အပိုင်း 11

2.6K 84 6
                                    

အချိန်တွေလည်း တဖြည်းဖြည်းကုန်လွန်လာခဲ့ပြီ....စေတမာန့် ကာကွယ်ပေးမှုကြောင့် ကိုမင်းနိုင် ရန်မပြုနိုင်ပေ။....
ဒါ့အပြင် စေတမာန့်ကို ဓားနဲ့ထိုးသွားသူကိုလည်း မမိလိုက်ပေ။...သက်သေမခိုင်လုံသည့်အပြင် အထိုးခံရစဥ် အနားတွင် လူအသွားအလာ မရှိသည်ကလည်း ပါသေးသည်။
​နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပြီပဲ။နု စိတ်ထဲကပင် တွေးလိုက်သည်။
စေတမာန့်ရဲ့ ဆယ်တန်းပြန်ဖြေသည့် နောက်ဆုံးရက်....တစ်နည်းအားဖြင့် နု စေတမာန့်ကို အဖြေပေးရမယ့်ရက်ပေါ့...နု ဒီတလောအတွင်း စဥ်းစားသည်။...သို့သော် နုမသေချာခဲ့ပေ။...စေတမာန့်ကို နု ချစ်လား...မချစ်ဘူးလား။...မချစ်ခဲ့ဖူးသော နုအတွက် စချစ်မိသူက မိန်းကလေးတစ်ယောက်လား...ဆိုသည့်အချက်ကို နု မဝေခွဲတတ်ပေ။

စေတမာန် စာမေးပွဲ ဖြေနိုင်ရဲ့လား။..
ဟုတ်ကဲ့ မေမေ..

သမီး တီချယ် ရော ဒီနေ့လာတွေ့ဦးမှာလား။..စာမေးပွဲကလည်း ပြီးပြီဆိုတော့.....

စေတမာန် တိတ်ဆိတ်သွားလေသည်။...စာမေးပွဲ ပြီး၍ ပျော်ရွှင်ရမလား...။ချစ်ရတဲ့သူရဲ့ မျက်နှာလေးကို မတွေ့ရတော့မှာစိုးတာကြောင့်...ဝမ်းနည်းနေမှူများလား။

သမီး....မေမေ မေးတာအမှန်အတိုင်းဖြေပါ။..သမီး ဆရာမနုကို ချစ်နေတာလား။

ရှင်.....မေမေက............ စေတမာန်အံ့သြ သွားသည်။..မေမေက သိနေတာလား။..

သမီးရယ်...ဗီဇ တစ်ခု ဆိုတာ လွယ်လွယ်နဲ့ ဖျောက်ဖျက်လို့ မရဘူး..။.၄ နှစ်ကျော်လောက် ဘယ်သူ့ကိုမှ အရေးမစိုက် ဘယ်သူ့စကားမှ နားမထောင်တဲ့ သမီးက ဆရာမ နုနဲ့ တွေ့အပြီး မှာ ပြောင်းလဲသွားခဲ့တာ....။ယဥ်ကျေးလာတယ်.။အရင်လိုလဲ မဆိုးတော့ဘူး။..မေမေက သမီးကို မွေးထားတာပါကွယ်။ကဲ ပြောပါ...မေမေ ခန့်မှန်းတာ မှန်လား.။

ဟုတ်ပါတယ်...မေမေ ။သမီး ဆရာမ ကို ချစ်မိသွားပါတယ်။မိန်းကလေးတစ်ယောက် ကမိန်းမတစ်ယောက်ကို ချစ်မိသွားတယ် ဆိုပေမယ့်...သမီးအချစ်က စစ်မှန်ပါတယ်။...အမှန်အတိုင်း ပြောပြရရင် သမီးနဲ့ ဆရာမရဲ့ တွေ့ဆုံမှုက မချိုမြိန်ခဲ့ပါဘူး။...ဒါပေမယ့် သမီး ရှေ့လျောက်ပြီး ဆရာမအပေါ် လုပ်မိခဲ့တာတွေအတွက် တာဝန်ယူချင်ပါတယ်။..မေမေ နားလည်မယ်လို့လည်း သမီးထင်ပါတယ်။...

အရိုင်းအစိုင်း (complete)Where stories live. Discover now