အပိုင်း5

3.9K 69 6
                                    

အမေ ကျွန််တော် ဟိုကောင်တွေနဲ့ ချိန်းထားလို့ သွားလိုက်ဦးမယ်။....
ဟေ.....စေတမာန် အမေကအံ့သြစွာဖြင့်... ဟဲ့ နင်ငါ့ကို ဘယ်တုန်းက ပြောသွားဖူးလို့တုန်း..ခုမှထူးဆန်းပါ့လား..
အမေရယ် နဂိုက မပြောလည်း ခုပြောတယ်ဗျာ...ပြောတော့လည်းတစ်မျိုး မပြောတော့လည်းတစ်မျိုး အမေတို့က အမျိုးမျိုးပဲ...သွားပြီဗျို့..နောက်ကျနေပြီဟု ဆိုကာ....ကားမောင်းထွက်သွားသော သူ့သမီးအား..ကြည့်ရင်း သက်ပျင်းချလိုက်ကာ...ဒင်းကို နိုင်မယ့် သူတစ်ယောက်လောက် အမြန်ပေါ်လာပါစေ..အယ့်တာမှ ဒင်း ခြေငြိမ်မှာ...
စေတမာန်..ကားမောင်းနေစဥ် တစ်နေရာအရောက်....ဟိုအမျိုးသမီးကို တွေ့လိုက်လေသည်။..စေတမာန် အတွင်းစိတ်တွင် အပြုံးပန်းတို့ ပွင့်လန်းသွားသော်ငြား...အပြင်ပန်းကတော့ ခက်ထန်ချင်နေသေးသည်။...ဒါကြောင့်ပင်..ကားကို သူ့အနား..ကပ်မောင်းလိုက်တော့ ရုတ်တရတ် လန့်ပြီး လဲသွားသောသူမ......
အားးးကားကို ဘယ်လိုမောင်းနေတာလဲ မသိဘူး...နု လည်း ကားမောင်းမဆင်ခြင်သောသူကို ပြောလိုက်မိသည်။ ယခု လို အလျင်လိုနေတဲ့ အချိန်မှာမှ ဖြစ်ရတယ်လို့။...အမှန်တော့ နု လည်း အားသည့်အချိန်လေးတွင် တခြားသော ကလေးများကို စာသင်ရင်း ဟိုလူ့ကို ဆပ်ရမည့် ပိုက်ဆံကို စုနေခြင်းပင်...

အားးကျွတ်...ကျွတ်...နာလိုက်တာ...တိုက်သွားသောကားကို ကြည့်တော့ မောင်းတဲ့သူက ဆင်းတောင် မလာပေ။...
ဟ ငါလုပ်တာ များသွားပြီဟ...သူတော်တော် နာသွားပြီထင်တယ်...ထို့နောက် ကားကို နောက်သို့ဖြည်းဖြည်းချင်းပြန်ဆုတ်လိုက်သည်..
ပြီးနောက် ကားပေါ်မှ ဆင်းကာ..လဲကျနေသော ထိုအမျိုးသမီးကို အချိန်အတော်ကြာ ငေးကြည့်နေသည်။...ဘယ်လိုနေနေ လှတယ်ဟ...
ကားပေါ်က ဆင်းရုံဆင်းလာပြီး တစ်လုံးမှ တောင်းပန်စကား မဟသလို ထူလည်းမမေးသည့် ထိုလူမှုရေးညံ့ဖျင်းသော သူကို နု မော့ကြည့်လိုက်တော့....
ဟင်...မင်း..စေတမာန်....
ကျွန်တော် တောင်း............
ဒါ မင်း တမင်တကာ လုပ်တာပေါ့ ဟုတ်လား...ငါမှန်းသိနေလို့ တမင်လုပ်တာပေါ့...မင်းငါ့ကို ဘယ်လောက်ထိ ဒုက္ခပေးနေမှာလဲ...ခု မင်းကျေနပ်ပြီလား...ဟမ်..
ဟ....ဒီအမျိုးသမီးကတော့...ငါတောင် ဘာမှမပြောရသေးဘူး...ကပ်ကပ်လန်အောင် ရန်တွေ့နေပါလား.။..ချစ်ဖို့ကောင်းတယ် ရန်တွေ့တာလေးက..... စေတမာန် စိတ်ထဲမှပင် ပြောလိုက်မိသည်။ ဒီမယ်...ကျွန်တော် တမင်တကာ လုပ်တာ ဟုတ်တယ်...ဒါပေမယ့်...အယ့်ဒီ့လောက်ထိ အနာတရ ဖြစ်အောင် မရည်ရွယ်ဘူး။..ခင်များ မကျေနပ်ဘူးလား..။ မကျေနပ်ရင် ကျွန်တော် ဘာပြန်လုပ်ပေးရမလဲ.ပြော။..ပိုက်ဆံပေးရမလား။..လျော်ကြေးပေါ့။အဟက်။...ခပ်ဟဟ ရယ်လိုက်သော ထိုကောင်မလေးကြောင့် နုလည်း ဒေါသထွက်ကာ ​ခြေထောကဒဏ်ရာကိုပင် သတိမပြုမိတော့ဘဲ ထလိုက်​တော့...ပြန်၍ မြေပြင်ပေါ် လဲကျတော့မည့်အချိန် နုရဲ့ လက်ကို ဆွဲကာ မြေပြင်ပေါ် ပြန်မကျအောင် ဆွဲပေးထားသော ထိုကောင်မလေး....
လွှတ်...မထိနဲ့ ငါ့ကို...မင်းကို ရွံတယ်...
ဗုတ်.....အာ့...ဒီမယ် မင်း ဘယ်လိုလုပ်လိုက်တာလဲ...
ခင်များပဲ လွှတ်ဆို...အယ့်တာကြောင့် လွှတ်လိုက်တာလေ...
နု လည်း ပြောစရာ မရှိ​တော့ ...
ယခု တော့ ခြေထောက်တင် မဟုတ် မြီးညှောင့်ရိုးပါ အောင့်သွားလေပြီ။
ဒီမယ် ခင်များ ဘယ်သွားမှာလဲ ။ကျွန်တော် လိုက်ပို့မယ်။
မလိုဘူး...ကိုယ့်ဟာကို သွားမယ်..။
ထို အမျိုးသမီးမှာ ခေါင်းတော်တော်မာသည်။
ထို့ကြောင့် စေတမာန်လည်...စိတ်မရှည်စွာဖြင့် ထိုအမျိုးသမီးအား ပွေ့ချီလိုက်​တော့သည်။
အားးဘာလုပ်တာလဲ လွှတ်...မလိုက်ဘူး..ဖယ်..
စေတမာန်လည်း စိတ်တိုတိုနဲ့ ကားပေါ်သို့တင်လိုက်ပြီးနောက်...ဒီမယ် ကျွန်တော် ပြောတာ နားမထောင်ရင် video ကို ဖြန့်လိုက်မှာနော်...အယ့်တော့မှ ခင်များမှာ ဘာမှ လုပ်စရာမရှိဘဲ ဖြစ်သွားမယ်...
ထိုသို့ပြောလိုက်တော့ တင်းနေသောမျက်နှာတွင် ဝမ်းနည်းမှုများ ရောယှက်ရင်း ငြိမ်သွားသော အမျိုးသမီးပါလေ..
စေတမာန်လည်း ကားပေါ်သို့ တက်ရင်း...ကဲ ဘယ်သွားမှာလဲ ပြော...လိပ်စာကိုပြောရင် အတိအကျပြောနော်...ဟိုလမ်းထိပ် ဒီလမ်းထိပ် မချခိုင်းနဲ့...ခြေထောက်က လျှောက်နိုင်မှာ မဟုတ်ဘူး...
ရန်ကုန်တက္ကသိုလ်ဝန်း သထုံဆောင် ရှေ့..
ကောင်းပြီ....ဟု ဆိုကာ ကားမောင်းနေသော ထိုကလေးမကို နုကြည့်လိုက်တော့ တော်တော်လေးကို ချောသည်။ဒါပေမယ့် ဘာလို့အရမ်းရိုင်းစိုင်းေနရတာလဲ။ပြီးတော့ ငါ့ကို...ငါ့ကိုလည်း...သူ..သူ...နု တွေးရင်း လက်တွေတောင် တုန်လာသည်။.ဒါကြောင့် မတွေးတော့ဘဲ အပြင်သာ ငေးကြည့်နေလိုက်သည်။...သွားရမည့်နေရာကို ရောက်တော့...
နုကို တံခါးလာဖွင့်ပေးသည့်အပြင်...လမ်းလျှောက်ခွင့် မပြုဘဲ..ရုတ်တရတ် ပွေ့ချီလိုက်ပြန်သည်။...နု သွားရမည့် နေရာသည်...တက္ကသိုလ် ကလေးများကို သူတု့အဆောင်တွင် လာ၍စာသင်ပေးရမည်ဖြစ်သည်။..ယခု ထိုကလေးမ လုပ်နေပုံနှင့် ကလေးတွေရှေ့မှာ မျက်နှာပူရတော့မည်။
ဘာလုပ်..ဘာလုပ်တာလဲ...ခုချက်ချင်း ချ..မင်းနော်...လွန်မလာနဲ့...
ငြိမ်ငြိမ်နေနော်...မဟုတ်ရင်...video..
ဒီမယ် မင်း ငါ့ကို အယ့်တာနဲ့ပဲ ခြိမ်းခြောက်နေတော့မှာလား...ငါက စာသင်ရမှာ... ပြီးတော့ အယ့်အဆောင်မှာ ကလေးတွေ လည်းရှိတယ်..မင်းငါ့ကိုအခုလိုချီထားတော့ ကလေးတွေ ဘယ်လိုထင်မလဲ ပြော...လွှတ်..စေတမာန်..တို့သိက္ခာကို ထောက်ပါဦး...တို့​တောင်းပန်နေတာပါ။
စေတမာန် ခေါင်းငုံ့ကြည့်လိုက်တော့ ထိုအမျိုးသမီးရဲ့ အသနားခံနေသော မျက်နှာလေးကို မြင်လိုက်ရတော့...ချက်ချင်းပင်..
ကောင်းပြီ...ဒါပေမယ့် ခင်များကို ကျွန်တော် တွဲသွားပေးမယ်...
နုကို အောက်ချပေးလိုက်သော်လည်း...သူ့ရဲ့လက်များမှာ....
အို......ဒီမယ် မင်းတွဲတာ လက်ကိုပဲ တွဲလေ...ဘာလို့ တို့ခါးကို လာကိုင်တာတုန်း...လွှတ်...
ဟော...ခင်များရယ်...အမျိုးမျိုးပဲ..ကျုပ်မတွေ့ဖူးတာလဲ မဟုတ်ပဲနဲ့...ဟု ဆိုကာ စပ်ဖြဲဖြဲ အပြုံးနှင့် ထိုကောင်မလေးအား....နုအမှန်ပင် စိတ်ရှိလက်ရှိ ရိုက်လိုက်ချင်သည်။...
သို့သော်...မင်း အယ့်တာ မင်းအနိုင်ကျင့်တာလေ...တို့ အလိုဆန္ဒ ပါလို့လား...ဒီမယ် မင်းလေရှည်နေရင်းနဲ့ တို့ဒီနေ့ စာသင်တဲ့နေရာကို ရောက်ဦးမှာလား...ပြော...
ကောင်းပါပြီ ဗျာ...ခင်များလေး အလိုအတိုင်းပါပဲဟု ဆိုကာ...သူ့လက်များဟာ..နု ပုခုံးများပေါ်တွင် နေရာယူနေသည်။...နုလည်း ထိုကလေးမ သက်သက် လုပ်နေမှန်းသိနေသော်လည်း နောက်ကျမည် စိုးတာကြောင့် ဘာမှပြောမနေတော့ဘဲ...အလိုက်သင့်သာ ဆက်လျှောက်နေလိုက်သည်။...
စာသင်ခန်းထဲရောက်တော့ ကလေးများဟာ..ကွက်ကြည့်ကွက်ကြည့်ဖြင့်..
ထိုအထဲမှ ကောင်မလေးတစ်ယောက်က ဟယ် တီချယ် အဆင်ပြေရဲ့လား...ဟုဆိုကာ..စေတမာန့်လက်ကို ဖယ်၍ သူက အတင်း ထိုအမျိုးသမီးရဲ့ လက်ကို တွဲထားလေတော့....စေတမာန်လည်း...ဒေါသထောင်းခနဲ ထွက်သွားသည်။...ထို့ကြောင့်
ဒီမယ်...သူ အဆင်ပြေတယ်..ဘာမှ အဖြစ်သည်းနေစရာမလိုဘူး....ဖယ်
ထိုအခါမှ ထိုကလေးမ ဖယ်လိုက်လေသည်။..နုလည်း...ဒီမယ် မင်း ငါ့တပည့်မလေးကို အော်စ ရာ မလိုဘူး...မင်းငါ့ကို ပို့ပေးပြီးပြီ မလား..သွားပြန်တော့...
ဒီမယ် ကျုပ်က ဘယ်သူ့အမိန့်မှ မနာခံတတ်ဘူး..ပြီးတော့ ကျုပ်ခင်များကို ပြန်လိုက်ပို့ဖို့ ဒီမှာစောင့်နေမှာ...ကျုပ်ကို ဘာမှ ထပ်မပြောနဲ့..မဟုတ်ရင်....ဟု ဆိုကာ ဖုန်းကို ပြလိုက်တော့....
နု လည်း စိတ်ညစ်ပါသည်။..ထို video ကြောင့် နု ကို သူနိုင်ချင်တိုင်း နိုင်နေတာ....
စေတမာန်လည်း ရှေ့က ခုံတန်းတွင်သာ ထိူအမျိုးသမီးကို ထိုင်စောင့်နေလိုက်သည်။ ထိုအခါ...ဖုန်းဝင်လာတော့....
ဟယ်လို...ဟေ့ကောင် စေတမာန် မင်း သေပြီလား...ဒီမှာ ငါတို့စောင့်နေရတာ သစ်ကုလားအုတ်တောင် အဖေခေါ်ရ​တော့မယ်ကွ...ီးပဲ...
ဟေ့ကောင်တွေ ငါ မလာတော့ဘူးကွ..ဒီမှာ အရေးကြီးကိစ္စရှိနေလို့...မင်းတို့ပဲ သွားတော့...
ဟာကွာ မင်းကလည်း....ဟုဆိုကာ ဖုန်းကို ချသွားသော သူငယ်ချင်းများကို နောက်နေ့မှ ပြန်၍ တစ်ဝိုင်း ဖြင့် စိတ်ပြေအောင် လုပ်တော့မည်။..
ခုတော့ ထိုအမျိုးသမီးကို ငေးခွင့်ရတဲ့ အချိန်လေးမှာ အဝ ငေးလိုက်ဦးမည်။...စေတမာန် မသိလိုက်ခင် ပင် ထိူအမျိုးသမီးပေါ်မှာ ပို၍ ခင်တွယ်မိသွားသည်။..ထိုအမျိုးသမီးကို သူချစ်မိသွားလား...သူကိုယ်တိုင် အ​ဖြေရှာနေရင်းပင် ပို၍ပင် ချစ်မိသွားခဲ့လေပြီ..အပြင်ပန်းတွင် ခက်ထန်သည်ထင်ရသော စေတမာန်သည် နှလုံးသားတွင်တော့...နု နှင်းဆီဖြူ ဆိူသော အမျိုးသမီးက နေရာယူသွားခဲ့ပြီ။....
တွေးနေရင်း ငေးနေရင်းပင် အချိန်ကုန်သွားလေပြီ...
စေတမာန်ကသာ ငမ်းမြဲငမ်းနေသော်လည်းနုက​တော့ လှည့်​တောင်မကြည့်ပေ။..သို့ပေမယ့် စေတမာန့်အတွက်ကတော့ သူမ လှည့်ကြည့်ကြည့် မကြည့်ကြည့်...သူကသာ အပီအပြင်ငမ်းရရင် ကျေနပ်နေသော အပြုံးဖြင့်သာ ငေးနေဆဲပင်...
အချိန် ၂ နာရီလောက် ထိုင်စောင့်ပြီးနောက်တွင်...
ပြန်မယ်..လေသံမာမာဖြင့်...နုဆိုလိုက်တော့...
ထိုကလေးမက....ဟုတ်ကဲ့...တဲ့လေ...
နုလည်း အံ့သြ နေလေသည်။..
ထိုအခါမှ စေတမာန်လည်း သတိရသွားဟန်ဖြင့်...ဘာလဲ...ဘာကြောင်ကြည့်နေတာလဲ..သွားမယ်...ကျုပ်မှာ အချိန်မရှိဘူး....ဟုဆိုကာ...ရှေ့ကနေ ထွက်သွားမည်အလုပ်...
ဒီမယ်..တို့ကို မတွဲတော့ဘူးလား...ဟုပြောလိုက်တော့မှ .....ဟုတ်သားပဲ...လာ..ဟုဆိုကာ..ခါးကို မကိုင်တော့ပဲ လက်ကိုသာ ကိုင်ရင်းတွဲပေးလေသည်။....စေတမာန့် အပြုအမူများကို ကြည့်ရင်း..နု video နဲ့ ပတ်သတ်ပြီး အကြံတစ်ခုရသည်။..ဒီတိုင်းတော့ သူငါ့ကို video ဖျက်ပေးမှာ မဟုတ်ဘူး...။အချိုသတ်ပြီး တော့မှ video ကို ဖျက်ရမယ်......ဟုဆိုရင်းပင်..ကားပေါ်သို့နှစ်ယောက်လုံးတက်လိုက်သည်။..တိတ်ဆိတ်နေသော...ကားထဲတွင်တော့...စေတမာန်မှ....ဒီမယ်..ခင်များ..ကဘာလို့ အလုပ်တွေအယ့်လောက်လုပ်နေရတာလဲ..သားအမိနှစ်ယောက်တည်းရှိတာမဟုတ်လား..။
မင်း တို့ကို ခင်များလို့ မခေါ်နဲ့..ဒါဆို ပြောပြမယ်..
ကျုပ်ကို အကြပ်မကိုင်နဲ့...ကျုပ်မေးတာပဲ ခင်များဖြေရမယ်။...ခင်များမှာ ကျုပ်ကို ပြန်မေးပိုင်ခွင့်မရှိဘူး။..
ထိုအခါ နုမှ ဒေါသထောင်းခနဲ ထွက်သွားသော်လည်း..စိတ်လျော့လိုက်ကာ...အယ်တာက တို့ရဲ့ ပြောပြလို့မရတဲ့ ကိစ္စတစ်ခုကြောင့်ပါ။အယ့်ဒီ့လောက်ပဲ သိထားပေးပါ။...
ပိုက်ဆံကိစ္စလား..။ပိုက်ဆံအယ့်လောက်ရှာနေရတာဆို​တော့...ကျုပ်ကို ပြော..ဘယ်လောက်လိုလဲ..ကျုပ်ကူညီမယ်..။
ရပါတယ်.. မလိုပါဘူး..။. နု ငြင်းလိုက်တော့..နှစ်ဖက်လုံးပြန်တိတ်ဆိတ်သွားပြန်သည်။..ရောက်ပြီ.....ဟုဆိုကာ...နုကို တိုက်တံခါးရှေ့အထိ လိုက်ပို့ပေးပြီးနောက်...
မင်းကြောင့် ဖြစ်တာဆိုတော့ တို့ကျေးဇူးမတင်တော့ဘူးနော်...
ရပါတယ်...တီချယ်နု...........ဟု ဆိုကာ ထွက်သွားပြန်တော့...ကျန်ခဲ့သည့် နုကတော့ ကျေနပ်နေလေသည်။..နု ရည်မှန်းချက်ဖြစ်သည့် video ကို ဖျက်ဖို့အတွက် အလင်းရောင်သေးသေးလေး မြင်လိုက်ရသောကြောင့်ပင်.........

အရိုင်းအစိုင်း (complete)Where stories live. Discover now