အပိုင်း ၁၄

2.6K 75 4
                                    

သမီးငယ်.....တို့ကို လွှတ်ပါတော့..အိမ်ထဲမှာ သားသားတစ်ယောက်တည်းကွဲ့။

အသက် /'' နု '' နယ်လှတဲ့ သမီးငယ်ရဲ့နှလုံးသားကို '' နှင်းဆီဖြူ'' လေးလို ဖြူစင်ပြီးကျော့မော့စွာလှနေတဲ့ အသက်ထံမှာ ထာဝရ အပ်နှင်းထားလို့ရမလားဟင်။

သမီးငယ်...တော်တော် စကားတွေ တတ်နေပါ့လား။...ပြောပါဦး ဘယ်ကနေ သင်ထားတာတုန်း။.

အချစ်ရဲ့ စွမ်းအားတွေပါ အသက်ရယ်။..

ဟွန့်....သွားတော့မယ်...လွှတ်တော့ဟု ဆိူကာ ပြေးထွက်သွားသော ထိုအမျိုးသမီးဟာလေ..သိပ်ကို ချစ်စရာကောင်းလွန်းနေလေရဲ့။

နု အိမ်ထဲဝင်လိုက်တော့...နုရဲ့ရင်ဘတ်ထဲက အကောင်ငယ်လေးဟာ ခုန်နေလေရဲ့။ အပြင်ကိုတောင် ပေါက်ထွက်လာမလား စိုးရိမ်နေရသည်။...နု ရင်ဘတ်ကို ဖိကာ ပြုံးနေတုန်း.....မေမေ

ဟင်...သားသား...ပြောလေ

မေမေဘာဖြစ်လို့လဲဟင်...အဆင်ပြေရဲ့လား.။မေမေ ဘာလို့ ရင်ဘတ်ကို ဖိနေတာလဲ မေမေ.။ ပြီးတော့ သားသားက ကျောင်းမသွားရဘူးလားဟင်။..ဒီကို လာခဲ့တာဆိုတော့လေ။...

သားသားရယ်...ဒီကိုက မေမေတို့ မဖြစ်မနေမို့လို့ လာခဲ့ရတာပါ။ ကျောင်းမသွားရလဲ သားကို မေမေကိုယ်တိုင်သင်ပေးမှာ မို့လို့ စိတ်မပူနဲ့နော်။.. နု တော်တော်လေးလည်း စိတ်ညစ်မိသည်။...ထိုလူ့ရန်က ဝေးဖို့အတွက် ဆုံးဖြတ်လိုက်ရသော်လည်း သားသားရဲ့ ပညာရေးအတွက်လည်းရှိသေးသည်။ နုလည်း အစိုးရကျောင်းအလုပ်မှ ထွက်စာ တင်လိုက်ရသည်။...သမီးငယ်ကတော့ ဘာမှ မစိုးရိမ်ဖို့ ပြောသော်လည်း နုရင်ထဲ တော်တော်လေး စိတ်ထင့်နေမိသည်။...ဘာကို ဘယ်လိုထင့်နေလဲတော့မသိ။...ဒီနေရာကလည်း သမီးငယ်ရဲ့ အမေရယ် သမီးငယ်ရယ်ပဲ သိတော့ ဟိုလူတော့ သိမည်မထင်။...ကိစ္စအားလုံး ငြိမ်သွားသည်အထိ ဒီနေရာတွင် နေရပေမည်။......

ညရောက်သော်....အသက်ရေ...အသက်...အသက်ရေ...

ကဲ သမီးငယ်...ရှူး တိုးတိူးခေါ်ပါ...သားသားနိုးသွားမယ်...

ဪ...အသက်...သားသားအိပ်ပြီလား။..
အင်း အိပ်ပြီလေ..

အသက်..
ရှင်.....
ဟင်...ဘယ်လို.... ဘယ်လို ထူးလိုက်တာ..နောက်တစ်ခေါက်ထူးပါဦးလား...ကြားချင်လို့...
ဟွန့်...မထူးပါဘူးနော်...ခနခန ထူးရင် စျေးပေါသွားမှာပေါ့။...
အယ့်တာဆိုလည်း အခန်းထဲ သွားကြရအောင်လေ။...သားသားလည်း အိပ်ပြီဆိုတော့ ဟီးးး သွားကြရအောင်လေ။

အရိုင်းအစိုင်း (complete)Where stories live. Discover now