အပိုင်း ၂၇

2.2K 53 8
                                    

နောက်တစ်နေ့ ရောက်တော့.....ဇွဲနှင့်သွားတွေ့သည်။....နေ့ခင်းဘက် အအေးဆိုင်တွင် ချိန်းကာ....

စေတမာန်....
အင်း...
ဟို...ဟို..ဟိုလေ...ဟိုဟာ...ငါ မေးစ...ရာ.
ခန... မင်းမမေးနဲ့ ငါအရင်မေးမယ်....မင်း..ငါ့မေမေအပေါ် ရိုးရဲ့လား....

ဟို....ဟို...
ဟေ့ကောင်..မင်းဘာဖြစ်နေတာလဲ...ပြောမှာသာပြောပါကွာ..
အင်း...ဟုတ်တယ်...ငါ အန်တီ့ကို ဆေးရုံမှာ မြင်မြင်ချင်း ချစ်မိသွားတာ.....ဒါပေမယ့်...မမျှော်လင့်တဲ့ ကိစ္စတစ်ချို့ကြောင့် အန်တီ ငါ့ကို မုန်းနေတာ...မနေ့က ဟို လူယုတ်မာ လက်ထဲက ကယ်ပေးတဲ့အချိန် တုန်းက မှ အဆင်ပြေသွားတာ.....

ဒါဆို....မင်း...အတည်ပေါ့....
ဟုတ်တယ်...စေတမာန်....မင်း ရဲ့ တီချယ်ကို မင်းချစ်သလို ငါလည်း...အန်တီ့ကို ချစ်တယ်...ဒါပေမယ့်...အန်တီက သူ့ရဲ့ပိုင်ရှင်ကို အရမ်းသစ္စာရှိတယ်ထင်ပါတယ်....ငါက ခင် လို့ခေါ်တာတောင်.....သူ့ရဲ့ချစ်ရသူ မောင် ခေါ်တဲ့ နာမ်စားမို့လို့ ငါ့ကို မခေါ်နဲ့တဲ့ကွာ.....

တောင်းပန်ပါတယ်...ဇွဲ ရယ်....မေမေက အရမ်းအချစ်ကြီးတယ်....ပြီးတော့ ငါ့မှာ ခုတစ်လော ရှင်းရမယ့် အိမ်တွင်းရေးကိစ္စလေးရှိနေသေးလို့...မင်းကို မေမေပြန်ချစ်လာအောင် မင်းကြိုးစားနိုင်တယ်ဆိူ....ငါက သဘောတူပါတယ်...

မင်း တကယ်ပြောတာလား...စေတမာန်...

အေး...ငါတကယ်ပြောတာ....မေမေသာ မင်းကို လက်ခံရင် ငါက ငြင်းစရာမရှိပါဘူး....ဒါပေမယ့် မေမေလက်မခံဘဲ အတင်းအကြပ်ဆိုလို့ကတော့ ငါမင်းကို သတ်မှာ....

အေးပါကွာ....ငါက အန်တီ့ကို တန်ဖိူးထားတဲ့သူမို့လို့...အန်တီ့ဆန္ဒမပါဘဲ ဘာမှမလုပ်ပါဘူးကွာ.....အန်တီ့ဆီက မေတ္တာကို ငါ ရအောင် ကြိုးစားမယ်.....ဒါနဲ့ ဟိုနေ့က အန်တီ့ကို မတရားကြံတဲ့ ဘိုးတော်က အန်တီ့ယောကျာ်းမဟုတ်ဘူးလား....ဘာလို့ ဒင်းက အန်တီ့ကို မတရားကြံစည်ရတာလဲ....

ဒါက ဒီလို................ စေတမာန်လည်း...ဖြစ်ပျက်ထားသမျှ အကုန်ပြောပြလိုက်လေတော့....

ဒါဆို....သူက ပထွေးပေါ့....ပြီးတော့ မင်းကိုလည်း သတ်ဖို့ကြိုးစားတယ်....မင်း....ကွာ...ငါ့ကို ဘာလို့မပြောပြရတာလဲ...

အရိုင်းအစိုင်း (complete)Where stories live. Discover now