အပိုင်း 9

2.9K 56 4
                                    

ဟင်....သမီး ဆေးရုံရောက်နေတယ်ဟုတ်လား... စေတမာန့် အမေရဲ့အထိတ်တလန့်အသံ.....ဟုတ်ပြီ ကျမတို့လိုက်လာခဲ့ပါ့မယ်
အစ်ကိုရေ သမီးလေး ဆေးရုံရောက်နေတယ်တဲ့...အဟင့် အဟင့်..သမီးလေး ဘာမှမဖြစ်ပါဘူးနော်...
မေရယ်....ဘာမှ မဖြစ်ပါဘူးနော်....စိတ်အေးအေးထားပါ...ကိုယ်တို့ လိုက်သွားကြည့်ကြတာပေါ့။

ဆေးရုံရောက်သော်....သမီး...သမီး...ဆရာ...သမီး ဘယ်လိုနေသေးလဲဟင်..
ပြောရမှာတော့ စိတ်မကောင်းပါဘူး...ကောင်မလေးက နှစ်ချက်ထဲ အထိုးခံရပေမယ့်...နှစ်ချက်စလုံးက body ရဲ့ main နေရာတွေ ဖြစ်နေတယ်.။ ပြီးတော့ ဆေးရုံကိုလည်းချက်ချင်းရောက်မလာတာဖြစ်တဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်.။ ကံကောင်းရင်တော့ သူကျော်လွှားနိုင်မှာပါ။.ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး သွေးတိတ်အောင် ကြိုးစားပေးထားပါတယ်။...
အကို....သမီးလေးက စိုးရိမ်ရတယ်တဲ့..အကိုရယ်..သမီးလေးတစ်ခုခုဆို မေ မနေတတ်ဘူး
....(.တောက်ခ် ဒီကောင်မ သေမယ်ဆိုလည်းတစ်ခါတည်းမသေ သွားဘူး..ငါ့မိန်းမကို ..စိတ်ဒုက္ခပေးနေတယ် နောက်တစ်ခေါက် ကျရင်တော့ မင်းနိုင် ကိုအပြတ်ရှင်းခိုင်းရမယ်..ဒါမှ ငါ့မိန်းမနဲ့ငါအေးဆေးနေနိုင်မှာ) အဟက်....ယုတ်မာသော အပြုံးတစ်ပွင့် ကိုတော့..စေတမာန့်အမေ မမြင်လိုက်ပေ။...

ကလင်...ကလင်...ဟယ်လို
ဪ ဆရာမ နု လား
ဟုတ်ပါတယ်....
ကျမ စေတမာန့်အမေပါ..
ဪ ညီမလေး.....ပြောလေ
စေတမာန် ဓားထိုးခံရလို့ ဆေးရုံကို အရေးပေါ်ရောက်နေလို့ ဆရာမရယ်...အဟင့် အဟင့်..........
ရှင်.......သူ သူ အဆင်ပြေရဲ့လား....
ဆရာဝန်ကတော့ စောင့်ကြည့်ရမယ်ပြောပါတယ်.....
ဪ....ဟုတ်ပြီ ညီမလေး အရမ်း ဝမ်းနည်းမနေနဲ့နော်.....ပြန်သတိရလာအောင် အစ်မတို့ ဝိုင်းဆုတောင်းကြတာပေါ့...
ဟုတ်ကဲ့ပါ ဆရာမရယ်....တီ...တီ...(ဖုန်းချသံ)
...သူ...ဘာကြောင့် ဓားထိုးခံရတာလဲ...ဧကန္တ ဟိုလူ လား...ဒါမှ မဟုတ် သူ့ရဲ့ နဂို အငြိုးအတေး ရှိတဲ့ သူတွေ ထဲကလား....အယ့်တာတော့ မဖြစ်နိုင်ဘူး...အယ့်လူတွေဆို အစောကတည်းက အထိုးခံနေရလောက်ပြီပေါ့........ဟင်....ဒါဆို ဟိုလူပေါ့.....
ကလင်...ကလင်....ကလင်....ကလင်

ဟယ်....ဟယ်လို....
ဟယ်လို အချစ်ကလေး....
ဟမ်...ရှင်...ရှင်...ဘာလို့ ကျမကို အယ့်လိုခေါ်တာလဲ....မခေါ်နဲ့....။
အချစ်ကလေးကလည်း...နောက်ကျရင် ကိုယ့်ရဲ့ အိမ်သူ ဖြစ်လာမှာကို...ကိုယ်က nickname ကြိုရွေးပေးထားတာလေ...။
ဟင့်အင်း...ဟင့်အင်း...ရှင့်ကို လက်ထပ်မယ်လို့ ကျမ မပြောလိုက်ပါဘူး...ပြီးတော့ ရှင့်ကို သေတာတောင် လက်မထပ်ဘူး...အယ့်တာရှင့်ခေါင်းထဲ စွဲနေအောင် မှတ်ထား...။
ဟင်းးးဒါဆိူ ဒီတစ်ယောက် အထိုးခံရတာ မလုံလောက်သေးဘူးပဲ...။
ဒါဆိူ စေတမာန့်ကို ရှင် လုပ်ခိုင်းတာပေါ့ ဟုတ်လား...။
ဟိုးးး.ကိုယ်မလုပ်ခိုင်းပါဘူးကွာ....ဒါပေမယ့် တခြားသူတစ်ယောက် လည်းဖြစ်နိုင်တာပဲလေ...ဒီလောက် မောက်မာနေတဲ့ ကောင်မ သေမှအေးမှာ..။
ဒီမယ်...ရှင် ကျမ တပည့်ကို အယ့်လိုပြောစရာမလိုဘူး..
အချစ်ကလေးက သူ့ကို ထိတော့ နာတယ်ပေါ့...ဟားးဟားး
ရှင် ပေါက်ကရ တွေ ပြောနေမယ်ဆို ကျမ ဖုန်းချတော့မယ်။
မင်း မြဲမြဲ မှတ်ထာ...မင်း ပိုင်ဆိုင်တဲ့ အရာတွေ မင်းချစ်တဲ့ လူတွေကို သေချာ ဂရုစိုက်နော်.....ငါက မင်းကို အပိုင်ရဖို့ ဘာမဆို လုပ်ရဲတယ်...ဟားးးဟားးးး တီ......တီ....တီ..........
နု လက်များပင် တုန်နေပြီ....သူ့ကြောင့်....စေတမာန်ဓားထိုးခံရခြင်းပင်....တိူ့ တောင်းပန်ပါတယ် ကလေးမရယ်....။ ငါဘာလုပ်ရမလဲ.။သူက ဘာမှ ကြောက်တတ်တဲ့သူ မဟုတ်ဘူး.။ ငါသူ့ကို လက်ထပ်လိုက်ရမှာလား.။.ဟင့်အင်း မဖြစ်နိုင်ဘူး....မဖြစ်နိုင်ဘူး..ငါ သူ့ကိုမှ မချစ်တာ ပြီးတော့ သူက ငါ့ယောကျ်ားရဲ့ အစ်ကိုလေ....ဟူးးးငါ ဘာလုပ်ရမလဲ...........

အရိုင်းအစိုင်း (complete)Where stories live. Discover now