုင်က နေ့လည်ကတည်းက စဖွင့်နေတာ ညီလေးရဲ့
ညီလေးအချိန်မရောက်သေးဘူးဆိုတော့ လာတာ
နောက်မကျဘူး "အဲတော့မှ ချွမ်းရွေ့သည် သက်ပြင်းချနိုင်သည်။
သူသည် ကိုကိုနဲ့တွေ့ရဖို့ အချိန်ပိုင်းလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပေမဲ့ အလုပ်ကိုတော့
ပေါ့ပျက်ပျက်မလုပ်ချင်ပါ။သူကို ကြည့်နေသည့် ကိုကိုကို့ပြုံးပြလိုက်တော့
ကိုကိုက ပြန်မပြုံးပြလာ။ ချွမ်းရွေ့ အလိုမကျသလို နှုတ်ခမ်းတွေကို တွန့်ချိုးလိုက်သည်။
.
.
"ဒီမှာ အေပရွန် ယူနီဖောင်းတော့ ၀တ်ဖို့မလိုဘူး
ဒါပေမဲ့ အေပရွန်တော့၀တ်ရမယ်၊နောက် အင်္ကျီလက်ရှည်၀တ်လာမယ်ဆို ခေါက်တင်ထား
မဟုတ်ရင် ဟင်းရည်တွေပေလိမ့်မယ်"ကိုကိုသည် သူ့ အင်္ကျီလက်ကိုကြည့်ကာ
ပြောလာသည်။အမှန်ဆို ကိုယ်တိုင်ခေါက်တင်ပေးဖို့ကောင်းသည်။ဒါပေမဲ့ ကိုကိုက လုပ်မပေးလာ။
သူ သဘောကျနေတယ်ဆိုတာ သိတော့ ကိုကိုက သူစိမ်းဆန်ပြလာသည်။ ချွမ်းရွေ့လည်း
ယောကျာ်းဆိုပေမဲ့ ကိုကိုကတော့
တကယ့်မကောင်းတဲ့ယောကျာ်းဖြစ်မည်။