အပိုင်း 20

2.5K 57 0
                                    

ခင် လည်း ထိုကောင်လေးအိမ်မှ ချက်ချင်းထွက်လာပြီ...taxi ငှားပြီးသာပြန်လာခဲ့သည်။...ကျန်ခဲ့သော ကားကိုတော့ အိမ် လူတစ်ယောက်ကို သွားယူခိုင်းလိုက်သည်။.
ခင် အိမ်ပြန်ရောက်တော့...သူပြန်ရောက်နေပြီ။
မေ.....ဘယ်တွေ သွားနေတာလဲကွာ....
မေ့ကို ကိုဘယ်လောက်ထိလွမ်းနေလဲသိရဲ့လား...ဟုဆိုကာ ခင့်ကို ဖက်လာသည်။..

ခင်...ခင့်သူငယ်ချင်းတစ်ယောက်ဆီသွားတာပါ ကိုရယ်။..
မေ့ရဲ့ကားရော...
ဪ...ကားကပျက်သွားလို့ သူ့အိမ်မှာပဲထားလိုက်တယ်...
ဪ....အင်းပါ မေရယ်.

(ငါ့ရဲ့နောက်ကိုလိုက်လာတာ မေ မဟုတ်လောက်ပါဘူး..။ဒါဆို ဘယ်သူလဲ။..မေ့ကိုသိပ်တော့ မသင်္ကါဘူး။..)

ခင်လည်းသူမေးတာတွေ ဖြေပြီးအခန်းထဲဝင်လိုက်သည်။..ထို့နောက်...ခင်အဝတ်လဲနေတုန်း...အခန်းတံခါးကို ပွင့်လာသော..အသံကြားလိုက်သည်။....

မေ....ကို လိုချင်တယ်။ဟုဆိုကာ...ခင့်ရဲ့ bra သာရှိတော့သော...အပေါ်ပိုင်းကို ဆုပ်ကိုင်လာသည်။

ဟင့်အင်း....ကို မေ မလိုချင်ဘူး...လွှတ်ပါ...။ခင် ရုန်းနေသည်။..

မရဘူး...မေရယ် ဟုဆိုကာ...ခင့်ကို ကုတင်ပေါ်တွန်းလှဲ လိုက်သည်။ ရှင် လွှတ်နော်...စည်းမကျော်ပါနဲ့...ကျမရှင့်ကို လက်ထပ်ကတည်းက မောင့်အတွက်နဲ့ သမီးလေးအတွက်လက်ထပ်ခဲ့တာ..။ သမီးလေးရှေ့မှာသာ...ကျမ ဟန်ဆောင်နေခဲ့တာ။...ကျမ ရှင့်ကို မချစ်ဘူး။..ရှင် ကျမကို ခုချက်ချင်းလွှတ်ပါ။..နောက်တစ်ခါ ရှင်အခုလိုလုပ်ရင် ကျမ ရှင်နဲ့..ကွာရှင်းရလိမ့်မယ်။

ကို တောင်းပန်ပါတယ် မေရယ်။..ကိုယ်စိတ်လွတ်သွားလို့ပါ။ (အမွေတွေ မရခင်အထိ သူ သည်းခံရမည်။)

ခင် သူ့ကို ချစ်လို့ယူခဲ့သည် မဟုတ်။..ပြီးတော့ သူနှင့်လည်း...မင်္ဂလာဦးညကတည်းက ဘာကိစ္စမှ မရှိခဲ့ပေ။...အစ်ကိုတစ်ယောက်လိုသာ..ဆက်ဆံရေးရှိသည်။ ခင့်ဘဝမှာ ခင်ချစ်လို့ယူခဲ့တာ....ခင်အရမ်းချစ်ခဲ့တာဟာ....ခင့်ရဲ့ဆုံးသွားသော မောင်တစ်ယောက်တည်းပင်။..သူကလွဲ၍ ဘယ်သူ့ကိုမှ ခင်မချစ်နိုင်ပေ။...ဘယ်သူ့ကိုမှလည်းမပေးချင်ပါ။..သမီးလေးအတွက် သာ ထိုသူ့ကိုလက်ထပ်လိုက်သော်လည်း...ထင်သလိုဖြစ်မလာခဲ့ပေ။...မောင်ရယ်...မောင့်ရဲ့ဆန္ဒက အယ့်လိုဆိုလို့ ခင် မငြင်းခဲ့တာပါ။...သမီးလေးအတွက် ထိုလူဟာ...အသင့်တော်ဆုံးဖခင်ကောင်းတစ်ယောက်ဖြစ်မယ်ဆိုလို့ ခင် သူ့ကို လက်ထပ်တာပါ..မောင်ရယ်။ ခု မောင်ယုံကြည်ရတဲ့သူက ခင့်ကို မတရားကြံနေတယ်။..ပြီးတော့ သမီးလေးကိုလည်း သတ်ဖိူ့ကြံစည်ခဲ့တယ်တဲ့။........မောင့်စကားကို ဒီတစ်ခါ ခင်နားထောင်ခဲ့တာ မှားပြီထင်တယ်။...

အရိုင်းအစိုင်း (complete)Where stories live. Discover now