အပိုင်း၄

4.3K 67 6
                                    

''တို့ မင်းကို အရမ်းမုန်းတယ်'' စေတမာန် အတွေးထဲတွင် ထို စကားမှာပဲ့တင်သံလိုထပ်နေသည်။
ဟာကွာ...ဘာလို့ ဒီမိန်းမ ကအတွေးထဲရောက်လာပြန်တာလဲ.။ဘာတဲ့ မုန်းတယ် ဟုတ်လား။ ခင်များမုန်းသလောက်ကို ဒီက လူက ခင်များကို ထပ်ပြီးတော့ လုပ်နေဦးမှာ။ပြောသာပြောတာ ငါ့စိတ်ထဲဘာလို့ တစ်မျိုးကြီးဖြစ်နေတာလဲ။ဘာလို့ဒီမိန်းမကို သနားနေရတာလဲ။သူ့ကို လိုက်ပို့မယ်တောင် လုပ်လိူက်သေးတယ်။..စေတမာန် နင်ဘာတွေလုပ်နေတာလဲ။ အယ့်မိန်းမက နင့်ရဲ့ sex အတွက်ပဲ အသုံးချရမှာနော်။...စေတမာန်ရဲ့ စိတ်သည် နှစ်ဖက်ခွ ​နေသည်။ ဘယ်ဘက်က ပိုအားသာနေသလဲ ကိုယ်တိုင်ပင် မသိတော့.။သို့သော် ဘယ်သူ့ကိုမှ မသနားဖူးသော စေတမာန်တစ်ယောက် ထိုအမျိုးသမီးကို သနားမိနေသည်။ငါ ကဘာလို့ အယ့်လိုမျိုးခံစားနေရတာလဲ။ငါလိုချင်တာရနေပြီပဲ။ ဟားးးဟားးး သူက ငါ့ရဲ့ အပိုင်ပဲ။ငါ့ရဲ့အလိုဆန္ဒတွေကို ဖျောက်ဖျက်ဖို့သက်သက်ပဲ။
ဒေါက်...ဒေါက်..ဒေါက်...မမလေး မမလေး
(မနေ့ကမှ မေမေသည် အိမ်ဖော် တစ်ယောက်ခေါ်လာသည်။..နဂိုဆို စေတမာန့်ကြောင့် မည်သည့်အိမ်ဖော်မှ မခံပေ။ယခု တစ်​ယောက်ရော ဘယ်အချိန်အထိ ခံနိုင်မယ်မသိ)
လာပြီ.....ဘာကိစ္စလဲ ...ဟို သခင်မက ခေါ်ခိုင်းလိုက်လို့ပါ..
အေး...ငါအခုလာပြီလို့ပြောလိုက်..
နောက်မိနစ် အနည်းငယ်ကြာတော့ စေတမာန်ဆင်းလာသည်။
ဟင်...စေတမာန် အံ့သြ သွားသည်။ ဟို အမျိုးသမီး...သူဒီကို ဘာလာလုပ်တာပါလိမ့်..။ပြောတော့ဖြင့် ငါ့ကို စာမသင်တော့ဘူးဆိူ။ဟိုက်....ငါလုပ်ထားတာတွေကို လာပြီးတိုင်တာလားမသိ။..ဟာ..သူမလုပ်ရဲပါဘူး.။ငါ့မှာ video ရှိသေးတာပဲ။စေတမာန် အတွေးပေါင်းများစွာဖြင့် သူမနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ စေတမာန် ကြည့်လိုက်တော့ ထိုအမျိုးသမီးမှာ သူ့ကို ကြောက်နေသလို ပုံစံဖြစ်နေသည်။....
စေတမာန်အမေ**စေတမာန် ဘာလုပ်နေတာလဲ သွားလေ..ဆရာမကို အပေါ်ကိုခေါ်သွားလေ...ထိုအခါ စေတမာန်က အံ့သြ စွာဖြင့်
ဗျာ...အပေါ်ကို..ဘာလုပ်ဖို့လဲ..
ဟဲ့... စာသင်ဖို့ပေါ့ဟဲ့...
ဟာ....စာသင်ဦးမယ်ပေါ့...သူမကိုကြည့်ကာ.စေတမာန် ပြောလိုက်သည်။
ထိုအခါ ထိုအမျိုးသမီးမှ...ဟုတ်ပါတယ် ဟိုနေ့က တစ်ရက်ပျက်လိုက်တာက အိမ်က သားသား နေမကောင်းလို့ပါ။အယ့်တာကြောင့် ပျက်တာ ခု ပြန်ကောင်းပြီ ဆိုတော့ ပြန်ပြီးစာသင်လို့ရပါပြီ။..
စေတမာန် သိတာပေါ့ ထိုအမျိုးသမီးလိမ်နေတယ် ဆိုတာ ။
စေတမာန့်အမေ **ရပါတယ် အစ်မရယ်.ဘာမှမဖြစ်ပါဘူး..
ပြီးနောက် စေတမာန်နှင့် သူမ အခန်းထဲသို့ ဝင်လာပြီးနောက် စေတမာန်က တံခါးကို လော့ခ်ချလိုက်သည်။..
ထိုအခါ တူန်တက်သွားသော ထိုအမျိုးသမီးရဲ့ ခန္ဓာကိုယ်လေးကို တံခါးနဲ့ ကပ်ထားလိုက်သည်။ ခု လက်ရှိအချိန်မှာတော့ နုက စေတမာန့်ရဲ့ ရင်ခွင်ထဲသို့ရောက်နေသည့်အနေအထား..
မျက်လုံးကို မှိတ်ထားကာ တုန်နေသော လက်ဖြင့် ရင်ဘတ်ကို ကာရင်း ကြောက်နေရှာသည်။...စေတမာန်လည်း နီရဲနေသော နှုတ်ခမ်းလေးကို ဖွဖွလေး နမ်းရင်း..လွှတ်ပေးလိုက်သည်။...စေတမာန့်အတွေးတွင်တော့...ငါ့ကြောင့်သူတော်တော် ကြောက်နေရှာတယ်..ဒါဆိူ ဘာလို့ငါ့ကိုစာလာသင်ပေးနေသေးတာလဲ။
ထိုကောင်မလေး လွှတ်ပေးတော့မှ နုလည်း အသက်ဝ ဝ ရှူနိုင်တော့သည်။..ပြီးနောက် ခုံတွင် နှစ်ယောက်စလုံး နေရာယူပြီးနောက်... စာသင်ကြရအောင်..ပြီးတော့ တို့နဲ့အတူ စာသင်နေတုန်း မင်းရဲ့ အခန်းတံခါးကိူ လော့မချထားပါနဲ့..
ဟ...ခပ်ဟဟ ရယ်သံဖြင့် ဘာလဲ...စတွေ့တုန်းကလို နှုတ်ဆက်မှာ ကြောက်လို့လား..
ထိုအခါ စေတမာန်ဆီ ကျရောက်လာသော..ဝမ်းနည်းနေသော မျက်ဝန်းတစ်စုံ...သူမ ငိူနေတာလား...
ငါ့ရဲ့ ပြောပြလို့မရတဲ့ အခြေအနေကြောင့် မင်းကို စာဆက်သင်ဖို့ ဆုံးဖြတ်လိုက်ရတာပါ..ဒါကြောင့် ငါ့ကို မင်းရဲ့ ဆရာမတစ်ယောက်အနေနဲ့ ထိကပါးရိကပါးတွေ ထပ်မပြောပါနဲ့နော်...ဒါတို့တောင်းဆိုတာပါ..
––—————————————–––––––––––
ထိုနေ့ညက ကလင်...ကလင်...ကလင်...ကလင်
ဟုတ်ကဲ့  ဘယ်သူလဲ မသိဘူးရှင်
..ဒေါ်နုနှင်းဆီဖြူလား.မသိဘူး ( ဟိုဘက်မှ ယောကျ်ားတစ်ယောက်ပြောသံ)
ဟုတ်ပါတယ်...
ဪ...ဟုတ်ပြီ...လေသံမာမာဖြင့်.ခင်များ ကျုပ်အကြွေးတွေကို ဘယ်တော့ ဆပ်မလဲ မေးချင်လို့ပါ။
ရှင်...ရှင် ဘယ်သူလဲ ကျမဘယ်သူ့ဆီကမှ အကြွေးမယူထားပါဘူး
ဪ..ဟုတ်သားပဲ ကိုယ့်ကိုယ်ကို မိတ်ဆက်ပါ့မယ်..ကျုပ်က မင်းထင်ရဲ့ အစ်ကို မင်းနိုင် ပါ...ကျုပ်ညီက သူမသေခင်တုန်းက သူ့ရဲ့ ဖဲကြွေးတွေ ဆပ်ဖို့ ကျုပ်ဆီက သိန်း ၂ရာ ချေးထားတယ်။..စာချုပ် စာတမ်းနဲ့ချေးထားတာပါ..ခုသူ​သေ သွားတဲ့ အတွက် သူ့ရဲ့ မိန်းမဖြစ်တဲ့ ခင်များကပဲ သူ့အစား အကြွေးတွေကို ဆပ်ပေးရမယ်..
ရှင်...ဒီမယ်...သူယူထားတာ သူနဲ့ပဲ ရှင်းလေ..ဘာလို့ ကျမဆီ လာတောင်းနေရတာလဲ
စာချုပ်ပါ အချက်အတိုင်းတောင်းရတာပါ..မပေးလို့ကတော့ ကျုပ်က ဥပဒေ အတိုင်း ဆက်လုပ်ပါ့မယ်..ခင်များက ဆရာမ တစ်ယောက်ဆို​တော့ တရားရင်မဆိုင်ချင်ဘူးထင်ပါတယ်...
ဒါပေမယ့် အယ့်စာချုပ်က ဟုတ် မဟုတ် ကျမဘယ်လိုယုံပေးရမှာလဲ...ဒါဆိူလည်း ကျုပ့်တို့ မနက် ဖြန် တွေ့ကြတာပေါ့.. *&^%$ လိပ်စာကို လာခဲ့ပါ။ တီ... တီ.......
နု အတော်လေးကို စိတ်ညစ်မိသည်။ ပြဿနာတစ်ခုက မပြီးသေး ခုနောက်တစ်ခု.. နုသေ သာသေလိုက်ချင်တော့သည်။
စေတမာန်ကို စာသင်ဖို့မဆုံးဖြတ်မီ မနက်
သူပေးသော လိပ်စာအတိုင်းသွားလေတော့ ခမ်းနားတဲ့ အိမ်တစ်လုံး..ဟုတ်ကဲ့ ကိုမင်းနိုင် နဲ့တွေ့ချင်လို့ပါ။
ဟေ့ကောင်တွေ ဝင်လာခိုင်းလိုက်....
နု ဝင်သွားတော့..ဘေးက မိန်းကလေးတွေ က အရက်ငှဲ့ပေးသူ ငှဲ့ ၊ အသီးခွဲပေးသူ ခွဲပေး၊ နှိပ်ပေးသူနှိပ်ပေးနှင့်.တော်တော်လေး သရုပ်ပျက်သည်။
ထိုင်ပါ....နုကို ပြောလိုက်တော့ နုလည်း မထိုင်ချင်သော်လည်း ထိုင်လိုက်သည်။
ထိုအခါ...... ဘေးနားမှ မိန်းကလေးများအား..သွားလို့ရပြီ...ငါခေါ်မှ လာခဲ့တော့..ဟုဆိုရာ အားလုံးထွက်သွားပြီးနောက် နု နဲ့ ထိုလူသာ ကျန်ခဲ့သည်။
ငါ့ညီက ဘယ်ဆိုးလို့တုန်း...ယူထားတဲ့ မိန်းမက အတော်လေး လှတယ်ဟ..(စိတ်ထဲတွင်သာ ဘူးထလိုက်သည်)
ကျမကို စာချုပ်ပြပါ...နုလည်း ကျန်တဲ့ စကားတွေမပြောချင်တော့ လာရင်းကိစ္စ ပြောပြီးလျှင် ပြန်မည်.။ သူလည်း ဟိုလူယုတ်မာနှင့် အတူတူပင်...နုကို ကြည့်နေသည့်အကြည့်တွေမှာ ရယူလိုခြင်းတွေ ပါနေသည်။
နု စာချုပ်ကို ကြည့်လိုက်တော့ အမှန်ပင် ကိုမင်းထင် ၏လက်မှတ် ပြီးတော့ စာချုပ်ပါအကြောင်းအရာများ...နု စိတ်ထဲ ပြောင်းဆန်သွားသည်။...မုန်းတိုင်းကြီး တိုက်သွားသလိုပင်...
နုလည်း ကောင်းပါပြီ ကျမကို အချိန်ပေးပါ..
ဘယ်လောက်ပေးရမှာလဲ...ကျုပ်က စိတ်မရှည်ဘူး..
အမှန်တော့ ကျုပ် အတွက် သိန်း ၂ ရာက မပြောပလောက်ပေ။ ကစားချင်တာသက်သက်ပင်။နဂိုတုန်းက မတောင်းတော့ဘူးဟု စီစဥ်ထားသော်ငြား..ကျုပ်လည်း ပျင်း၍ ဒီတိုင်းကစားချင်ရုံပင်။ယခု စိတ်ပြောင်းသွားပြီ။
ကျုပ် အချိန် ၁လ ပေးမယ်။ဘယ်လိုလဲ။
ရှင်...ဘယ်လိုဖြစ်နိုင်မလဲ။ ၁လတည်းနဲ့ ကျမက သိန်း၂ ရာကို ဘယ်လို ရှာပေးနိုင်မလဲ။ကျမကို အချိန်ထပ်ပေးပါ။.
ဒါဆိုရင် ကို တောင်းဆိုတာကို လိုက်လျောပေးပါ။...ကိုနဲ့လက်ထပ်​ေလ။ဒါဆိုရင် ကြိုက်သလောက် အချိန်ပေးမယ်
ဘာ......နု မတ်တပ်ရပ်လိုက်သည်။....ရှင် ဘာစကားပြောတာလဲ၊..ကျမကို ဘယ်လိုမိန်းမထင်နေလဲ။..ခုမှ တွေ့ပြီး ခုလက်ထပ်ရအောင်..ကျမ ကို အပေါစားမိန်းမထင်မနေနဲ့။
ဒေါသထွက်တာတောင် လှနေပါလား....
ကျုပ်ညီက မင်းကို ဘယ်လိုယူလိုက်တာလဲ ကျုပ်သိတယ်နော်..ဒါပေမယ့် ကျုပ်က ကျုပ်ညီလို မလုပ်ချင်ပါဘူး..ဒါကြောင့် အသာတကြည်ပြောတာပါ...ကျုပ်ကို လက်ထပ် ။ဒါဆိုရင် မင်းကို ဘာအကြွေးမှလည်း မယူသလို မင်းကို သေချာဂရုစိုက်မှာပါ။...မင်း သားလေးကိုလည်း ကိုယ့်ရဲ့ သားလေးတစ်ယောက်လို ဂရုစိုက်မှာပါ။...
အသေ သာခံလိုက်မယ်...လုံးဝမယူဘူး..ပြီးတော့ ကျမသားကိုလည်း ကျမဂရုစိုက်နိုင်တယ်...ရှင့်ပိုက်ဆံကို တစ်လ အတွင်း ကျမလာပေးမယ်...ဒါပဲမလား...
နုလည်း လှည့်ထွက်လာခဲ့သည်။
တောက်ခ်...သူကများ..ငါ့ကို ငြင်းရဲသေးတယ်..တွေ့ကြသေးတာပေါ့....ဟုဆိူကာ လူယုတ်မာအပြုံးဖြင့် ထိုလူ။
--------------------------------------
ထိုအကြောင်းကြောင့် နု စေတမာန့်ကို စာသင်ဖို့ လက်ခံခဲ့သည်။ နုသိပါသည်။..တစ်လနဲ့ သိန်း ၂ ရာ နုရှာရန် မဖြစ်နိုင်ပေ။...သို့သော်...နု မရရအောင် ရှာရမည်..မဟုတ်လျှင်..........နုကို...နုကို..ထိုသူသိမ်းပိုက်တော့မည်။...
တစ်ခုခုကို တွေးနေဟန်ဖြင့် ကြောက်နေသော..ထိုအမျိုးသမီးကိုကြည့်၍ စေတမာန် စိတ်ထဲတွင် မရိုးမရွ ဖြစ်လာသည်။...သို့သော် sex ခံစားချက်မဟုတ်...။အယ့်တာဆို ဘာလဲ...ငါဘာလို့ သူ့ကို စိတ်ပူနေသလို ဖြစ်နေတာလဲ..သူဘာဖြစ်ဖြစ် သူ့ကိစ္စလေ..ငါနဲ့ ဘာဆိုင်လဲ...
ပြီးပြီ......
ဟင်....
ခင်များ တွက်ခိုင်းတဲ့ စာတွေ ပြီးပြီလို့...
ဘာလဲ...ဘာတွေးနေတာလဲ...ကျုပ်ကို စာသင်ရင် ကျုပ်ကိုပဲ ဂရုစိုက်လေ...ပိုက်ဆံပေးထားရတာ...အလကားမဟုတ်ဘူး..သူများပိုက်ဆံကို အချောင်လိုချင်လို့ရမလား။.ကျုပ်နဲ့ ရှိနေချိန် တခြားဟာမတွေးနဲ့။.
နု သိက္ခာ ကို ထိပါးလာသဖြင့်..နု ဒေါသထွက်မိသည်။..ဒီမယ်...မင်းတို့ကို ဘယ်လိုတွေပြောနေတာလဲ။..တို့က မင်းအမေထက် အသက်ပိုကြီးတယ်နော်။စကားပြောတာ ဆင်ခြင်ပါ။...
စေတမာန် စိတ်ထဲတွင် ထိုအမျိုးသမီးကို စချင်လာသည်။...ကောင်းပြီလေ..ဒါဆိူလည်း ဆင်ခြင်မယ်နော်။..ကုတင်ပေါ်တက်တော်မူပါ..တီချယ့်ရဲ့ ညဥ်းသံလေးကို တောင့်တနေလို့...
ဘာ...မင်း...မင်းနော်...တို့ မင်းအမေနဲ့ ပြန်ပြောမှာ...
ပြောပေါ့...ကျုပ်မှာ video ရှိတယ်လေ..ကျုပ်က တစ်လောကလုံးကို ပြလိုက်မှာ...ဟားးး
မင်း..မင်း...နု ဘာပြောရမှန်းမသိတော့..ဟင့်အင်း နုမလိုချင်တော့ပေ။..အယ့်လို အနိုင်ကျင့်ခံနေရတာ မုန်းလာပြီ..မခံနိုင်တော့ပေ။...
ထိုအမျိုးသမီး မျက်နှာမှာ နီရဲနေပြီ။စေတမာန်လည်း..ခုံကို သူမအနားပိုတိုး၍ သူမ မေးလေးကို ကိုင်ကာ...မော့စေခဲ့သည်။.ဒီတော့မှ မျက်နှာ ဖြူဖြူလေးမှာ မျက်ရည်လေးများတွဲခိုလျက်...ငိုနေသော ထို အမျိုးသမီး...စေတမာန့်ရင်ထဲတွင် အမျိုးအမည် မသိတဲ့ ခံစားချက်ကြီး....စေတမာန် လွှတ်ပေးလိုက်သည်။...
စာသင်ပြီးနောက်...သူမ အိမ်ပြန်တော့မည်။.စေတမာန် မပြန်စေချင်ပေ။သူမနားမှာတစ်သက်လုံးနေစေချင်သည်။..သို့သော်..သူမ တားလို့ရမည်မဟုတ်....ထိုအမျိုးသမီး ပြန်သွားတော့...စေတမာန့်ရင်ထဲတွင် ကျန်ခဲ့သည့် အမျိုးအမည်မသိ ခံစားချက်...။ရင်ထဲမှာ လွတ်သွားသလို ဟာတာတာကြီး..။
.စေတမာန် အိပ်ယာပေါ်လှဲ၍....ထိုအမျိုးသမီးရဲ့ မျက်ရည်တွေ မြင်တော့ ငါဘာဖြစ်တာလဲ..သူမကို ငါဘာလို့ လွှတ်ပေးလိုက်မိတာပါလိမ့်။...ငါဘာလို့ ရင်ထဲမကောင်းတာလဲ...အယ့်ဒီခံစားချက်က ဘာကြီးလဲ။....အချစ်လား??

အရိုင်းအစိုင်း (complete)Where stories live. Discover now