အပိုင်း 16

2.3K 61 0
                                    

နု မျက်လုံး ပြန်ပွင့်လာတော့ မြင်လိုက်ရတဲ့အခန်းဟာ..နု နဲ့စိမ်းနေသောကြောင့်...နု ဟိုလူအိမ်ရောက်နေပြီ ဆိုတာသိလိုက်သည်။....အပြင်မှာ မိုးတွေကလည်း သည်းနေပြီ။...မောင်....မောင် ရော အပြင်မှာအေးနေတော့မှာပဲ.။အဟင့် မောင်...........မောင်က နု ကိုထားသွားတာလား။....မောင် ကတိမတည်ဘူး။..အဟင့်...အဟင့်...အဟင့်...ဟင့်

ဂလောက်....အခန်းတံခါးပွင့်လာသည်။...
အချစ်ကလေးတောင်နိုးလာပြီပဲ...။

ရှင် ကျမကို အယ့်လိုမခေါ်နဲ့...ကျမ ရှင့်ကို အရမ်းမုန်းတယ်..။ဘယ်မှာလဲ ကျမသား။..ကျမသားနဲ့တွေ့ချင်တယ်..။ကျမ ရှင်နဲ့အတူတူ တစ်ခန်းထဲမနေနိုင်ဘူး။...ဖယ်...ကျမ သားဆီကို သွားမယ်.။ နု ထ ထွက်သွားမည်အလုပ်...နု လက်ကိုစောင့်ဆွဲ ကာ ကုတင်ပေါ်ပြန်ထိုင်စေခဲ့သည်။...

အာ့....ရှင် ဘာလုပ်တာလဲ.။ နုလည်း နာသွားသဖြင့်...ထိုလူ့ကို နဂါးမျက်စောင်းဖြင့် စူးစိုက်ကြည့်ကာ ဒေါသထွက်နေမိသည်။

ရော့...ကုတင်ပေါ်သို့ပစ်ချလိုက်သော အရာတစ်ခု.....

ဘာလဲ...

လက်ထပ်စာချုပ်..

ဘာ!!!!!!!ဟင့်အင်း....မထိုးပေးနိုင်ဘူး။...

မငြင်းချင်စမ်းပါနဲ့တော့ကွာ။...မင်း ဆက်ငြင်းနေမယ်ဆိုရင် မင်းရဲ့သားအသက်ကို ငါအာမမခံ နိုင်ဘူးနော်။..

ရှင်...တော်တော် အောက်တန်းကျတဲ့သူပဲ။..ဘာလို့ ကျမကို ဒီလောက်ထိ ဒုက္ခပေးနေရတာလဲ။..ကျမ ရှင့်ကို ဘာတွေများအပြစ်တွေကျူးလွန်မိခဲ့လို့လဲ။...ဟင့်...အဟင့်...

မင်း ပြောလို့ပြီးရင် လက်မှတ်လေးထိုးလိုက်ပါဦး။..ကိုယ်ကတော့ ထိူးပြီးပြီ။...ပြီးတော့ ကိုယ်ကြာကြာ မစောင့်နိုင်တော့ဘူး.။မင်းကို ကိုယ့်မိန်းမအဖြစ် လုပ်ဖို့ကိုလေ။

နု ရဲ့ စိတ်ဆန္ဒ မပါဘဲနဲ့ ထိုးလိုက်ရသော...နောက်ထပ် လက်မှတ်တစ်ခု။.(.မောင်....မောင်....ဘယ်မှာလဲ.....နုကို မချစ်တော့ဘူးလား...နုကိုဘာလို့ ဒီအယုတ်တမာလက်ကနေ လာမကယ်ပေးတာလဲဟင်..မောင့်ကို နု အရမ်းလွမ်းတယ်..မောင်ရယ်....)
--------------------------
အာ့...ကျွတ်....အင့်....အိုး...မှောင်မဲနေပါလား...သူတို့ငါ့ကို မြေကြီးအောက်မှာ မြှုပ်ခဲ့တာပဲ...အချိန်အခါမဟုတ်ရွာသောမိုးကိုပဲ ကျေးဇူးတင်ရမလား....မိုးရွာတာများသောကြောင့် စေတမာန့်ကို မြှုပ်ထားတဲ့ မြေကြီးကပျော့ကာ...မြေသားတွေ ပွလာပြီး...စေတမာန်လည်း... အပြင်ထွက်နိုင်တော့သည်။...အာ့....သို့သော်..ဗိုက်က ဒဏ်ရာ...ဖုန်း...ဖုန်း...တော်သေးတယ်...ဖုန်းရှိနေသေးလို့...သေချာမစိစစ်ခဲ့သော...ဟိုလူတွေရဲ့အမှားပင်......

အရိုင်းအစိုင်း (complete)Where stories live. Discover now